NUG ၊ NUCC တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးထုတ်ဖော်ပြောကြား
လီလီယန်/People’s Spring
မလေးရှားအစိုးရသည် မြန်မာအရပ်သားအစိုးရ NUG နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီး Saifuddin Abdullah က အတည်ပြုပြောကြားသည်။
အာဆီယံဦးဆောင်နိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ဆက်သွယ်ဆွေးနွေးကြောင်း ဝန်ခံပြောကြားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUCC(အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ)ခေါင်းဆောင်တို့နှင့် အလွတ်သဘောတွေ့ဆုံခဲ့သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောသည်။
အထက်ပါတွေ့ဆုံမှုများသည် ဖေဖော်ဝါရီလလယ်ပိုင်းက ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးမတိုင်မီ အွန်လိုင်းဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ထိုကြောင့်မလေးရှားနိုင်ငံသည် အာဆီယံနိုင်ငံများထဲတွင် NUGနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပထမဆုံးထုတ်ဖော်ပြောဆိုသောနိုင်ငံဖြစ်လာသည်။
အာဏာသိမ်းချိန်မှစ၍ ၁၆ လအတွင်း မြန်မာနိုင်ငံသည် ပဋိပက္ခထဲသို့ ဆင်းသက်သွားပြီး စီးပွားရေးမလည်ပတ်တော့သည့် အခြေအနေကို ဒေသတွင်းစံနှုန်းများနှင့်အညီ မလေးရှားနိုင်ငံခြား ရေးဝန်ကြီးက ထုတ်ဖော်ပြောခဲ့သည်။
ထို့အပြင် စစ်ကောင်စီသည် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်မှု ဆက်လက်အချိန်ဆွဲနေပါက မလေးရှားအစိုးရသည် NUG နှင့် တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိကြောင်း Saifuddin Abdullah က ပြီးခဲ့သည့် အောက်တိုဘာတွင် လွှတ်တော်သို့ ပြောဆိုခဲ့သည်။
စစ်ကောင်စီသည် ယခင်နှစ် ဧပြီ ၂၄ ရက်က အာဆီယံခေါင်းဆောင်များ သဘောတူချမှတ်ခဲ့သော ဆုံးဖြတ်ချက် ၅ ရပ်ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပြည်သူလူထုအပေါ် လူမဆန်သော အကြမ်းဖက်နှိပ်စက်မှုများကို ဆက်လက်ကျူးလွန်နေ၍ အနောက်နိုင်ငံများက စစ်ကောင်စီကို ကန့် ကွက်ရှုတ်ချထားသည်။
ကိုးကား – The Diplomat
Zawgyi
NUG ၊ NUCC တို႔ႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း မေလးရွားနိုင္ငံျခားေရးဝန္ႀကီးထုတ္ေဖာ္ေျပာၾကား
လီလီယန္/People’s Spring
မေလးရွားအစိုးရသည္ ျမန္မာအရပ္သားအစိုးရ NUG ႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း နိုင္ငံျခား ေရးဝန္ႀကီး Saifuddin Abdullah က အတည္ျပဳေျပာၾကားသည္။
အာဆီယံဦးေဆာင္နိုင္ငံက အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG ႏွင့္ ဆက္သြယ္ေဆြးေႏြးေၾကာင္း ဝန္ခံေျပာၾကားျခင္းမွာ ပထမဆုံးအႀကိမ္ျဖစ္ၿပီး NUG နိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္၊ NUCC(အမ်ိဳးသားညီညြတ္ေရးအတိုင္ပင္ခံေကာင္စီ)ေခါင္းေဆာင္တို႔ႏွင့္ အလြတ္သေဘာေတြ႕ဆုံခဲ့သည္ဟု မေလးရွားနိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah က ေျပာသည္။
အထက္ပါေတြ႕ဆုံမႈမ်ားသည္ ေဖေဖာ္ဝါရီလလယ္ပိုင္းက က်င္းပခဲ့ေသာ အာဆီယံနိုင္ငံျခားေရး ဝန္ႀကီးမ်ားအစည္းအေဝးမတိုင္မီ အြန္လိုင္းဗီဒီယိုကြန္ဖရင့္မွတဆင့္ ေတြ႕ဆုံခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။ထိုေၾကာင့္မေလးရွားနိုင္ငံသည္ အာဆီယံနိုင္ငံမ်ားထဲတြင္ NUGႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း ပထမဆုံးထုတ္ေဖာ္ေျပာဆိုေသာနိုင္ငံျဖစ္လာသည္။
အာဏာသိမ္းခ်ိန္မွစ၍ ၁၆ လအတြင္း ျမန္မာနိုင္ငံသည္ ပဋိပကၡထဲသို႔ ဆင္းသက္သြားၿပီး စီးပြားေရးမလည္ပတ္ေတာ့သည့္ အေျခအေနကို ေဒသတြင္းစံႏႈန္းမ်ားႏွင့္အညီ မေလးရွားနိုင္ငံျခား ေရးဝန္ႀကီးက ထုတ္ေဖာ္ေျပာခဲ့သည္။
ထို႔အျပင္ စစ္ေကာင္စီသည္ အာဆီယံဘုံသေဘာတူညီခ်က္ ၅ ရပ္ကို အေကာင္အထည္ေဖာ္မႈ ဆက္လက္အခ်ိန္ဆြဲေနပါက မေလးရွားအစိုးရသည္ NUG ႏွင့္ ေတြ႕ဆုံေဆြးေႏြးနိုင္ဖြယ္ရွိေၾကာင္း Saifuddin Abdullah က ၿပီးခဲ့သည့္ ေအာက္တိုဘာတြင္ လႊတ္ေတာ္သို႔ ေျပာဆိုခဲ့သည္။
စစ္ေကာင္စီသည္ ယခင္ႏွစ္ ဧၿပီ ၂၄ ရက္က အာဆီယံေခါင္းေဆာင္မ်ား သေဘာတူခ်မွတ္ခဲ့ေသာ ဆုံးျဖတ္ခ်က္ ၅ ရပ္ကို လိုက္နာေဆာင္ရြက္ျခင္းမရွိဘဲ ျပည္သူလူထုအေပၚ လူမဆန္ေသာ အၾကမ္းဖက္ႏွိပ္စက္မႈမ်ားကို ဆက္လက္က်ဴးလြန္ေန၍ အေနာက္နိုင္ငံမ်ားက စစ္ေကာင္စီကို ကန႔္ ကြက္ရႈတ္ခ်ထားသည္။
ကိုးကား – The Diplomat