Local News

“ချစ်ခြင်းမေတ္တာအကြောင်း ပြန်ပြောချင်ပါတယ် ၊ အမေ ပြန်လာတဲ့အခါပေါ့”

“ခ်စ္ျခင္းေမတၱာအေၾကာင္း ျပန္ေျပာခ်င္ပါတယ္ ၊ အေမ ျပန္လာတဲ့အခါေပါ့”

ခုေတာ့ အေမ့ကို ေမ့ထားမွ ျဖစ္မယ့္ကာလေတြပဲ အေမ။

အေမက ဆုံးမခဲ့တယ္ မဟုတ္လား။ အမုန္းတရားကို ႏွလုံးသားထဲ အဝင္မခံနဲ႔တဲ့။ နာက်ည္းရလြန္းတဲ့အခါ ဘာခ်စ္ျခင္းေမတၱာမွ ကိန္းမရေတာ့တဲ့ ႏွလုံးသားအတြက္ အမုန္းတရားဟာ ဆက္႐ုန္းကန္ဖို႔ ေလာင္စာပဲ အေမ။ ခြင့္လႊတ္ပါ။

စိတ္ေတြကို စည္း႐ုံးပါတဲ့။ ေမတၱာတရားဟာ မတန္တဲ့မိစၧာေတြကို ေပးမရေၾကာင္း အေမဟာ အေကာင္းဆုံး သက္ေသပဲ။ ေမတၱာသုတ္နဲ႔မရတဲ့အခါ ႏွစ္တစ္လက္မတုတ္ကပဲ ပိုအသုံးဝင္တယ္အေမ။ ပါးရိုက္လြန္းလို႔ နားထကိုက္ရတဲ့အခါ၊ တရားခ်မရလြန္းလို႔ ပါးထခ်ရတဲ့အခါ အေမဆူလည္း ရယ္က်ဲက်ဲနဲ႔ ေနရေတာ့မွာပဲ။ ခြင့္လႊတ္ပါ။

အေမ ဘယ္လို သည္းခံခဲ့လဲ။ မသင္ယူခ်င္ေတာ့ဘူးအေမ။ ဒီမ်ိဳးဆက္ဟာ သည္းခံျခင္းတရားေတြနဲ႔ခ်ည္း ေနခဲ့ရေတာ့ တုံဏွိဘာေဝ။ အေမ ဘယ္လိုသည္းခံခဲ့လဲဆိုတာထက္ အေမဘယ္လို ေခါင္းမာခဲ့လဲပဲ သင္ေတာ့မယ္။

အေမကေတာ့ ဆုံးမရွာတယ္။ သားသမီးေတြကလည္း လိမၼာခ်င္ပါတယ္။ ေခတ္ဆိုးနဲ႔ တိုးတဲ့အခါ၊ ကန္ေတာ့ပါရဲ့ အေမ…. ေခတ္ဆိုးမွာ MaALoe ေတြနဲ႔ တိုးတဲ့အခါ အေမ့သားဆိုး သမီးဆိုးေတြပဲ ေရွ႕တိုးၾကတာ။

သားတို႔ လိမၼာေနပါၿပီ… အေမျပန္လာပါဆိုတဲ့စာက မိစၧာလက္တံေတြၾကား အေမလည္း မျမင္နိုင္ မၾကားနိုင္ေတာ့။ အေမ့ဆီကို ေရာက္ဖို႔ ဘယ္ႏွမိုင္ေဝးလဲ။ ဘယ္လမ္းကသြားရင္ အေမ့ဆီေရာက္မလဲ။ ဥာဏ္ပညာနဲ႔ ခ်စ္ျခင္းတရား မရွိေတာ့တဲ့အရပ္မွာ ပန္းေတြ မပြင့္ဘူး။ Gun ေတြသာ အညြန္႔အဖူးအႏြယ္အလိပ္ေတြနဲ႔ လူငယ္လက္ေတြကို တြားတက္ေနေတာ့တာ အေမ။

