News

ဝရမ်းပြေးအနေနဲ့ ထွက်ပြေးစဥ်က လွတ်မြောက်နယ်မြေရောက်အောင် ကူညီပေးခဲ့တဲ့သူကို လက်အုပ်ချီပြီး ကန်တော့ခဲ့တဲ့ မင်းမော်ကွန်း

ဝရမ်းပြေးအနေနဲ့ ထွက်ပြေးစဥ်က လွတ်မြောက်နယ်မြေရောက်အောင် ကူညီပေးခဲ့တဲ့သူကိုလက်အုပ်ချီပြီးကန်တော့ခဲ့တဲ့မင်းမော်ကွန်း

ပရိသတ်ကြီးရေသရုပ်ဆောင်မင်းမော်ကွန်းကတော့ မိသားစုကိုပါလွတ်မြောက်နယ်မြေခေါ်ခဲ့ပြီးစစ်အာဏာရှင်တော်လှန်ရေးကြီးမှာ ဒူးမထောက် နောက်မဆုတ်ဘဲတတ်တတ်ကြွကြွပါဝင်နေတာဖြစ်ပါတယ်။

ဒီနေ့မှာတော့ လွတ်မြောက်နယ်မြေကိုရောက်အောင်ကူညီပေးခဲ့တဲ့ ကျေးဇူးရှင်ကို မင်းမော်ကွန်းနဲ့ ကိုရဲမင်းကဂါရဝပြုကန်တော့ခဲ့တာဖြစ်ပါတယ်။မင်းမော်ကွန်းနဲ့အတူ

လွတ်မြောက်နယ်မြေရောက်ကိုရဲမင်းက၅၀၅ ကဖြင့်ဝရမ်းထုတ်ခံရလို့ရှောင်တိမ်းခဲ့ရတဲ့ကိုကျော်နဲ့

ကျွန်တော့်ကို လုံခြုံစိတ်ချရတဲ့နေရာရောက်အောင်ကူညီကယ်ထုတ်ပေးခဲ့ဖူးသောကျေးဇူးရှိသလိုခုချိန်ထိစောင့်ရှောက်ပေးနေဆဲဖြစ်သော ကျွန်တော်နဲ့ ကိုကျော်ရဲ့ကျေးဇူးရှင်ကိုကြီးစိုးကို Video Call ဖြင့် ဂါဝရပြုကန်တော့ခဲ့သောပုံရိပ်လေးပါ။

ယခုလိုတော်လှန်ရေးကာလမှာလုပ်စရာတွေရှိသေးတာမို့ ကိုကြီးစိုးတို့ ဇနီးမောင်နှံမျက်နှာကို ပိတ်ထားတာပါ တော်လှန်ရေးအောင်မြင်တဲ့တစ်နေ့ ကျွန်တော်တို့ရဲ့ကျေးဇူးရှင်တွေကို စင်
ပေါ် မှာ ကျေးဇူးပြန်ဆပ်ကန်တော့တဲ့အချိန်ကျရင်ရှေ့ဆုံးတန်းမှာ ထားပြီးကန်တော့ရမယ့်လေးစားစရာလူကြီးလူကောင်းပုဂ္ဂိုလ်တစ်ဦးပါ။

ထို့အပြင် ကိုကြီးစိုးဟာအကြမ်းဖက်စစ်ကောင်စီလက်ထဲ ကျရောက်ခါနီး NUG အစိုးရပိုင်းမှလက်ရှိဒုဝန်ကြီးတစ်ဦးနဲ့ သူ့မိသားစုကိုကျွန်တော်နဲ့ညှိနှိုင်းတိုင်ပင်ပြီးလွတ်မြောက်အောင် ကယ်ထုတ်ပေးခဲ့ဖူးသလိုလုံခြုံစိတ်ချရသောနေရာတစ်ခုရသည်အထိကူညီပေးနိုင်ခဲ့ပါသေးတယ်။

လက်ရှိမှာလည်းအနုပညာရှင်အချို့နဲ့ CDM တွေထွက်ပြေးတိမ်းရှောင်လာသူတွေကို ကူညီမှုတွေပေးနေတဲ့ လူမျိုးမခွဲ ဘာသာမခွဲခြားတတ်တဲ့ စစ်အာဏာရှင်ကိုလက်မခံသော ဘာသာခြားတစ်ဦးဖြစ်ပါတယ်ဆိုပြီးပြောပြလာတာဖြစ်ပါတယ်။

Credit