News

ျမန္မာျပည္သူမ်ား၏ ေဒၚလတစ္ဘီလီယံ စစ္ေကာင္စီကိုမေပးဘဲ NUG ထံ အျမန္ဆုံးလႊဲေပးမည္ဟု အေမရိကန္ေျပာ

ျမန္မာျပည္သူမ်ား၏ ေဒၚလတစ္ဘီလီယံ စစ္ေကာင္စီကိုမေပးဘဲ NUG ထံ အျမန္ဆုံးလႊဲေပးမည္ဟု အေမရိကန္ေျပာ

ရန္ကုန္၊ ဧၿပီ (၂၆)…..လူငယ့္ေခတ္

အေမရိကန္ႏိုင္ငံက ၎တို႔ထံ အပ္ႏွံထားသည့္ ေဒၚလာတစ္ဘီလီယံကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)ထံ လႊဲေျပာင္းႏိုင္ေရး အျမန္ဆုံးႀကိဳးစားေပးမည္ဟု ေျပာလိုက္ေၾကာင္း NUG ၏ လူ႔အခြင့္အေရး၀န္ႀကီး ဦးေအာင္မ်ိဳးမင္းက ယေန႔ ေျပာၾကားလိုက္သည္။

NUG ၏ အဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕အျဖစ္ လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္းဦးေဆာင္သည့္ အဖြဲ႕က ဧၿပီလ ပထမအပတ္အတြင္း အေမရိကန္ႏိုင္ငံသို႔ သြားေရာက္ခဲ့သည့္ကိစၥကို NUG ၏ ျပန္ၾကာေရး မီဒီယာျဖစ္သည့္ PVTV က ‌ေမးျမန္းခ်ိန္ ဝန္ႀကီးကေျဖၾကားခဲ့ျခင္းျဖစ္သည္။

အိမ္ျဖဴေတာ္၌ အေမရိကန္အစိုးရ အမ်ိဳးသားလုံၿခဳံေရးေကာင္စီ၊ အေရွ႕အာရွေဒသဆိုင္ရာ အဆင့္ျမင့္ ဒါ႐ိုက္တာ Mr. Egatd Kavan ႏွင့္ ေတြ႕ဆုံစဥ္ အေမရိကန္ဘက္မွ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေငြမ်ားကို NUG ၏ တိုးတက္မႈကိုၾကည့္၍ အျမန္ဆုံးေပးႏိုင္‌‌ေအာင္ ႀကိဳးစားသြာမည္ဟုလည္း အေမရိကန္ဘက္က ေျပာခဲ့ေၾကာင္း ဦးေအာင္မ်ိဳးမင္းက ေျပာသည္။

ယခင္အစိုးရလက္ထက္က ေဒၚလာတစ္ဘီလီယံကို အေမရိကန္ႏိုင္ငံ၌ အပ္ႏွံခဲ့ျခင္းျဖစ္ၿပီး အာဏာသိမ္းၿပီးေနာက္ ထိုေငြမ်ားကို စစ္ေကာင္စီ အသုံးမျပဳႏိုင္ရန္ အေမရိကန္အစိုးရက ထိန္းသိမ္းထားျဖင္းျဖစ္သည္။

Lungekhit

မြန်မာပြည်သူများ၏ ဒေါ်လတစ်ဘီလီယံ စစ်ကောင်စီကိုမပေးဘဲ NUG ထံ အမြန်ဆုံးလွှဲပေးမည်ဟု အမေရိကန်ပြော

ရန်ကုန်၊ ဧပြီ (၂၆)…..လူငယ့်ခေတ်

အမေရိကန်နိုင်ငံက ၎င်းတို့ထံ အပ်နှံထားသည့် ဒေါ်လာတစ်ဘီလီယံကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထံ လွှဲပြောင်းနိုင်ရေး အမြန်ဆုံးကြိုးစားပေးမည်ဟု ပြောလိုက်ကြောင်း NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ယနေ့ ပြောကြားလိုက်သည်။

NUG ၏ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အဖြစ် လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းဦးဆောင်သည့် အဖွဲ့က ဧပြီလ ပထမအပတ်အတွင်း အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့သည့်ကိစ္စကို NUG ၏ ပြန်ကြာရေး မီဒီယာဖြစ်သည့် PVTV က ‌မေးမြန်းချိန် ဝန်ကြီးကဖြေကြားခဲ့ခြင်းဖြစ်သည်။

အိမ်ဖြူတော်၌ အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးကောင်စီ၊ အရှေ့အာရှဒေသဆိုင်ရာ အဆင့်မြင့် ဒါရိုက်တာ Mr. Egatd Kavan နှင့် တွေ့ဆုံစဉ် အမေရိကန်ဘက်မှ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ငွေများကို NUG ၏ တိုးတက်မှုကိုကြည့်၍ အမြန်ဆုံးပေးနိုင်‌‌အောင် ကြိုးစားသွာမည်ဟုလည်း အမေရိကန်ဘက်က ပြောခဲ့ကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။

ယခင်အစိုးရလက်ထက်က ဒေါ်လာတစ်ဘီလီယံကို အမေရိကန်နိုင်ငံ၌ အပ်နှံခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် ထိုငွေများကို စစ်ကောင်စီ အသုံးမပြုနိုင်ရန် အမေရိကန်အစိုးရက ထိန်းသိမ်းထားဖြင်းဖြစ်သည်။

Lungekhit