Local News

ရန်ကုန်မြို့လယ်ခေါင်တွင် ရွှေကုန်သည်တစ်ဦး စစ်တပ်ကို ငွေကျပ် ၄၈၀၀၀၀ ဆက်ကြေးပေးခဲ့ရ

ရန္ကုန္ၿမိဳ႕လယ္ေခါင္တြင္ သိန္းေထာင္ခ်ီေငြသား သယ္ေဆာင္သည့္ ေရႊကုန္သည္တစ္ဦးကို စစ္တပ္က ဖမ္းဆီးၿပီး ေငြညႇစ္၊ ကုန္သည္ျဖစ္ေၾကာင္း သက္ေသျပနိုင္သည့္တိုင္ စစ္တပ္ကို ေငြက်ပ္ ၄၈၀၀၀၀ ဆက္ေၾကးေပးခဲ့ရ

ရန္ကုန၊ ဧၿပီ ၂၇
ရန္ကုန္ၿမိဳ႕လယ္ေခါင္တြင္ ေငြက်ပ္ သိန္းေထာင္ခ်ီ ေငြသား သယ္ေဆာင္လာသည့္ ေရႊလုပ္ငန္းရွင္တစ္ဦးကို စစ္တပ္က ယမန္ေန႔ညေနပိုင္းက ဖမ္းဆီးၿပီး ေငြညႇစ္မႈ တစ္ရပ္ျဖစ္ပြားေၾကာင္း ေရႊလုပ္ငန္းလုပ္ကိုင္သူမ်ားထံမွ သိရွိရသည္။

ဧၿပီလ ၂၆ ရက္ေန႔ ညေန ပန္းဘဲတန္းၿမိဳ႕နယ္၊ ကုန္သည္လမ္း ၊ KBZ ဘဏ္႐ုံးေရွ႕တြင္ စစ္ေဆးေရးဟုဆိုကာ စစ္တပ္ႏွင့္ရဲက စစ္ေဆးေနၾကေၾကာင္း၊ ယင္းေနာက္ ေရႊအေရာင္းအဝယ္လုပ္ရန္ သိန္း ၁၇၀၀ သယ္ေဆာင္လာေသာ ေရႊလုပ္ငန္းရွင္ ၏ကားကို တားဆီး စစ္ေဆးၿပီး တစ္ဝက္ ေပးရမည္ဟု ေတာင္းယူေၾကာင္း၊ ေရႊလုပ္ငန္းရွင္ က ယခု သယ္ေဆာင္သည့္ ေငြမ်ားမွာ တရားဝင္ေငြေၾကးမ်ား ျဖစ္ၿပီး ေရႊႏွင့္ေငြကိုင္ေဆာင္မႈ လက္မွတ္မ်ားျပေသာ္လည္း လက္မခံဘဲ ညႇိႏွိုင္းမႈျဖင့္ ေငြက်ပ္ ၄၈၀၀၀၀ ေပးအပ္ခဲ့ရေၾကာင္း သိရွိရသည္။

“မေန႔ညေနပိုင္း ကုန္သည္လမ္း KBZ ႐ုံးေရွ႕မွာ စစ္တပ္က စစ္ေဆးေရးဆိုၿပီးေတာ့ ေရႊအေရာင္းအဝယ္လုပ္ဖို႔ပါတဲ့ သိန္းတစ္ေထာင့္ခုႏွစ္ရာကို ေတြ႕တဲ့အခါမွာ တစ္ဝက္ေတာင္းပါတယ္။ ေရႊနဲ႔က်ပ္ေငြကိုင္ေဆာင္မႈလက္မွတ္ျပလည္းမရဘူး။ စခန္းေမာင္းလို႔ပဲေျပာပါတယ္။ ​ေနာက္ဆုံး ၄၈၀၀၀၀ ေပးခဲ့ရတယ္။ ၿမိဳ႕လယ္ေခါင္ႀကီးေတာင္ ဓားျပတိုက္သလိုျဖစ္ေနတယ္” ဟု ေရႊလုပ္ကိုင္သူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

လက္ရွိ အာဏာသိမ္းစစ္တပ္လက္ေအာက္တြင္ ေရႊေရာင္းဝယ္သူမ်ားအေနျဖင့္လည္း လုံျခဳံမႈ ေပ်ာက္ဆုံးေနသည္ဟု ဆိုသည္။

“ပိုက္ဆံနဲ႔ေရႊလည္းေပၚတင္မကိုင္ရဲေတာ့ဘူး။ အိမ္မွာဆိုလည္း အရင္လို မီးခံေသတၱာထဲမထားရဲပါဘူး။ မထင္တဲ့ေနရာေတြမွာပဲဖြက္ေနရပါတယ္။ ၿမိဳ႕လယ္ေခါင္တည့္တည့္မွာေတာင္ ဓားျမတိုက္ခံေနရတယ္” ဟု ေရႊဝယ္ေရာင္းလုပ္သူတစ္ဦးက ရွင္းလင္းေျပာဆိုသည္။

