Local News

ေကာင္းရာဘုံဘဝေရာက္ပါေစ။ ၾကယ္တစ္ပြင့္ေႂကြျပန္ၿပီေပါ့

ကလေးဒေသ နတ်ချောင်းရွာ တိုက်ပွဲမှာ ပြည်သူ့ရဲဘော် ပြည့်ဖြိုးအောင် (ခ)သီဟ ကျဆုံး၊

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား ဧပြီ(၂၅)ရက်က နတ်ချောင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ PDF – Kalay ( တပ်ရင်း-၂ ) က

ပြည်သူ့ရဲဘော် ပြည့်ဖြိုးအောင် (ခ)သီဟ ကျဆုံးခဲ့ရတယ်လို့ People’s Defence Force – Kalay – Battalion 02 – PDF (Kalay) တပ်ရင်း(၂)က သတင်းထုတ်ပြန်ပါတယ်

ဧပြီ(၂၅)ရက် နတ်ချောင်း၊ ချောင်းခွ တိုက်ပွဲတွင် ကျနော်တို့ PDF – Kalay ( တပ်ရင်း-၂ ) ၏ ဘဏ္ဍာရေးမှူးဟောင်း ပြည့်ဖြိုးအောင် (ခ)သီဟအသက်(၂၈)နှစ်သည် စစ်အာဏာရှင်ကို တော်လှန်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်

ဤသို့ အမှန်တရားဘက်မှ ရပ်တည်ကာ တိုင်းပြည်အတွက် အသက်ပေး တော်လှန်ခဲ့သော ပြည့်ဖြိုးအောင် (ခ) သီဟအား ကျွန်ုပ်တို့ PDF – Kalay ( တပ်ရင်း-၂ ) ရဲဘော်များမှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းမိပါကြောင်းနှင့်

သင့်အား အာဇာနည် သူရဲကောင်း တစ်ဦးအဖြစ် အမြဲတမ်း အသိအမှတ်ပြု လေးစားသွားမည် ဖြစ်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ရဲဘော် ကောင်းရာဘုံမှာ အနားယူပါတော့ လို့ PDF (Kalay) တပ်ရင်း(၂)က ဖော်ပြပါတယ်

ကလေးမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား ဧပြီ(၂၄)ရက်နှင့် (၂၅)ရက်တွေက ကလေးနယ် တောင်ပိုင်းက ရွာတွေဖြစ်တဲ့

စည်သာရွာ၊ နတ်မြောင်းရွာ၊ ချောင်းခွရွာ စတဲ့ ရွာတွေဘက်မှာ နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က (၁၃)ဦးထက်မနည်း ကျသလို ချောင်းခွရွာဘက် တိုက်ပွဲမှာ ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံးခဲ့တာလို့ ကလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – People’s Defence Force (Kalay) က သတင်းထုတ်ပြန်ထားပါတယ်

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား အနည်းဆုံး ရှစ်ဦး ဆုံးကြာင်း သိရပြီး ပူးပေါင်း တပ်ဖွဲများဖက်မှ ပ.က.ဖ ရဲဘော် တစ်ဦး အသက်ပေးဆပ် စွန့်လွှတ်ခဲ့ရကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ပါသည် မစိုးရိမ်ရပါ လို့ PDF (Kalay) က ဖော်ပြပါတယ်

စစ်အုပ်စုဟာ မနေ့က နတ်ချောင်းရွာနှင့် ချောင်းခွရွာတွေထဲ စီးနင်း ဝင်ရောက်ပြီး တန်ဘိုးကြီး ပစ္စည်းတွေ ဖောက်ထွင်းခိုးယူ လုယက်ကာ နေအိမ်တွေကို မီးရှိ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်

ဒီကနေ့ ဧပြီ(၂၆)ရက် မနက်ပိုင်းမှာလည်း စစ်အုပ်စုဟာ ကလေးနယ်တောင်ပိုင်း ကြံသာ၊ ဟံသာဝတီ၊ မှန်တောနှင့် အောင်သာယာ ရွာတွေဘက် ဆက်လက်မွှေနှောက် သောင်းကျန်းနေတယ်လို့ ဆိုပါတယ

စစ်အုပ်စုဟာ အိမ်ခြေ(၃၀၀)လောက်ရှိတဲ့ မှန်တောရွာထဲ စီးနင်းဝင်ရောက် ဓားပြတိုက်ကာ ဖောက်ထွင်းခိုးယူလုယက်ပြီးနောက် တန်ဘိုးကြီး ပစ္စည်းတွေကို စစ်ကားခြောက်စီးနှင့် ခေါက်တုန့်ခေါက်ပြန် သယ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်

ကလေးမြို့နယ် တောင်ပိုင်း ချောင်းခွ၊ နတ်ချောင်းရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ PDF(Kalay) တပ်ရင်း(၂)က ပြည်သူ့ရဲဘော် ကိုသီဟ /Photo – PDF (Kalay) – တပ်ရင်း(၂), Crd- MFP

========

ကေလးေဒသ နတ္ေခ်ာင္းရြာ တိုက္ပြဲမွာ ျပည္သူ႔ရဲေဘာ္ ျပည့္ၿဖိဳးေအာင္ (ခ)သီဟ က်ဆုံး၊

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ထဲ ရြာစဥ္ပတ္ေမႊ ေသာင္းက်န္းေနတဲ့ စစ္အုပ္စုႏွင့္ ေဒသခံ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြၾကား ဧၿပီ(၂၅)ရက္က နတ္ေခ်ာင္းရြာအနီး တိုက္ပြဲျဖစ္ပြားခဲ့ရာမွာ PDF – Kalay ( တပ္ရင္း-၂ ) က

