News

“႐ုရွားႏွင့္ ယူကရိန္း အြန္လိုင္းအစည္းအေဝးက်င္းပ ေဆြးေႏြးညႇိႏွိုင္းေနဟု သမၼတပူတင္ေျပာ”

“ရုရှားနှင့် ယူကရိန်း အွန်လိုင်းအစည်းအဝေးကျင်းပ ဆွေးနွေးညှိနှိုင်းနေဟု သမ္မတပူတင်ပြော”

ရုရှားနဲ့ ယူကရိန်းတို့ကြားမှာ အွန်လိုင်းအစည်းအဝေးတွေ ပြုလုပ်ပြီး ဆွေးနွေးညှိနှိုင်းနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။

ရုရှားနိုင်ငံ မော်စကိုမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောလိုက်တာပါ။

ဒါပေမဲ့ ယူကရိန်းနဲ့ ညှိနှိုင်းမှုတွေဟာ အခုစစ်ဖြစ်နေရတဲ့ အကြောင်းရင်းဖြစ်တဲ့ နယ်နိမိတ် ကိစ္စတွေ မဖြေရှင်းနိုင်ဘဲနဲ့တော့ အပြီးသတ်နိုင်မှာ မဟုတ်ဘူးလို့ ပူတင်က သတိပေး ပြောကြားပါတယ်။

၂၀၁၄ ခုနှစ်မှာ ရုရှားက ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားဒေသ၊ ယူကရိန်းနယ်မြေထဲမှာ ခွဲထွက်ရေးသမားတွေက ပြည်သူ့သမ္မတနိုင်ငံတွေလို့ ကြေညာထားပြီး ရုရှားက အသိအမှတ်ပြုထားတဲ့ ဒွန်းဘက်စ်ဒေသတွေကို ရည်ညွှန်းပြီး ပူတင်က ပြောတာပါ။

ဒီလို တွေ့ဆုံစဉ်မှာပဲ ပူတင်က တိုက်ပွဲဖြစ်နေတဲ့ မာရီယူပိုမြို့မှာရှိတဲ့ အာဇော့စတယ် သံမဏိစက်ရုံထဲ ပိတ်မိနေတဲ့ အရပ်သားတွေကို ICRC အဖွဲ့က ကယ်ထုတ်နိုင်ရေးကို မူအားဖြင့် သဘောတူခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

လူဟန်စ်ခ်ဒေသမှာတော့ ရုရှားတပ်တွေ နေရာယူထားတဲ့ ပစ်မှတ်တွေကို ယူကရိန်းစစ်တပ်ဘက်က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းဘက်က မနေ့က ပြောပါတယ်။

ယူကရိန်းတပ်ရဲ့ စစ်ဆင်ရေးတပ်ဖွဲ့ဟာ အရင်တပတ်အတွင်းမှာ ဒွန်းတက်စ်ခ်နဲ့ လူ့ဟန့်စ်ခ် ဒေသထဲမှာ ရုရှားရဲ့ ထိုးစစ် ၆၃ ကြိမ်ကို တန်ပြန် တိုက်ခိုက်နိုင်ခဲ့ပြီး ရုရှားတင့်ကား ၅၅ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားဘက်ကလည်း ယူကရိန်းတပ်တွေကို ဒုံးကျည်၊ အမြောက်နဲ့ စစ်လေယာဉ်ပျံတွေကို သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ကြေညာပါတယ်။

ယူကရိန်းစစ်သား ၅၆၀ ကျော်၊ ယူကရိန်းစစ်ကားတွေ၊ ဒုံးကျည်စနစ်နဲ့ တခြား စစ်လက်နက်တွေကို ဖျက်ဆီးပစ်နိုင်တယ်လို့ ရုရှားဘက်က ပြောပါတယ်။

ရုရှားဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့စလို့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေပြီး နှစ်လကျော်ကြာ စစ်ပွဲအတွင်း လူထောင်ချီ သေဆုံး၊ သန်းချီ အိုးအိမ်စွန့်ခွာခဲ့ကြရပြီး ဖြစ်ပါတယ်။

=========

“႐ုရွားႏွင့္ ယူကရိန္း အြန္လိုင္းအစည္းအေဝးက်င္းပ ေဆြးေႏြးညႇိႏွိုင္းေနဟု သမၼတပူတင္ေျပာ”

