Local News

“မင်းအောင်လှိုင်က လူပါးဝနေတယ်၊ ပင်စင်စားမည့် လူတွေကို ၂ နှစ် ထပ်ခိုင်းတယ်၊ ခံစားခွင့်လည်းမပါဘူး”ဟု စစ်တပ်အတွင်းမကျေမနပ်ဖြစ်ပေါက်ကွဲနေ

အသက် ၆၂ နှစ် ပြည့်မှ အငြိမ်းစားယူရမည်ဟု မင်းအောင်လှိုင် သတ်မှတ်မှု စစ်တပ်အတွင်း ဂယက် ရိုက် ခတ်မှုပြင်းထန်ပြီး အများစုသော အောက်ခြေတပ်သားများ မကျေနပ်၊ စစ်တပ်ထိပ်ပိုင်းရာထူးများအတွက် တာဝန်ထမ်းဆောင်မှု ပြင်ဆင်ချက်များ ထွက်ရန်ရှိ

ရန်ကုန်၊ ဧပြီ ၂၇
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံ့ဝန်ထမ်းမှန်သမျှ အသက် ၆၂ နှစ်ပြည့်မှ အငြိမ်းစား ပင်စင်ယူရမည်ဟု သတ်မှတ်လိုက်ရာ ယင်းသတ်မှတ်မှုက စစ်တပ်အတွင်း ဂယက်ရိုက်ခတ်မှုပြင်းထန်ပြီး အထူးသဖြင့် အောက်ခြေ စစ်သားအများစု မကျေမနပ်ဖြစ်ကြသည်ဟု စုံစမ်းသိရှိရသည်။

မတ်လ ၃၁ ရက်နေ့တွင် မင်းအောင်လှိုင်က ထိုသို့ သတ်မှတ်လိုက်ရန် နိုင်ငံ့ဝန်ထမ်း ဥပဒေကို ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပြင်ဆင်မှုသည် စစ်တပ်အတွင်းရှိ အောက်ခြေအဆင့် စစ်သားများကို ရိုက်ခတ်မှု ပြင်းထန်ကြောင်း သိရှိရသည်။

စစ်တပ်အတွင်းတွင်လည်း သက်ပြည့်ပင်စင် ယူနိုင်သည့် နှစ်ကို ၆၀ နှစ်မှ ၆၂ နှစ်သို့ ၂ နှစ် တိုးမြှင့်လိုက်သည့်အတွက် တပ်တွင်း၌ အငြိမ်းစားယူခါနီး စစ်သားများ မကျေမနပ်ဖြစ်နေကြကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။

“မင်းအောင်လှိုင်က လူပါးဝနေတယ်၊ ပင်စင်စားမည့် လူတွေကို ၂ နှစ် ထပ်ထမ်းဆောင်ခိုင်းနေတယ်၊ ခံစားခွင့်လည်းမပါဘူး” ဟု သက်ပြည့်ပင်စင်ယူခါနီး စစ်သားကြီး ၁ ဦးမှ ပြောဆိုသည်။

သက်ပြည့်ပင်စင်ယူလျှင် လစာ ၃၂၀,၀၀၀ ကျပ် ရရှိနိုင်သည့် ဝန်ထမ်းများသည် လက်ရှိ ၂ နှစ် တာဝန် ဆက်လက်ထမ်းဆောင်နေရခြင်းကြောင့် လစာ ၂၇၀,၀၀၀ ကျပ်သာ ရရှိကြောင်း၊ လုပ်သက်လစာလည်း တိုးမြှင့်ပေးခြင်း မရှိကြောင်း သိရှိရသည်။

“ပင်စင်လည်း မရဘူး၊ လုပ်သက်လစာလည်း မတိုးဘူး၊ ၂ နှစ် ထပ်လုပ်ရမှာ၊ ၅၀,၀၀၀ လောက် ကိုယ်က ပြန်ပေးပြီး အလုပ်ဆင်းနေရတယ်၊ အဲ့ကောင် (မင်းအောင်လှိုင်)က မီးတွင်းထဲမှာတင် သေရမှာ” ဟု သက်ပြည့်ပင်စင်ယူခါနီး စစ်သားကြီး က ဆက်လက်ပြောဆိုသည်။

အသက် ၆၀ ဝန်းကျင် စစ်သားများသည် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီကို မကြိုက်သော်လည်း အသက်အရွယ်ကြီးမြင့်ကာ ပင်စင်ရခါနီးလည်း ဖြစ်သောကြောင့် CDM လုပ်ချင်သည့်တိုင် လုပ်သက်၊ ပင်စင်ခံစားခွင့်ဆုံးရှုံးမည်စိုးရိမ်၍ ဆက်လက် တာဝန်ထမ်းဆောင်ကြသူများအစုဖြစ်ကြောင်း CDM ဗိုလ်ကြီး ၁ ဦးက ပြောသည်။