ေသရဲတဲ့ေကာင္ ထြက္ခဲ့တဲ့။ ေသရဲတဲ့ေကာင္ထြက္ခဲ့ဆိုတဲ့ေကာင္ ထြက္ခဲ့လို႔ ေျပာနိုင္ဖို႔ အံေတြ ႀကိတ္ထားခဲ့တာ စကၠန္႔မလပ္ပဲ။ အေမေျပာမယ့္ တရားေတြ ႏွလုံးသားက ၾကားတယ္၊ ႏွလုံးသားနဲ႔ပဲ ျပန္ပိတ္ဆို႔ထားရတယ္။ ဒီစစ္ဟာ ခ်စ္ျခင္းေမတၱာေတြ ျပန္ရဖို႔ တိုက္ရတဲ့စစ္မဟုတ္လား အေမ။

ေျမျပင္က ေစြးေစြးနီတဲ့ ေသြးေတြဟာ ဖုန္းစခရင္ကေနပါ စင္ထြက္လာတယ္။ ဒီေခတ္ဆိုးထဲမွာ မတရားမႈကို ဆန္႔က်င္သူတိုင္း ေသြးအလူးလူးနဲ႔ ေသေနတဲ့ အနာဂတ္ေတြ၊ ေလာင္မီးက်ေနတဲ့ အိမ္ေတြ၊ ဘာအသီးအပြင့္မွ မျဖစ္ထြန္းနိုင္ေတာ့တဲ့ ယာေတာေတြ ဘာအညြန္႔အဖူးမွ မရွိေတာ့တဲ့ စာသင္ခန္းေတြ

အေမေရ… ျပန္လာပါလို႔ အေမ့သားသမီးေတြက ေအာ္ဟစ္ညည္းတြားမေနေတာ့ဘူး စစ္ဘီလူးေတြ လက္သည္းၾကားက အကုတ္အဖဲ့ခံ တြားတက္ၿပီး ခ်စ္ျခင္းေမတၱာကို ျပန္ရဖို႔ အစြမ္းကုန္ မုန္းထားခဲ့ရၿပီ။

ပန္ဆယ္လို ေရးတဲ့စာပါ….❤️

“ချစ်ခြင်းမေတ္တာအကြောင်း ပြန်ပြောချင်ပါတယ် ၊ အမေ ပြန်လာတဲ့အခါပေါ့”

ခုတော့ အမေ့ကို မေ့ထားမှ ဖြစ်မယ့်ကာလတွေပဲ အမေ။

အမေက ဆုံးမခဲ့တယ် မဟုတ်လား။ အမုန်းတရားကို နှလုံးသားထဲ အဝင်မခံနဲ့တဲ့။ နာကျည်းရလွန်းတဲ့အခါ ဘာချစ်ခြင်းမေတ္တာမှ ကိန်းမရတော့တဲ့ နှလုံးသားအတွက် အမုန်းတရားဟာ ဆက်ရုန်းကန်ဖို့ လောင်စာပဲ အမေ။ ခွင့်လွှတ်ပါ။

စိတ်တွေကို စည်းရုံးပါတဲ့။ မေတ္တာတရားဟာ မတန်တဲ့မိစ္ဆာတွေကို ပေးမရကြောင်း အမေဟာ အကောင်းဆုံး သက်သေပဲ။ မေတ္တာသုတ်နဲ့မရတဲ့အခါ နှစ်တစ်လက်မတုတ်ကပဲ ပိုအသုံးဝင်တယ်အမေ။ ပါးရိုက်လွန်းလို့ နားထကိုက်ရတဲ့အခါ၊ တရားချမရလွန်းလို့ ပါးထချရတဲ့အခါ အမေဆူလည်း ရယ်ကျဲကျဲနဲ့ နေရတော့မှာပဲ။ ခွင့်လွှတ်ပါ။

