Local News

အမေစုအတွက်ပန်ဆယ်လိုရေးတဲ့စာ…see more

အနှစ်တစ်သိန်းဆိုရင်တောင်

ဘာမှမခံစားရဘူး။

ငါတို့ ဒီနေ့နိုင်၊ ဒီနေ့လွတ်တယ်။

 

ဒီလောက်နဲ့ နိုင်ပြီထင်တာလား

မင်းတို့ရှေ့မှာ ရပ်နေတာ

ကမ္ဘာကျော်မုဆိုးမ။

 

ဒီလောက်နဲ့ နိုင်ပြီထင်တာလား

မင်းတို့ရှေ့မှာ ရပ်နေတာ

ကမ္ဘာ့အလယ်က သံမဏိလိပ်ပြာ။

 

ဒီလောက်နဲ့ နိုင်ပြီထင်တာလား

မင်းတို့ရှေ့မှာ ရပ်နေတာ

နန်းမရူးတဲ့ ပန်းခူးဆဲ အမျိုးသမီး။

 

ဒီလောက်နဲ့ နိုင်ပြီထင်တာလား

မင်းတို့ရှေ့မှာ ရပ်နေတာ

Freedom From Fear

 

ဒီလောက်နဲ့ နိုင်ပြီထင်တာလား

မင်းတို့ရှေ့မှာ ရပ်နေတာ

ဘာနဲ့သတ်သတ် မသေတဲ့ ဂုဏ်သိက္ခာ။

 

အနှစ်တစ်သန်းဆိုရင်လည်း

ဘာမှမခံစားရဘူး။

ဓမ္မကို အဓမ္မက ဘယ်တော့မှ ခုတ်ပိုင်းလို့မရ။

-ပန်ဆယ်လို

(26 Apr 2022)