“မင်းအောင်လှိုင်ကို မကြိုက်ဘူး၊ ဒါပေမယ့် သူတို့က အသက်လည်း ကြီးပြီ၊ ပင်စင်လည်း ရခါနီးပြီဆိုတော့ တပ်ထဲကျန်နေတဲ့သူတွေပေါ့၊ သူတို့ အခု တပ်ထဲမှာ ပညာမတတ်တဲ့သူဆို ကင်းစောင့်၊ ကြက်မွေး၊ ဝက်မွေး၊ စိုက်ပျိုးရေးလုပ်ပေါ့၊ ရုံးအလုပ် တတ်တဲ့သူက စာရေးလုပ်ပေါ့ အဲဒါတွေလုပ်ရတယ်။ သူတို့လည်း အခု ပင်စင်အသက်ကို ၂ နှစ်တိုးလိုက်တော့ ပေါက်ကွဲပြီလေ” ဟု CDM ဗိုလ်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အသက် ၆၂ နှစ်အထိ တာဝန်ထမ်းဆောင်ခိုင်းသည့်အပေါ် အောက်ခြေစစ်သား အဆင့်များက ကျေနပ်မရှိသော်လည်း ထိပ်တန်းအရာရှိပိုင်းများကမူ လိုလိုလားလား လက်ခံကြသည်ဟု သိရှိရသည်။

“ဗိုလ်မှူးကြီးအထက် ထိပ်ပိုင်းအရာရှိတွေကတော့ ပျော်တာပေါ့။ သူတို့က ခိုးနှိုက် ဇိမ်နဲ့နေရတဲ့သက်တမ်းပိုကြာတယ်လေ။ တပ်ထဲမှာ အခုနောက်ဆုံး ကကနကောင်စီ ညွှန်ကြားလွှာတွေလည်း အသက် ၆၂ နှစ်မှ ပင်စင်ပေးမယ့် ဥပဒေပြင်ဆင်ချက်ကြောင့် ထပ်ပြင်ဖို့ လုပ်နေပြီလို့သိရတယ်။

အောက်ခြေမှာတော့ စစ်မှုထမ်းသက် ပိုကြာတော့မှာဆိုတော့ စစ်တပ်က ပြေးမယ့်သူတွေ ပိုများလာနိုင်တယ်။ CDM လုပ်မယ့်သူတွေလည်း များလာဖို့ပဲရှိပါတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဓာတ်ပုံ- ခော

========

အသက္ ၆၂ ႏွစ္ ျပည့္မွ အၿငိမ္းစားယူရမည္ဟု မင္းေအာင္လွိုင္ သတ္မွတ္မႈ စစ္တပ္အတြင္း ဂယက္ ရိုက္ ခတ္မႈျပင္းထန္ၿပီး အမ်ားစုေသာ ေအာက္ေျခတပ္သားမ်ား မေက်နပ္၊ စစ္တပ္ထိပ္ပိုင္းရာထူးမ်ားအတြက္ တာဝန္ထမ္းေဆာင္မႈ ျပင္ဆင္ခ်က္မ်ား ထြက္ရန္ရွိ

ရန္ကုန္၊ ဧၿပီ ၂၇
အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္က နိုင္ငံ့ဝန္ထမ္းမွန္သမၽွ အသက္ ၆၂ ႏွစ္ျပည့္မွ အၿငိမ္းစား ပင္စင္ယူရမည္ဟု သတ္မွတ္လိုက္ရာ ယင္းသတ္မွတ္မႈက စစ္တပ္အတြင္း ဂယက္ရိုက္ခတ္မႈျပင္းထန္ၿပီး အထူးသျဖင့္ ေအာက္ေၿခ စစ္သားအမ်ားစု မေက်မနပ္ျဖစ္ၾကသည္ဟု စုံစမ္းသိရွိရသည္။

မတ္လ ၃၁ ရက္ေန႔တြင္ မင္းေအာင္လွိုင္က ထိုသို႔ သတ္မွတ္လိုက္ရန္ နိုင္ငံ့ဝန္ထမ္း ဥပေဒကို ျပင္ဆင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ယင္းျပင္ဆင္မႈသည္ စစ္တပ္အတြင္းရွိ ေအာက္ေျခအဆင့္ စစ္သားမ်ားကို ရိုက္ခတ္မႈ ျပင္းထန္ေၾကာင္း သိရွိရသည္။

စစ္တပ္အတြင္းတြင္လည္း သက္ျပည့္ပင္စင္ ယူနိုင္သည့္ ႏွစ္ကို ၆၀ ႏွစ္မွ ၆၂ ႏွစ္သို႔ ၂ ႏွစ္ တိုးျမႇင့္လိုက္သည့္အတြက္ တပ္တြင္း၌ အၿငိမ္းစားယူခါနီး စစ္သားမ်ား မေက်မနပ္ျဖစ္ေနၾကေၾကာင္း တပ္တြင္း သတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္။

“မင္းေအာင္လွိုင္က လူပါးဝေနတယ္၊ ပင္စင္စားမည့္ လူေတြကို ၂ ႏွစ္ ထပ္ထမ္းေဆာင္ခိုင္းေနတယ္၊ ခံစားခြင့္လည္းမပါဘူး” ဟု သက္ျပည့္ပင္စင္ယူခါနီး စစ္သားႀကီး ၁ ဦးမွ ေျပာဆိုသည္။