အမေ ဘယ်လို သည်းခံခဲ့လဲ။ မသင်ယူချင်တော့ဘူးအမေ။ ဒီမျိုးဆက်ဟာ သည်းခံခြင်းတရားတွေနဲ့ချည်း နေခဲ့ရတော့ တုံဏှိဘာဝေ။ အမေ ဘယ်လိုသည်းခံခဲ့လဲဆိုတာထက် အမေဘယ်လို ခေါင်းမာခဲ့လဲပဲ သင်တော့မယ်။

အမေကတော့ ဆုံးမရှာတယ်။ သားသမီးတွေကလည်း လိမ္မာချင်ပါတယ်။ ခေတ်ဆိုးနဲ့ တိုးတဲ့အခါ၊ ကန်တော့ပါရဲ့ အမေ…. ခေတ်ဆိုးမှာ MaALoe တွေနဲ့ တိုးတဲ့အခါ အမေ့သားဆိုး သမီးဆိုးတွေပဲ ရှေ့တိုးကြတာ။

သားတို့ လိမ္မာနေပါပြီ… အမေပြန်လာပါဆိုတဲ့စာက မိစ္ဆာလက်တံတွေကြား အမေလည်း မမြင်နိုင် မကြားနိုင်တော့။ အမေ့ဆီကို ရောက်ဖို့ ဘယ်နှမိုင်ဝေးလဲ။ ဘယ်လမ်းကသွားရင် အမေ့ဆီရောက်မလဲ။ ဉာဏ်ပညာနဲ့ ချစ်ခြင်းတရား မရှိတော့တဲ့အရပ်မှာ ပန်းတွေ မပွင့်ဘူး။ Gun တွေသာ အညွန့်အဖူးအနွယ်အလိပ်တွေနဲ့ လူငယ်လက်တွေကို တွားတက်နေတော့တာ အမေ။

သေရဲတဲ့ကောင် ထွက်ခဲ့တဲ့။ သေရဲတဲ့ကောင်ထွက်ခဲ့ဆိုတဲ့ကောင် ထွက်ခဲ့လို့ ပြောနိုင်ဖို့ အံတွေ ကြိတ်ထားခဲ့တာ စက္ကန့်မလပ်ပဲ။ အမေပြောမယ့် တရားတွေ နှလုံးသားက ကြားတယ်၊ နှလုံးသားနဲ့ပဲ ပြန်ပိတ်ဆို့ထားရတယ်။ ဒီစစ်ဟာ ချစ်ခြင်းမေတ္တာတွေ ပြန်ရဖို့ တိုက်ရတဲ့စစ်မဟုတ်လား အမေ။

မြေပြင်က စွေးစွေးနီတဲ့ သွေးတွေဟာ ဖုန်းစခရင်ကနေပါ စင်ထွက်လာတယ်။ ဒီခေတ်ဆိုးထဲမှာ မတရားမှုကို ဆန့်ကျင်သူတိုင်း သွေးအလူးလူးနဲ့ သေနေတဲ့ အနာဂတ်တွေ၊ လောင်မီးကျနေတဲ့ အိမ်တွေ၊ ဘာအသီးအပွင့်မှ မဖြစ်ထွန်းနိုင်တော့တဲ့ ယာတောတွေ ဘာအညွန့်အဖူးမှ မရှိတော့တဲ့ စာသင်ခန်းတွေ

အမေရေ… ပြန်လာပါလို့ အမေ့သားသမီးတွေက အော်ဟစ်ညည်းတွားမနေတော့ဘူး စစ်ဘီလူးတွေ လက်သည်းကြားက အကုတ်အဖဲ့ခံ တွားတက်ပြီး ချစ်ခြင်းမေတ္တာကို ပြန်ရဖို့ အစွမ်းကုန် မုန်းထားခဲ့ရပြီ။

ပန်ဆယ်လို ရေးတဲ့စာပါ….❤️