႐ုရွားနဲ႔ ယူကရိန္းတို႔ၾကားမွာ အြန္လိုင္းအစည္းအေဝးေတြ ျပဳလုပ္ၿပီး ေဆြးေႏြးညႇိႏွိုင္းေနတယ္လို႔ ႐ုရွားသမၼတ ဗလာဒီမာပူတင္က ေျပာပါတယ္။

႐ုရွားနိုင္ငံ ေမာ္စကိုမွာ ေရာက္ေနတဲ့ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယိုဂူတာရက္စ္နဲ႔ ေတြ႕ဆုံစဥ္မွာ အခုလို ေျပာလိုက္တာပါ။

ဒါေပမဲ့ ယူကရိန္းနဲ႔ ညႇိႏွိုင္းမႈေတြဟာ အခုစစ္ျဖစ္ေနရတဲ့ အေၾကာင္းရင္းျဖစ္တဲ့ နယ္နိမိတ္ ကိစၥေတြ မေျဖရွင္းနိုင္ဘဲနဲ႔ေတာ့ အၿပီးသတ္နိုင္မွာ မဟုတ္ဘူးလို႔ ပူတင္က သတိေပး ေျပာၾကားပါတယ္။

၂၀၁၄ ခုႏွစ္မွာ ႐ုရွားက က်ဴးေက်ာ္သိမ္းပိုက္ခဲ့တဲ့ ခရိုင္းမီးယားေဒသ၊ ယူကရိန္းနယ္ေျမထဲမွာ ခြဲထြက္ေရးသမားေတြက ျပည္သူ႔သမၼတနိုင္ငံေတြလို႔ ေၾကညာထားၿပီး ႐ုရွားက အသိအမွတ္ျပဳထားတဲ့ ဒြန္းဘက္စ္ေဒသေတြကို ရည္ညႊန္းၿပီး ပူတင္က ေျပာတာပါ။

ဒီလို ေတြ႕ဆုံစဥ္မွာပဲ ပူတင္က တိုက္ပြဲျဖစ္ေနတဲ့ မာရီယူပိုၿမိဳ႕မွာရွိတဲ့ အာေဇာ့စတယ္ သံမဏိစက္႐ုံထဲ ပိတ္မိေနတဲ့ အရပ္သားေတြကို ICRC အဖြဲ႕က ကယ္ထုတ္နိုင္ေရးကို မူအားျဖင့္ သေဘာတူခဲ့တယ္လို႔ ကုလသမဂၢက ေျပာပါတယ္။

လူဟန္စ္ခ္ေဒသမွာေတာ့ ႐ုရွားတပ္ေတြ ေနရာယူထားတဲ့ ပစ္မွတ္ေတြကို ယူကရိန္းစစ္တပ္ဘက္က တိုက္ခိုက္ဖ်က္ဆီးနိုင္ခဲ့တယ္လို႔ ယူကရိန္းဘက္က မေန႔က ေျပာပါတယ္။

ယူကရိန္းတပ္ရဲ့ စစ္ဆင္ေရးတပ္ဖြဲ႕ဟာ အရင္တပတ္အတြင္းမွာ ဒြန္းတက္စ္ခ္နဲ႔ လူ႔ဟန႔္စ္ခ္ ေဒသထဲမွာ ႐ုရွားရဲ့ ထိုးစစ္ ၆၃ ႀကိမ္ကို တန္ျပန္ တိုက္ခိုက္နိုင္ခဲ့ၿပီး ႐ုရွားတင့္ကား ၅၅ စီးကို ဖ်က္ဆီးနိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

႐ုရွားဘက္ကလည္း ယူကရိန္းတပ္ေတြကို ဒုံးက်ည္၊ အေျမာက္နဲ႔ စစ္ေလယာဥ္ပ်ံေတြကို သုံးၿပီး တိုက္ခိုက္ခဲ့တယ္လို႔ ေၾကညာပါတယ္။

ယူကရိန္းစစ္သား ၅၆၀ ေက်ာ္၊ ယူကရိန္းစစ္ကားေတြ၊ ဒုံးက်ည္စနစ္နဲ႔ တျခား စစ္လက္နက္ေတြကို ဖ်က္ဆီးပစ္နိုင္တယ္လို႔ ႐ုရွားဘက္က ေျပာပါတယ္။

႐ုရွားဟာ ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔စလို႔ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ေနၿပီး ႏွစ္လေက်ာ္ၾကာ စစ္ပြဲအတြင္း လူေထာင္ခ်ီ ေသဆုံး၊ သန္းခ်ီ အိုးအိမ္စြန႔္ခြာခဲ့ၾကရၿပီး ျဖစ္ပါတယ္။