သက္ျပည့္ပင္စင္ယူလၽွင္ လစာ ၃၂၀,၀၀၀ က်ပ္ ရရွိနိုင္သည့္ ဝန္ထမ္းမ်ားသည္ လက္ရွိ ၂ ႏွစ္ တာဝန္ ဆက္လက္ထမ္းေဆာင္ေနရျခင္းေၾကာင့္ လစာ ၂၇၀,၀၀၀ က်ပ္သာ ရရွိေၾကာင္း၊ လုပ္သက္လစာလည္း တိုးျမႇင့္ေပးျခင္း မရွိေၾကာင္း သိရွိရသည္။

“ပင္စင္လည္း မရဘူး၊ လုပ္သက္လစာလည္း မတိုးဘူး၊ ၂ ႏွစ္ ထပ္လုပ္ရမွာ၊ ၅၀,၀၀၀ ေလာက္ ကိုယ္က ျပန္ေပးၿပီး အလုပ္ဆင္းေနရတယ္၊ အဲ့ေကာင္ (မင္းေအာင္လွိုင္)က မီးတြင္းထဲမွာတင္ ေသရမွာ” ဟု သက္ျပည့္ပင္စင္ယူခါနီး စစ္သားႀကီး က ဆက္လက္ေျပာဆိုသည္။

အသက္ ၆၀ ဝန္းက်င္ စစ္သားမ်ားသည္ မင္းေအာင္လွိုင္ ဦးေဆာင္ေသာ စစ္ေကာင္စီကို မႀကိဳက္ေသာ္လည္း အသက္အရြယ္ႀကီးျမင့္ကာ ပင္စင္ရခါနီးလည္း ျဖစ္ေသာေၾကာင့္ CDM လုပ္ခ်င္သည့္တိုင္ လုပ္သက္၊ ပင္စင္ခံစားခြင့္ဆုံးရႈံးမည္စိုးရိမ္၍ ဆက္လက္ တာဝန္ထမ္းေဆာင္ၾကသူမ်ားအစုျဖစ္ေၾကာင္း CDM ဗိုလ္ႀကီး ၁ ဦးက ေျပာသည္။

“မင္းေအာင္လွိုင္ကို မႀကိဳက္ဘူး၊ ဒါေပမယ့္ သူတို႔က အသက္လည္း ႀကီးၿပီ၊ ပင္စင္လည္း ရခါနီးၿပီဆိုေတာ့ တပ္ထဲက်န္ေနတဲ့သူေတြေပါ့၊ သူတို႔ အခု တပ္ထဲမွာ ပညာမတတ္တဲ့သူဆို ကင္းေစာင့္၊ ၾကက္ေမြး၊ ဝက္ေမြး၊ စိုက္ပ်ိဳးေရးလုပ္ေပါ့၊ ႐ုံးအလုပ္ တတ္တဲ့သူက စာေရးလုပ္ေပါ့ အဲဒါေတြလုပ္ရတယ္။ သူတို႔လည္း အခု ပင္စင္အသက္ကို ၂ ႏွစ္တိုးလိုက္ေတာ့ ေပါက္ကြဲၿပီေလ” ဟု CDM ဗိုလ္ႀကီးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

အသက္ ၆၂ ႏွစ္အထိ တာဝန္ထမ္းေဆာင္ခိုင္းသည့္အေပၚ ေအာက္ေျခစစ္သား အဆင့္မ်ားက ေက်နပ္မရွိေသာ္လည္း ထိပ္တန္းအရာရွိပိုင္းမ်ားကမူ လိုလိုလားလား လက္ခံၾကသည္ဟု သိရွိရသည္။

“ဗိုလ္မႉးႀကီးအထက္ ထိပ္ပိုင္းအရာရွိေတြကေတာ့ ေပ်ာ္တာေပါ့။ သူတို႔က ခိုးႏွိုက္ ဇိမ္နဲ႔ေနရတဲ့သက္တမ္းပိုၾကာတယ္ေလ။ တပ္ထဲမွာ အခုေနာက္ဆုံး ကကနေကာင္စီ ညႊန္ၾကားလႊာေတြလည္း အသက္ ၆၂ ႏွစ္မွ ပင္စင္ေပးမယ့္ ဥပေဒျပင္ဆင္ခ်က္ေၾကာင့္ ထပ္ျပင္ဖို႔ လုပ္ေနၿပီလို႔သိရတယ္။

ေအာက္ေျခမွာေတာ့ စစ္မႈထမ္းသက္ ပိုၾကာေတာ့မွာဆိုေတာ့ စစ္တပ္က ေျပးမယ့္သူေတြ ပိုမ်ားလာနိုင္တယ္။ CDM လုပ္မယ့္သူေတြလည္း မ်ားလာဖို႔ပဲရွိပါတယ္” ဟု တပ္တြင္း သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

ဓာတ္ပုံ- ေခာ