“မွေးနေ့ သောကြာ တနင်္လာ
ကေသာဆံဖြတ် မပြုအပ်”
တကယ်တော့ အဲ့တာက…
တနင်္ဂနွေသားသမီးတွေအတွက် သတ်မှတ်ထားတဲ့ မွေးနေ့ ၊ အညွှန့်နေ့ နဲ့ ဆပွတ်နေ့ အတွက်ပါ။
လူတိုင်းအတွက် မဟုတ်ပါဘူး။
အဲ့ဒီလို လူတိုင်းအတွက်သာဆို ဆံပင်ညှပ်ဆိုင်တွေ တစ်ပါတ်မှာ(၃)ရက်လောက် အလုပ်ပိတ်ရမလို ဖြစ်နေပါပြီ။
အဓိပ္ပါယ်ကောက် လွဲကြတဲ့သူတွေ ဒုနဲ့ဒေး ရှင်းပြဦးမှပါလေ…။
အတိုကောက်…
မွေးနေ့ မိမိမွေးသည့်နေ့နံ
သောကြာ အညွှန့်နေ့
တနင်္လာ ဆပွတ်နေ့
အညွှန့်နေ့ နဲ့ ဆပွတ်နေ့
မိမိမွေးနေ့တွေမှာ ညှပ်မိတဲ့ ဆံပင်တွေကို မကောင်းတဲ့ အောက်လမ်း၊ စုန်း၊ ကဝေ အစီအရင်တွေမှာ သုံးတဲ့အခါ ထိခိုက်မှုပိုများနိုင်လို့ပါ ။
အကြမ်းဖျင်းအားဖြင့်တော့ အဲ့ဒီနေ့တွေမှာ ဆံပင်ညှပ်မိရင် ဘုန်းကံနိမ့်နိုင်တာ ၊ ခိုက်တာ(မိသားစုအဆင်မပြေတာ၊ စီးပွားရေး ၊ ကျန်းမာရေး ထိခိုက်ခြင်း) စတာတွေဖြစ်တတ်ပါတယ်။ ။
စာကြွင်း (ယုံကြည်မှ ယုံပါ သူတစ်ပါးစီးပွား ထိခိုက်ပျက်စီးလိုစိတ် မရှိသည်မှာ မှန်ကန်သော စကားပင်ဖြစ်သည်)။
ဆက်ပြီးတော့ (၇)ရက်သားသမီး နေ့နံတွေနဲ့တကွ အညွှန့်နေ့ ၊ ဆပွတ်နေ့တွေကို ပြောပြပါဦးမယ်..။
၁။ တနင်္ဂနွေ သားသမီးများအတွက် ရှောင်ရန်
မွေးနေ့. တနင်္ဂနွေ
အညွှန့်နေ့ သောကြာ
ဆပွတ်နေ့ တနင်္လာ
၂။ တနင်္လာ သားသမီးများအတွက် ရှောင်ရန်
မွေးနေ့. တနင်္လာ
အညွှန့်နေ့ စနေ
ဆပွတ်နေ့ အင်္ဂါ
၃။ အင်္ဂါ သားသမီးများအတွက် ရှောင်ရန်
မွေးနေ့. အင်္ဂါ
အညွှန့်နေ့ တနင်္ဂနွေ
ဆပွတ်နေ့ ဗုဒ္ဓဟူး
၄။ ဗုဒ္ဓဟူး သားသမီးများအတွက် ရှောင်ရန်
မွေးနေ့. ဗုဒ္ဓဟူး
အညွှန့်နေ့ တနင်္လာ
ဆပွတ်နေ့ ကြာသပတေး
၅။ ကြာသပတေး သားသမီးများအတွက် ရှောင်ရန်
မွေးနေ့. ကြာသပတေး
အညွှန့်နေ့ အင်္ဂါ
ဆပွတ်နေ့ သောကြာ
၆။ သောကြာ သားသမီးများအတွက် ရှောင်ရန်
မွေးနေ့. သောကြာ
အညွှန့်နေ့ ဗုဒ္ဓဟူး
ဆပွတ်နေ့ စနေ
၇။ စနေ သားသမီးများအတွက် ရှောင်ရန်
မွေးနေ့. စနေ
အညွှန့်နေ့ ကြာသပတေး
ဆပွတ်နေ့ တနင်္ဂနွေ
အထက်ဖော်ပြပါ နေ့နံတွေကတော့ ဗေဒင်အယူနဲ့ ဖော်ပြခဲ့တာဖြစ်ပါတယ်။
တချို့သော လူကြီးသူမများ ပြောပြချက်တချို့အား ဖော်ပြချင်ပါသေးတယ်။ ယခုဖော်ပြချက်မှာ (ဗုဒ္ဓဘာသာဝင် လူမျိုးများအတွက်သာ)။
မွေးနေ့ သောကြာ တနင်္လာ
ကေသာဆံဖြတ် မပြုအပ်
ရှေးလူကြီးသူမများ ဆိုလိုသည်မှာ….