ျပည္သူ႔ရဲေဘာ္ ျပည့္ၿဖိဳးေအာင္ (ခ)သီဟ က်ဆုံးခဲ့ရတယ္လို႔ People’s Defence Force – Kalay – Battalion 02 – PDF (Kalay) တပ္ရင္း(၂)က သတင္းထုတ္ျပန္ပါတယ္

ဧၿပီ(၂၅)ရက္ နတ္ေခ်ာင္း၊ ေခ်ာင္းခြ တိုက္ပြဲတြင္ က်ေနာ္တို႔ PDF – Kalay ( တပ္ရင္း-၂ ) ၏ ဘ႑ာေရးမႉးေဟာင္း ျပည့္ၿဖိဳးေအာင္ (ခ)သီဟအသက္(၂၈)ႏွစ္သည္ စစ္အာဏာရွင္ကို ေတာ္လွန္ရင္း ျမင့္ျမတ္စြာ က်ဆုံးခဲ့ရသည္

ဤသို႔ အမွန္တရားဘက္မွ ရပ္တည္ကာ တိုင္းျပည္အတြက္ အသက္ေပး ေတာ္လွန္ခဲ့ေသာ ျပည့္ၿဖိဳးေအာင္ (ခ) သီဟအား ကၽြန္ုပ္တို႔ PDF – Kalay ( တပ္ရင္း-၂ ) ရဲေဘာ္မ်ားမွ မိသားစုႏွင့္ထပ္တူ ဝမ္းနည္းမိပါေၾကာင္းႏွင့္

သင့္အား အာဇာနည္ သူရဲေကာင္း တစ္ဦးအျဖစ္ အျမဲတမ္း အသိအမွတ္ျပဳ ေလးစားသြားမည္ ျဖစ္ပါေၾကာင္း မွတ္တမ္းတင္အပ္ပါသည္။ ရဲေဘာ္ ေကာင္းရာဘုံမွာ အနားယူပါေတာ့ လို႔ PDF (Kalay) တပ္ရင္း(၂)က ေဖာ္ျပပါတယ္

ကေလးၿမိဳ႕နယ္ထဲ ရြာစဥ္ပတ္ေမႊ ေသာင္းက်န္းေနတဲ့ စစ္အုပ္စုႏွင့္ ေဒသခံ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြၾကား ဧၿပီ(၂၄)ရက္ႏွင့္ (၂၅)ရက္ေတြက ကေလးနယ္ ေတာင္ပိုင္းက ရြာေတြျဖစ္တဲ့

စည္သာရြာ၊ နတ္ေျမာင္းရြာ၊ ေခ်ာင္းခြရြာ စတဲ့ ရြာေတြဘက္မွာ ႏွစ္ရက္ဆက္ တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး စစ္အုပ္စုဘက္က (၁၃)ဦးထက္မနည္း က်သလို ေခ်ာင္းခြရြာဘက္ တိုက္ပြဲမွာ ျပည္သူ႔ရဲေဘာ္ တစ္ဦး က်ဆုံးခဲ့တာလို႔ ကေလး ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ – People’s Defence Force (Kalay) က သတင္းထုတ္ျပန္ထားပါတယ္

တိုက္ပြဲအတြင္း အၾကမ္းဖက္ စစ္ေကာင္စီတပ္သား အနည္းဆုံး ရွစ္ဦး ဆုံးၾကာင္း သိရၿပီး ပူးေပါင္း တပ္ဖြဲမ်ားဖက္မွ ပ.က.ဖ ရဲေဘာ္ တစ္ဦး အသက္ေပးဆပ္ စြန႔္လႊတ္ခဲ့ရကာ ႏွစ္ဦး ဒဏ္ရာရရွိခဲ့ပါသည္ မစိုးရိမ္ရပါ လို႔ PDF (Kalay) က ေဖာ္ျပပါတယ္

စစ္အုပ္စုဟာ မေန႔က နတ္ေခ်ာင္းရြာႏွင့္ ေခ်ာင္းခြရြာေတြထဲ စီးနင္း ဝင္ေရာက္ၿပီး တန္ဘိုးႀကီး ပစၥည္းေတြ ေဖာက္ထြင္းခိုးယူ လုယက္ကာ ေနအိမ္ေတြကို မီးရွိ ဖ်က္ဆီးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္

ဒီကေန႔ ဧၿပီ(၂၆)ရက္ မနက္ပိုင္းမွာလည္း စစ္အုပ္စုဟာ ကေလးနယ္ေတာင္ပိုင္း ႀကံသာ၊ ဟံသာဝတီ၊ မွန္ေတာႏွင့္ ေအာင္သာယာ ရြာေတြဘက္ ဆက္လက္ေမႊေႏွာက္ ေသာင္းက်န္းေနတယ္လို႔ ဆိုပါတယ

စစ္အုပ္စုဟာ အိမ္ေျခ(၃၀၀)ေလာက္ရွိတဲ့ မွန္ေတာရြာထဲ စီးနင္းဝင္ေရာက္ ဓားျပတိုက္ကာ ေဖာက္ထြင္းခိုးယူလုယက္ၿပီးေနာက္ တန္ဘိုးႀကီး ပစၥည္းေတြကို စစ္ကားေျခာက္စီးႏွင့္ ေခါက္တုန႔္ေခါက္ျပန္ သယ္ယူေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္

ကေလးၿမိဳ႕နယ္ ေတာင္ပိုင္း ေခ်ာင္းခြ၊ နတ္ေခ်ာင္းရြာတိုက္ပြဲမွာ က်ဆုံးခဲ့တဲ့ PDF(Kalay) တပ္ရင္း(၂)က ျပည္သူ႔ရဲေဘာ္ ကိုသီဟ /Photo – PDF (Kalay) – တပ္ရင္း(၂), Crd- MFP