ဓာတ္ပုံ- ရန္ကုန္ၿမိဳ႕လယ္တြင္ စစ္ေဆးမႈမ်ားလုပ္ေဆာင္ေနေသာ အၾကမ္းဖက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား။ (ပုံအေဟာင္းျဖစ္သည္)

Zawgyi

ရန်ကုန်မြို့လယ်ခေါင်တွင် သိန်းထောင်ချီငွေသား သယ်ဆောင်သည့် ရွှေကုန်သည်တစ်ဦးကို စစ်တပ်က ဖမ်းဆီးပြီး ငွေညှစ်၊ ကုန်သည်ဖြစ်ကြောင်း သက်သေပြနိုင်သည့်တိုင် စစ်တပ်ကို ငွေကျပ် ၄၈၀၀၀၀ ဆက်ကြေးပေးခဲ့ရ

ရန်ကုန်၊ ဧပြီ ၂၇
ရန်ကုန်မြို့လယ်ခေါင်တွင် ငွေကျပ် သိန်းထောင်ချီ ငွေသား သယ်ဆောင်လာသည့် ရွှေလုပ်ငန်းရှင်တစ်ဦးကို စစ်တပ်က ယမန်နေ့ညနေပိုင်းက ဖမ်းဆီးပြီး ငွေညှစ်မှု တစ်ရပ်ဖြစ်ပွားကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။

ဧပြီလ ၂၆ ရက်နေ့ ညနေ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်း ၊ KBZ ဘဏ်ရုံးရှေ့တွင် စစ်ဆေးရေးဟုဆိုကာ စစ်တပ်နှင့်ရဲက စစ်ဆေးနေကြကြောင်း၊ ယင်းနောက် ရွှေအရောင်းအဝယ်လုပ်ရန် သိန်း ၁၇၀၀ သယ်ဆောင်လာသော ရွှေလုပ်ငန်းရှင် ၏ကားကို တားဆီး စစ်ဆေးပြီး တစ်ဝက် ပေးရမည်ဟု တောင်းယူကြောင်း၊ ရွှေလုပ်ငန်းရှင် က ယခု သယ်ဆောင်သည့် ငွေများမှာ တရားဝင်ငွေကြေးများ ဖြစ်ပြီး ရွှေနှင့်ငွေကိုင်ဆောင်မှု လက်မှတ်များပြသော်လည်း လက်မခံဘဲ ညှိနှိုင်းမှုဖြင့် ငွေကျပ် ၄၈၀၀၀၀ ပေးအပ်ခဲ့ရကြောင်း သိရှိရသည်။

“မနေ့ညနေပိုင်း ကုန်သည်လမ်း KBZ ရုံးရှေ့မှာ စစ်တပ်က စစ်ဆေးရေးဆိုပြီးတော့ ရွှေအရောင်းအဝယ်လုပ်ဖို့ပါတဲ့ သိန်းတစ်ထောင့်ခုနှစ်ရာကို တွေ့တဲ့အခါမှာ တစ်ဝက်တောင်းပါတယ်။ ရွှေနဲ့ကျပ်ငွေကိုင်ဆောင်မှုလက်မှတ်ပြလည်းမရဘူး။ စခန်းမောင်းလို့ပဲပြောပါတယ်။ ​နောက်ဆုံး ၄၈၀၀၀၀ ပေးခဲ့ရတယ်။ မြို့လယ်ခေါင်ကြီးတောင် ဓားပြတိုက်သလိုဖြစ်နေတယ်” ဟု ရွှေလုပ်ကိုင်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိ အာဏာသိမ်းစစ်တပ်လက်အောက်တွင် ရွှေရောင်းဝယ်သူများအနေဖြင့်လည်း လုံခြုံမှု ပျောက်ဆုံးနေသည်ဟု ဆိုသည်။

“ပိုက်ဆံနဲ့ရွှေလည်းပေါ်တင်မကိုင်ရဲတော့ဘူး။ အိမ်မှာဆိုလည်း အရင်လို မီးခံသေတ္တာထဲမထားရဲပါဘူး။ မထင်တဲ့နေရာတွေမှာပဲဖွက်နေရပါတယ်။ မြို့လယ်ခေါင်တည့်တည့်မှာတောင် ဓားမြတိုက်ခံနေရတယ်” ဟု ရွှေဝယ်ရောင်းလုပ်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်မြို့လယ်တွင် စစ်ဆေးမှုများလုပ်ဆောင်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)