Local News

မိုးမျှော်နေတဲ့ မြန်မာပြည်သူတွေအတွက် နွေအလွန်မေဦးမိုးတွေရွာမယ့်အကြောင်း ခန့်မှန်းပေးလိုက်တဲ့ မိုးနတ်သမီးလေး စုစုစံ

မိုးတွေလာမည် မြန်မာပြည် ⛈⛈⛈ ၂၀၂၂ မေလ ၂ရက်နေ့ ၃ရက်နေ့ ရက်တွေမှာ ရန်ကုန်တိုင်း ပဲခူးတိုင်းအရှေ့ပိုင်း ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်း

ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာ မေဦးမိုးစတင်ရွာသွန်းလာနိုင်ပြီး တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်တွေမှာ ရွာသွန်းမြဲထက်၂ဆပိုမိုရွာသွန်းနိုင်ပါတယ်

မေလ ၄ရက်နေ့ ၅ရက်နေ့ ၆ရက်နေ့ ဧရာဝတီတိုင်း ပဲခူးတိုင်း နေပြည်တော် မကွေးတိုင်း မန္တလေးတိုင်တွေ လေဖိအားနည်းလေဝဲရဲ့အထက်လေစီးကြောင်းမှ မိုးတွေရွာလာနိုင်ပါတယ်

ဆားလုပ်ငန်း အုတ်လုပ်ငန်း ရေလုပ်ငန်း ရေထိမခံနိုင်သောလုပ်ငန်းလုပ်ဆောင်နေကြသူများ တောင်သူလယ်သမားများ စိုက်ပျိုးရေးသမားများနှင့် မြန်မာပြည်သူတွေအတွက် မင်းဂွတ်သီးလေးအကောင်ပြန်လည်တင်လို့ရနေပြီဖြစ်ပါသဖြင့်

ယခုအကောင့်မှနေပြီး ရက်ဝေးရက်နီးခန့်မှန်းချက်များကိုအချိန်နှင့်တပြေးညီ ခန့်မှန်းပေးနေမှာဖြစ်တဲ့အတွက် Like Follow see fist လုပ်ထားကြပါ အများသိအောင်share ပေးကြပါနော် ခန့်မှန်းချိန် 26/04/2022 at 8:36AM

၂၀၂၂ မေလ ၁ရက်နေ့မှ ၅ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့ပိုင်း ကပ္ပလီပင်လယ်ပြင်အနောက်ပိုင်း အန်ဒါမန်နှင့်နိကိုဗာကျွန်းစုတွေအနီးမှာ လေဖိအားနည်းလေဝဲစတင်စုဖွဲနိုင်ပြီး

မြန်မာနိုင်ငံကိုမေဦးမိုးတွေစတင်ရွာလာနိုင်ပါတယ် မေလ ၆ရက်နေ့ ရရက်နေ့မှာပိုမိုအားကောင်းလာနိုင်ပြီး ၈ရက်နေ့မှ ၁ဝရက်နေ့အတွင်း မုန်တိုင်းအဖြစ်ကိုရောက်ရှိလာနိုင်ကာ

မြန်မာတစ်နိုင်ငံလုံးကို မိုးရွာသွန်းနိုင်သဖြင့်အချိန်ပြည့်စောင်ကြည့်ထောက်လှမ်းကာအချိန်နှင့်တပြေးညီ ခန့်မှန်းပေးသွားမှာဖြစ်ပါတယ်နော် မင်းဂွတ်သီးလေးအကောင့်ပြန်ရပါပြီ အများသိအောင် shareပေးကြပါဦး💖

02/05/2022ရက်နေ့ မွန်ပြည်နယ်ကရင်ပြည်နယ် တနင်သာရီတိုင်းဒေသတွေမှာ မိုးတွေရွာလာနိုင်ပါတယ် ဆားလုပ်ငန်း အုတ်လုပ်ငန်း ရေထိမခံနိုင်သောလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသူများ မိုးကြောင့်ပျက်စီးမှုမရှိအောင် လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေ ခန့်မှန်းချိန် 26/04/2022

မုန်တိုင်းသတိ ၂၀၂၂ မေလ ၆ရက်နေ့ ရရက်နေ့တို့တွင် ဆူမတြား အန်ဒါမန်ကွန်းစု နီကိုဗာကျွန်းစုတွေအနီးမှာလေဖိအားနည်းလေဝဲတစ်ခုဖြစ်ခုဖြစ်ပေါ်လာနိုင်ပါတယ် အချိန်ပြည့်စောင့်ကြည့်ထောက်လှမ်းကာ ခန့်မှန်းပေးသွားပါမယ်

ရွာမယ်လေ နွေအလွန်မေဦးမိုးတွေရွာမယ်လေ ၂၀၂၂ မေလ ၆ရက်နေ့ ရရက်နေ့တွေမှာ အန်ဒါမန်ကျွန်းစုတွေအနီးလေဖိအားနည်းလေဝဲတစ်ခုဖြစ်နိုင်ပြီး မေလ ပထမ၁ဝရက်ပတ်အတွင်းမှာ မြန်မာမိုးတွေရွာနိုင်ပါတယ်

နှစ်စဉ်အနောက်တောင်မုတ်သုန်လေကို ဆွဲတင်တဲ့ Monsoon Axle သည် မေလ ပထမပတ်အတွင်း အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းကို စတင်ဝင်ရောက်နေရာယူနိုင်ပြီး မေလမှ

စက်တင်ဘာလအထိနန်းထိုင်တော်မူပါလိမ့်မယ်မေလ ပထမပတ်အတွင်း ဘင်္ဂလားပင််အော်မှာ မုန်တိုင်းငယ်တစ်လုံးဖြစ်ပေါ်လာနိုင်ပါတယ် အချိန်ပြည့်စောင့်ကြည့်ထောက်လှမ်းပေးနေပါတယ်

======













စက်တင်ဘာလအထိနန်းထိုင်တော်မူပါလိမ့်မယ်မေလ ပထမပတ်အတွင်း ဘင်္ဂလားပင်အော်မှာ မုန်တိုင်းငယ်တစ်လုံးဖြစ်ပေါ်လာနိုင်ပါတယ် အချိန်ပြည့်စောင့်ကြည့်ထောက်လှမ်းပေးနေပါတယ်