Local News

မနေ့ညနေက ဖြစ်သွားတာ (ဇွဲကပင်တောင်ပေါ်မှာ မလိုလားအပ်သည့် အ.နိဌာရုံဖြစ်ရပ်များမဖြစ်ရအောင်)

ဇွဲကပင်တောင်ပေါ်မှာ မလိုလားအပ်သည့် အနိဌာရုံဖြစ်ရပ်များမဖြစ်ရအောင် ဂေါပကအဖွဲ့နဲ့ ပရဟိတအသင်းများ စောင့်ကြပ်ကြည့်ရှုနေ ၂၇.၄.၂၀၂၂

မနေ့ညနေပိုင်းက အသက် (17) နှစ်အရွယ် မ ဇွန်…

ဆိုသူ အမျိုးသမီးငယ်တစ်ဦးဟာ ဇွဲကပင်တောင်ပေါ်တက်ပြီး ခုန်ချဖို့ကြံစည်ကြိုးစားရာမှာ တာဝန်ရှိသူများက အချိန်မှီသိရှိပြီး တားဆီးနိုင်ခဲ့တဲ့အတွက် အထမမြောက်ခဲ့ဘူးလို့ သိရပါတယ်။

ဒီနေ့မှာတော့ ဇွဲကပင်တောင်ပေါ်မှာ မလိုလားအပ်တဲ့ အနိဌာရုံဖြစ်ရပ်များ မဖြစ်ရလေအောင် ဂေါပကအဖွဲ့နဲ့ နယ်ခံပရဟိတအသင်းများက ဇွဲကပင်တောင်တက်လမ်း အရှေ့ခြမ်းလမ်းနဲ့ အနောက်ဘက်လမ်း နှစ်လမ်းလုံးကို စောင့်ကြပ်
ကြည့်ရှုနေကြကြောင်း ကြားသိရပါတယ်။ ညီသုတ

ကရင်ပြည်နယ်ရဲ့ အထင်ကရ ကရင်တိုင်းရင်းသားတို့ရဲ့ အမှတ်သားဖြစ်တဲ့ ဇွဲကပင်တောင်ပေါ်မှာ အခုလိုအဖြစ်ပျက်တွေ ဖြစ်နေတာ မြင်နေကြားနေရတာဟာ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်

ဒါကြောင့် ဇွဲကပင်မြေကို ကျေးဇူးပြုပြီး အရောင်မဆိုးကြပါနက်လို့ ပြောချင်ပါတယ်

မိဘတွေအနေနဲ့လည်း ကိုယ့်ရဲ့သားသမီး လူငယ်တွေကို တစ်ယောက်တည်း စိတ်ချလက်ချမလွတ်ကြဖို့ အကြံပြုချင်ပါတယ်

တစ်ခုခုဖြစ်တာနဲ့ မိဘတွေ ရင်ကျိုးရမယ် တာဝန်ရှိသူတွေ ဂေါပက တွေ မီးသတ်တွေ အားလုံးအလုပ်ရှုပ်ကြမယ်

ဒီကာလကြီးမှာဆိုတော့ ပိုပြီးတောင် မဖြစ်စေချင်တာပါ တိုင်းပြည်အရေးတမျိုး သူတို့ကတမျိုးနဲ့ အားလုံးသတိရှိကြစေချင်ပါတယ်

ဇွဲကပင်မြေနဲ့သဘာဝအလှအပတွေကို မိမိကြောင့် ရုပ်ဆိုးအကျည်းတန်တာမျိုးမဖြစ်ဖို့ ဂရုစိုက်ကြဖို့လိုပါတယ်

မြန်မာပြည်သူပြည်သားအားလုံး ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ ။ မောင်ကျော်(မော်လမြိုင်)

