News

လုပ်ငန်းရှင် ဦးချစ်ခိုင် သားအဖနှင့်အတူ ဝန်ကြီးဟောင်း ဦးအုန်းဝင်း၊ ဦးဝင်းခိုင်အပါအဝင် ၇ ဦးကို ဖမ်းဆီးရခြင်းမှာ အဂတိလိုက်စား၍ဖြစ်ကြောင်း စစ်ကောင်စီပြော

လုပ်ငန်းရှင် ဦးချစ်ခိုင် သားအဖနှင့်အတူ ဝန်ကြီးဟောင်း ဦးအုန်းဝင်း၊ ဦးဝင်းခိုင်အပါအဝင် ၇ ဦးကို ဖမ်းဆီးရခြင်းမှာ အဂတိလိုက်စား၍ဖြစ်ကြောင်း စစ်ကောင်စီပြော

ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်
မြန်မာနိုင်ငံ၏ ထိပ်တန်းခရိုနီသူဌေးတစ်ဦးဖြစ်သည့် ဧဒင်လုပ်ငန်းစုဥက္ကဋ္ဌ ဦးချစ်ခိုင်နှင့် ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးဝင်းခိုင်၊ ဦးအုန်းဝင်းအပါအဝင် ၇ ဦးကို ဖမ်းဆီးရခြင်းမှာ အဂတိလိုက်စား၍ ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောဆိုချက်ကို ကိုးကား၍ VOM သတင်းဌာနက ဖော်ပြသည်။

စစ်ကောင်စီက ဖမ်းဆီးထားသူများမှာ NLD အရပ်သားအစိုးရလက်ထက်က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဝန်ကြီးဟောင်း ဦးအုန်းဝင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်၊ လျှပ်စစ်/စွမ်းအင် ဒုဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြား ရေးမှူးဟောင်း ဦးကျော်ဆန်း၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး၊ ဧဒင်ကုမ္ပဏီလုပ်ငန်းစုဥက္ကဋ္ဌ ဦးချစ်ခိုင်နှင့် သားဖြစ်သူ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမင်းခိုင်တို့ ၇ ဦးဖြစ်ကြောင်း သိရသည်။

၎င်းတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် ယမန်နေ့ နေ့လည်ပိုင်းက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် အမှုဖွင့်၍ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း VOM သတင်းက ဖော်ပြသည်။

ဖမ်းဆီးရသည့်အကြောင်းအရင်းမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအတွက် လိုအပ်သော ကျောက်မီးသွေး ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း ဆောင်ရွက်ချက်များတွင် အဂတိ လိုက်စားမှုများ တွေ့ရှိရသည့်အတွက် အမှုဖွင့်ဖမ်းဆီးရခြင်းဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ပြီးခဲ့သည့်မတ်လအတွင်းက နာမည်ကျော်ထိပ်တန်း ခရိုနီတစ်ဦးဖြစ်သည့် ဇေကမ္ဘာ ဦးခင်ရွှေနှင့် သားဖြစ်သူ ကိုဇေသီဟတို့ကို စစ်ကောင်စီက အမှုဖွင့်ဖမ်းဆီး၍ အင်းစိန်ထောင်သို့ ပို့ဆောင်ကာ အကျဉ်းချခဲ့သည်။ ထို့ကြောင့် ဧဒင်ကုမ္ပဏီလုပ်ငန်းစု ဥက္ကဋ္ဌ ဦးချစ်ခိုင်မှာ မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ ဒုတိယမြောက် အဖမ်းခံရသည့် ထိပ်တန်းခရိုနီဖြစ်သည်။

ဧဒင်ဦးချစ်ခိုင်ဟု လူသိများသည့် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်မှာ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်သုံးဆီလုပ်ငန်း၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ လျှပ်စစ်နှင့် စွမ်းအင်လုပ်ငန်းစသဖြင့် ကုမ္ပဏီလုပ်ငန်းပေါင်းများစွာ လုပ်ကိုင်နေသည့် ထိပ်တန်းခရိုနီတစ်ဦး ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် – NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိသော ခရိုနီတစ်ဦးလည်း ဖြစ်သည်။

Zawgyi

လုပ္ငန္းရွင္ ဦးခ်စ္ခိုင္ သားအဖႏွင့္အတူ ဝန္ႀကီးေဟာင္း ဦးအုန္းဝင္း၊ ဦးဝင္းခိုင္အပါအဝင္ ၇ ဦးကို ဖမ္းဆီးရျခင္းမွာ အဂတိလိုက္စား၍ျဖစ္ေၾကာင္း စစ္ေကာင္စီေျပာ

ဧရာဝတီတိုင္းမ္
ဧၿပီ ၂၆ ရက္
ျမန္မာနိုင္ငံ၏ ထိပ္တန္းခရိုနီသူေဌးတစ္ဦးျဖစ္သည့္ ဧဒင္လုပ္ငန္းစုဥကၠ႒ ဦးခ်စ္ခိုင္ႏွင့္ ျပည္ေထာင္စု ဝန္ႀကီးေဟာင္း ဦးဝင္းခိုင္၊ ဦးအုန္းဝင္းအပါအဝင္ ၇ ဦးကို ဖမ္းဆီးရျခင္းမွာ အဂတိလိုက္စား၍ ျဖစ္ေၾကာင္း အာဏာသိမ္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း၏ ေျပာဆိုခ်က္ကို ကိုးကား၍ VOM သတင္းဌာနက ေဖာ္ျပသည္။