ဤဘဒ္ဒကမ္ဘာတွင် လေးဆူမြောက် ပွင့်တော်မူပြီးသော ဂေါတမမြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ဥရုဝေဠတော၌ ဒုက္ကရစရိယာကျင့်တော်မူရန် တနင်္လာနေ့တွင် တောထွက်တော်မူပြီးနောက် အနော်မာသောင်ယံ၌ ဆံကေသာအား ပါယ်တော်မူခဲ့လေသည်။
#ရှင်းလင်းချက်…
အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်သည့်နေ့ (သောကြာနေ့)
ဆံကေသာ ပါယ်ဖြတ်သည့်နေ့ (တနင်္လာနေ့)
“ထို့ကြောင့် (သောကြာနေ့)တွင် မွေးဖွားသော အမျိုးသား၊ အမျိုးသမီးတို့သည် (တနင်္လာနေ့တွင်) ဆံပင်ညှပ်မည်ဆိုပါက ဘုရားအလောင်းတော်နှင့် အတုယူ နှိုင်းယှဉ်ရာ ကျမည်ဖြစ်၍ သောကြာသားသမီးတို့သည် တနင်္လာနေ့တွင် ဆံပင်ညှပ်ခြင်းအမှု မပြုသင့်” ဟု ရှေးလူကြီးများ သတ်မှတ်ခဲ့ခြင်းသာ ဖြစ်ပါသည်။
ရှေးခေတ်မြန်မာပုံရိပ်များ
ပြန်လည်မျှဝေပါသည်။
“ေမြးေန႔ ေသာၾကာ တနလၤာ
ေကသာဆံျဖတ္ မျပဳအပ္”
တကယ္ေတာ့ အဲ့တာက…
တနဂၤေႏြသားသမီးေတြအတြက္ သတ္မွတ္ထားတဲ့ ေမြးေန႔ ၊ အညႊန္႔ေန႔ နဲ႔ ဆပြတ္ေန႔ အတြက္ပါ။
လူတိုင္းအတြက္ မဟုတ္ပါဘူး။
အဲ့ဒီလို လူတိုင္းအတြက္သာဆို ဆံပင္ညႇပ္ဆိုင္ေတြ တစ္ပါတ္မွာ(၃)ရက္ေလာက္ အလုပ္ပိတ္ရမလို ျဖစ္ေနပါၿပီ။
အဓိပၸါယ္ေကာက္ လြဲၾကတဲ့သူေတြ ဒုနဲ႔ေဒး ရွင္းျပဦးမွပါေလ…။
အတိုေကာက္…
ေမြးေန႔ မိမိေမြးသည့္ေန႔နံ
ေသာၾကာ အညႊန္႔ေန႔
တနလၤာ ဆပြတ္ေန႔
အညႊန္႔ေန႔ နဲ႔ ဆပြတ္ေန႔
မိမိေမြးေန႔ေတြမွာ ညႇပ္မိတဲ့ ဆံပင္ေတြကို မေကာင္းတဲ့ ေအာက္လမ္း၊ စုန္း၊ ကေဝ အစီအရင္ေတြမွာ သုံးတဲ့အခါ ထိခိုက္မႈပိုမ်ားနိုင္လို႔ပါ ။
အၾကမ္းဖ်င္းအားျဖင့္ေတာ့ အဲ့ဒီေန႔ေတြမွာ ဆံပင္ညႇပ္မိရင္ ဘုန္းကံနိမ့္နိုင္တာ ၊ ခိုက္တာ(မိသားစုအဆင္မေျပတာ၊ စီးပြားေရး ၊ က်န္းမာေရး ထိခိုက္ျခင္း) စတာေတြျဖစ္တတ္ပါတယ္။ ။
စာႂကြင္း (ယုံၾကည္မွ ယုံပါ သူတစ္ပါးစီးပြား ထိခိုက္ပ်က္စီးလိုစိတ္ မရွိသည္မွာ မွန္ကန္ေသာ စကားပင္ျဖစ္သည္)။
ဆက္ၿပီးေတာ့ (၇)ရက္သားသမီး ေန႔နံေတြနဲ႔တကြ အညႊန္႔ေန႔ ၊ ဆပြတ္ေန႔ေတြကို ေျပာျပပါဦးမယ္..။
