News

မန္တလေးရှိ သူရိယဆေးခန်းပိုင်ရှင်ကို စစ်တပ်ကဖမ်းဆီး၊

မန္တလေးရှိ သူရိယဆေးခန်းပိုင်ရှင်ကို စစ်တပ်ကဖမ်းဆီး၊ မိသားစုဝင်များကိုပါ ရိုက်နှက်နှိပ်စက်

မဟာအောင်မြေ၊ ဧပြီ ၂၆
လူငယ့်ခေတ်
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းကို ၎င်းပိုင်ဆိုင်သည့် ဆေးခန်းများတွင် CDM ဆရာဝန်များ လက်ခံသည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်တပ်က ယနေ့နေ့လည်ပိုင်း၌ ဖမ်းဆီးသွားပြီး မိသားစုဝင်အားလုံးကိုလည်း နေအိမ်တွင်ရိုက်နှက်နေကြောင်း နီးစပ်သူများထံကသိရသည်။

အသက် ၂၈ နှစ်ခန့်ရှိ ဒေါက်တာအောင်အောင်ထွန်းကို ၃၈လမ်းနှင့် ၈၁ လမ်း အနီးရှိ ဆေးခန်းတွင် လာရောက် ဖမ်းဆီးသွား ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်းပြောသည်။

“နေ့ခင်းက လာဖမ်းသွားတယ်။ မိသားစုဝင်အကုန်လုံးကိုလည်း အိမ်မှာခေါ်ပြီးရိုက်နှက်နေတာ။ ဒီနေ့လည်အထိ အော်သံတွေ ကြားနေရတယ်”ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။

လက်ရှိတွင် မန္တလေးမြို့မှ သူရိယဆေးခန်း ၃ ခုလုံးကို စစ်ကောင်စီကပိတ်ခိုင်းထားကြောင်းသိရသည်။

ဓာတ်ပုံ- မန္တလေးမြို့ရှိ သူရိယ အထူးကုဆေးခန်း

မႏၲေလးရွိ သူရိယေဆးခန္းပိုင္ရွင္ကို စစ္တပ္ကဖမ္းဆီး၊ မိသားစုဝင္မ်ားကိုပါ ရိုက္ႏွက္ႏွိပ္စက္

မဟာေအာင္ေျမ၊ ဧၿပီ ၂၆
လူငယ့္ေခတ္
မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္ သူရိယေဆးခန္းပိုင္ရွင္ ေဒါက္တာေအာင္ေအာင္ထြန္းကို ၎ပိုင္ဆိုင္သည့္ ေဆးခန္းမ်ားတြင္ CDM ဆရာဝန္မ်ား လက္ခံသည္ဆိုသည့္ စြပ္စြဲခ်က္ျဖင့္ စစ္တပ္က ယေန႔ေန႔လည္ပိုင္း၌ ဖမ္းဆီးသြားၿပီး မိသားစုဝင္အားလုံးကိုလည္း ေနအိမ္တြင္ရိုက္ႏွက္ေနေၾကာင္း နီးစပ္သူမ်ားထံကသိရသည္။

အသက္ ၂၈ ႏွစ္ခန္႔ရွိ ေဒါက္တာေအာင္ေအာင္ထြန္းကို ၃၈လမ္းႏွင့္ ၈၁ လမ္း အနီးရွိ ေဆးခန္းတြင္ လာေရာက္ ဖမ္းဆီးသြား ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ မည္သည့္ေနရာသို႔ ေခၚေဆာင္သြားသည္ကို မသိရေသးေၾကာင္းေျပာသည္။

“ေန႔ခင္းက လာဖမ္းသြားတယ္။ မိသားစုဝင္အကုန္လုံးကိုလည္း အိမ္မွာေခၚၿပီးရိုက္ႏွက္ေနတာ။ ဒီေန႔လည္အထိ ေအာ္သံေတြ ၾကားေနရတယ္”ဟု မိသားစုႏွင့္ နီးစပ္သူတစ္ဦးကေျပာသည္။

လက္ရွိတြင္ မႏၲေလးၿမိဳ႕မွ သူရိယေဆးခန္း ၃ ခုလုံးကို စစ္ေကာင္စီကပိတ္ခိုင္းထားေၾကာင္းသိရသည္။

ဓာတ္ပုံ- မႏၲေလးၿမိဳ႕ရွိ သူရိယ အထူးကုေဆးခန္း