စစ္ေကာင္စီက ဖမ္းဆီးထားသူမ်ားမွာ NLD အရပ္သားအစိုးရလက္ထက္က သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိမ္းသိမ္းေရး ဝန္ႀကီးေဟာင္း ဦးအုန္းဝင္း၊ လၽွပ္စစ္ႏွင့္စြမ္းအင္ဌာန ျပည္ေထာင္စုဝန္ႀကီးေဟာင္း ဦးဝင္းခိုင္၊ လၽွပ္စစ္/စြမ္းအင္ ဒုဝန္ႀကီးေဟာင္း ေဒါက္တာထြန္းနိုင္၊ အမွတ္(၁)သတၱဳတြင္းလုပ္ငန္း၊ ဦးေဆာင္ညႊန္ၾကား ေရးမႉးေဟာင္း ဦးေက်ာ္ဆန္း၊ လၽွပ္စစ္ဓာတ္အားေပးေရးလုပ္ငန္း ဦးေဆာင္ညႊန္ၾကားေရးမႉး ဦးသန္းနိုင္ဦး၊ ဧဒင္ကုမၸဏီလုပ္ငန္းစုဥကၠ႒ ဦးခ်စ္ခိုင္ႏွင့္ သားျဖစ္သူ မန္ေနဂ်င္းဒါရိုက္တာ ဦးဝင္းမင္းခိုင္တို႔ ၇ ဦးျဖစ္ေၾကာင္း သိရသည္။

၎တို႔အား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅/၆၃ ျဖင့္ ယမန္ေန႔ ေန႔လည္ပိုင္းက ေနျပည္ေတာ္၊ ဥတၱရသီရိၿမိဳ႕နယ္၊ ဘုရားကုန္းၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္၍ ဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း VOM သတင္းက ေဖာ္ျပသည္။

ဖမ္းဆီးရသည့္အေၾကာင္းအရင္းမွာ လၽွပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၊ လၽွပ္စစ္ဓာတ္အား ထုတ္လုပ္ေရးလုပ္ငန္း၊ တီက်စ္ ေက်ာက္မီးေသြးသုံး ေရေႏြးေငြ႕ဓာတ္အားေပးစက္႐ုံအတြက္ လိုအပ္ေသာ ေက်ာက္မီးေသြး ထုတ္လုပ္ျခင္း၊ ေရာင္းခ်ျခင္း ေဆာင္ရြက္ခ်က္မ်ားတြင္ အဂတိ လိုက္စားမႈမ်ား ေတြ႕ရွိရသည့္အတြက္ အမႈဖြင့္ဖမ္းဆီးရျခင္းျဖစ္ေၾကာင္း အာဏာသိမ္း စစ္ေကာင္စီ ျပန္ၾကားေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

ၿပီးခဲ့သည့္မတ္လအတြင္းက နာမည္ေက်ာ္ထိပ္တန္း ခရိုနီတစ္ဦးျဖစ္သည့္ ေဇကမၻာ ဦးခင္ေရႊႏွင့္ သားျဖစ္သူ ကိုေဇသီဟတို႔ကို စစ္ေကာင္စီက အမႈဖြင့္ဖမ္းဆီး၍ အင္းစိန္ေထာင္သို႔ ပို႔ေဆာင္ကာ အက်ဥ္းခ်ခဲ့သည္။ ထို႔ေၾကာင့္ ဧဒင္ကုမၸဏီလုပ္ငန္းစု ဥကၠ႒ ဦးခ်စ္ခိုင္မွာ ျမန္မာနိုင္ငံတြင္ စစ္ေကာင္စီ၏ ဒုတိယေျမာက္ အဖမ္းခံရသည့္ ထိပ္တန္းခရိုနီျဖစ္သည္။

ဧဒင္ဦးခ်စ္ခိုင္ဟု လူသိမ်ားသည့္ ထိပ္တန္းစီးပြားေရးလုပ္ငန္းရွင္ ဦးခ်စ္ခိုင္မွာ ဘဏ္လုပ္ငန္း၊ ေဆာက္လုပ္ေရးလုပ္ငန္း၊ စက္သုံးဆီလုပ္ငန္း၊ ကုန္စည္ကူးသန္းေရာင္းဝယ္ေရးလုပ္ငန္း၊ လၽွပ္စစ္ႏွင့္ စြမ္းအင္လုပ္ငန္းစသျဖင့္ ကုမၸဏီလုပ္ငန္းေပါင္းမ်ားစြာ လုပ္ကိုင္ေနသည့္ ထိပ္တန္းခရိုနီတစ္ဦး ျဖစ္သည္။ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ – NLD ပါတီဥကၠ႒ျဖစ္သူ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေကာင္းမြန္သည့္ဆက္ဆံေရးရွိေသာ ခရိုနီတစ္ဦးလည္း ျဖစ္သည္။