၁။ တနဂၤေႏြ သားသမီးမ်ားအတြက္ ေရွာင္ရန္
ေမြးေန႔. တနဂၤေႏြ
အညႊန္႔ေန႔ ေသာၾကာ
ဆပြတ္ေန႔ တနလၤာ
၂။ တနလၤာ သားသမီးမ်ားအတြက္ ေရွာင္ရန္
ေမြးေန႔. တနလၤာ
အညႊန္႔ေန႔ စေန
ဆပြတ္ေန႔ အဂၤါ
၃။ အဂၤါ သားသမီးမ်ားအတြက္ ေရွာင္ရန္
ေမြးေန႔. အဂၤါ
အညႊန္႔ေန႔ တနဂၤေႏြ
ဆပြတ္ေန႔ ဗုဒၶဟူး
၄။ ဗုဒၶဟူး သားသမီးမ်ားအတြက္ ေရွာင္ရန္
ေမြးေန႔. ဗုဒၶဟူး
အညႊန္႔ေန႔ တနလၤာ
ဆပြတ္ေန႔ ၾကာသပေတး
၅။ ၾကာသပေတး သားသမီးမ်ားအတြက္ ေရွာင္ရန္
ေမြးေန႔. ၾကာသပေတး
အညႊန္႔ေန႔ အဂၤါ
ဆပြတ္ေန႔ ေသာၾကာ
၆။ ေသာၾကာ သားသမီးမ်ားအတြက္ ေရွာင္ရန္
ေမြးေန႔. ေသာၾကာ
အညႊန္႔ေန႔ ဗုဒၶဟူး
ဆပြတ္ေန႔ စေန
၇။ စေန သားသမီးမ်ားအတြက္ ေရွာင္ရန္
ေမြးေန႔. စေန
အညႊန္႔ေန႔ ၾကာသပေတး
ဆပြတ္ေန႔ တနဂၤေႏြ
အထက္ေဖာ္ျပပါ ေန႔နံေတြကေတာ့ ေဗဒင္အယူနဲ႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။
တခ်ိဳ႕ေသာ လူႀကီးသူမမ်ား ေျပာျပခ်က္တခ်ိဳ႕အား ေဖာ္ျပခ်င္ပါေသးတယ္။ ယခုေဖာ္ျပခ်က္မွာ (ဗုဒၶဘာသာဝင္ လူမ်ိဳးမ်ားအတြက္သာ)။
ေမြးေန႔ ေသာၾကာ တနလၤာ
ေကသာဆံျဖတ္ မျပဳအပ္
ေရွးလူႀကီးသူမမ်ား ဆိုလိုသည္မွာ….
ဤဘဒၵကမၻာတြင္ ေလးဆူေျမာက္ ပြင့္ေတာ္မူၿပီးေသာ ေဂါတမျမတ္စြာဘုရား အေလာင္းေတာ္ သိဒၶတၳမင္းသားသည္ ဥ႐ုေဝဠေတာ၌ ဒုကၠရစရိယာက်င့္ေတာ္မူရန္ တနလၤာေန႔တြင္ ေတာထြက္ေတာ္မူၿပီးေနာက္ အေနာ္မာေသာင္ယံ၌ ဆံေကသာအား ပါယ္ေတာ္မူခဲ့ေလသည္။
#ရွင္းလင္းခ်က္…
အေလာင္းေတာ္ သိဒၶတၳမင္းသား ဖြားျမင္သည့္ေန႔ (ေသာၾကာေန႔)
ဆံေကသာ ပါယ္ျဖတ္သည့္ေန႔ (တနလၤာေန႔)
“ထို႔ေၾကာင့္ (ေသာၾကာေန႔)တြင္ ေမြးဖြားေသာ အမ်ိဳးသား၊ အမ်ိဳးသမီးတို႔သည္ (တနလၤာေန႔တြင္) ဆံပင္ညႇပ္မည္ဆိုပါက ဘုရားအေလာင္းေတာ္ႏွင့္ အတုယူ ႏွိုင္းယွဥ္ရာ က်မည္ျဖစ္၍ ေသာၾကာသားသမီးတို႔သည္ တနလၤာေန႔တြင္ ဆံပင္ညႇပ္ျခင္းအမႈ မျပဳသင့္” ဟု ေရွးလူႀကီးမ်ား သတ္မွတ္ခဲ့ျခင္းသာ ျဖစ္ပါသည္။
ေရွးေခတ္ျမန္မာပုံရိပ္မ်ား
ျပန္လည္မၽွေဝပါသည္။