ဇြဲကပင္ေတာင္ေပၚမွာ မလိုလားအပ္သည့္ အနိဌာ႐ုံျဖစ္ရပ္မ်ားမျဖစ္ရေအာင္ ေဂါပကအဖြဲ႕နဲ႔ ပရဟိတအသင္းမ်ား ေစာင့္ၾကပ္ၾကည့္ရႈေန ၂၇.၄.၂၀၂၂

မေန႔ညေနပိုင္းက အသက္ (17) ႏွစ္အ႐ြယ္ မ ဇြန္…

ဆိုသူ အမ်ိဳးသမီးငယ္တစ္ဦးဟာ ဇြဲကပင္ေတာင္ေပၚတက္ၿပီး ခုန္ခ်ဖို႔ႀကံစည္ႀကိဳးစားရာမွာ တာဝန္ရွိသူမ်ားက အခ်ိန္မွီသိရွိၿပီး တားဆီးႏိုင္ခဲ့တဲ့အတြက္ အထမေျမာက္ခဲ့ဘူးလို႔ သိရပါတယ္။

ဒီေန႔မွာေတာ့ ဇြဲကပင္ေတာင္ေပၚမွာ မလိုလားအပ္တဲ့ အနိဌာ႐ုံျဖစ္ရပ္မ်ား မျဖစ္ရေလေအာင္ ေဂါပကအဖြဲ႕နဲ႔ နယ္ခံပရဟိတအသင္းမ်ားက ဇြဲကပင္ေတာင္တက္လမ္း အေရွ႕ျခမ္းလမ္းနဲ႔ အေနာက္ဘက္လမ္း ႏွစ္လမ္းလုံးကို ေစာင့္ၾကပ္
ၾကည့္ရႈေနၾကေၾကာင္း ၾကားသိရပါတယ္။ Crd ညီသုတ

ကရင္ျပည္နယ္ရဲ႕ အထင္ကရ ကရင္တိုင္းရင္းသားတို႔ရဲ႕ အမွတ္သားျဖစ္တဲ့ ဇြဲကပင္ေတာင္ေပၚမွာ အခုလိုအျဖစ္ပ်က္ေတြ ျဖစ္ေနတာ ျမင္ေနၾကားေနရတာဟာ အရမ္းစိတ္မေကာင္းျဖစ္ရပါတယ္

ဒါေၾကာင့္ ဇြဲကပင္ေျမကို ေက်းဇူးျပဳၿပီး အေရာင္မဆိုးၾကပါနက္လို႔ ေျပာခ်င္ပါတယ္

မိဘေတြအေနနဲ႔လည္း ကိုယ့္ရဲ႕သားသမီး လူငယ္ေတြကို တစ္ေယာက္တည္း စိတ္ခ်လက္ခ်မလြတ္ၾကဖို႔ အႀကံျပဳခ်င္ပါတယ္

တစ္ခုခုျဖစ္တာနဲ႔ မိဘေတြ ရင္က်ိဳးရမယ္ တာဝန္ရွိသူေတြ ေဂါပက ေတြ မီးသတ္ေတြ အားလုံးအလုပ္ရႈပ္ၾကမယ္

ဒီကာလႀကီးမွာဆိုေတာ့ ပိုၿပီးေတာင္ မျဖစ္ေစခ်င္တာပါ တိုင္းျပည္အေရးတမ်ိဳး သူတို႔ကတမ်ိဳးနဲ႔ အားလုံးသတိရွိၾကေစခ်င္ပါတယ္

ဇြဲကပင္ေျမနဲ႔သဘာဝအလွအပေတြကို မိမိေၾကာင့္ ႐ုပ္ဆိုးအက်ည္းတန္တာမ်ိဳးမျဖစ္ဖို႔ ဂ႐ုစိုက္ၾကဖို႔လိုပါတယ္

ျမန္မာျပည္သူျပည္သားအားလုံး ေဘးရန္ကင္းကြာ က်န္းမာခ်မ္းသာၾကပါေစ ။ ေမာင္ေက်ာ္(ေမာ္လၿမိဳင္)