Local News

စစ်ကိုင်းတိုင်း၊ မုံရွာလမ်းပေါ်တွင် စစ်ကား အစီး ၆၀ နီးပါး သွားလာတပ်ရွှေ့နေ


ရန်ကုန်၊ ဧပြီ ၂၇




စစ်ကိုင်းတိုင်း၊ မုံရွာလမ်းပေါ်တွင် စစ်ကား အစီး ၆၀ နီးပါး သွားလာတပ်ရွှေ့နေ

ရန်ကုန်၊ ဧပြီ ၂၇
မန္တလေးမှ စစ်ကိုင်းတိုင်းဘက်သို့ စစ်ကား အစီး ၆၀ နီးပါး သွားလာကြောင်း စစ်ကားဖြတ်သန်းရာ လမ်းဘေးလမ်းတလျှောက်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်မန္တလေး-မုံရွာလမ်းမကြီးပေါ် စစ်ကိုင်းတက္ကသိုလ်အနီးတွင် စစ်ကား အစီး ၆၀ နီးပါး အလုံပိတ်ပြီး အလျှင်အမြန်မောင်းသွားကြောင်း၊ မုံရွာဘက်သို့ သွားခြင်းဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

“စစ်ကားတွေက အလုံပိတ်တွေ ။ အထဲမှာ စစ်သားတွေ ပါတယ်ထင်တယ်။ အလျှင်အမြန် မောင်းသွားကြတယ်။ စစ်ကိုင်းဘက်ကို ဖြတ်နေတာက ၁၀ နာရီခွဲလောက်ဖြတ်နေတာ။ မုံရွာဘက်ကို ဦးတည်ထင်တယ်။ PDF တွေသိအောင်ပြောပေးပါဦး”ဟု ဒေသခံပြည်သူတစ်ဦးက‌ ပြောဆိုသည်။

ဓာတ်ပုံ-ယနေ့ နံနက် ၁၀ နာရီခွဲအချိန် စစ်ကိုင်း-မုံရွာလမ်းပေါ်တွင် တွေ့ရသည့် စစ်ကား အစီး ၆၀