News

ပုံတောင်ပုံညာရှိ ချောင်းတစ်ခုအတွင်းရေချိုးနေသည့် စစ်ကောင်စီတပ်သားရှစ်ဦးကို ယောတပ်(YDF)တိုက်ခိုက်



ဧပြီ ၂ရရက် ညနေ ၅နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးသည် ပုံတောင်ပုံညာအနီးရှုခင်းသာချောင်းတစ်နေရာတွင် ရေချိုးရန်ရောက်ရှိလာစဉ် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း (၁၃)က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။



ပုံတောင်ပုံညာရှိ ချောင်းတစ်ခုအတွင်းရေချိုးနေသည့် စစ်ကောင်စီတပ်သားရှစ်ဦးကို ယောတပ်(YDF)တိုက်ခိုက်ရာ ခြောက်ဦးသေဆုံးပြီး နှစ်ဦးထွက်ပြေး

မောင်ကြီး/ People’s Spring
ပုံတောင်ပုံညာတွင်စခန်းချနေသည့် စစ်ကောင်စီတပ်သား ရှစ်ဦး ချောင်းတစ်ခုအတွင်း ရေချိုးဆင်းစဉ် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ကတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးပြီး နှစ်ဦးထွက်ပြေးလွတ်မြောက်သွားသည်။

ဧပြီ ၂ရရက် ညနေ ၅နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးသည် ပုံတောင်ပုံညာအနီးရှုခင်းသာချောင်းတစ်နေရာတွင် ရေချိုးရန်ရောက်ရှ်ိလာစဉ် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း (၁၃)က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” စစ်ခွေးခြောက်ဦးကျပြီး စစ်ခွေးနှစ်ယောက် ဒဏ်ရာနဲ့ထွက်​ပြေးလွတ်မြောက်သွားသည်”ဟု ယောဒေသပြည်သူ့ကာကွယ်ရေးတပ်(YDF)က ယနေ့(ဧပြီ ၂၈) သတင်းထုတ်ပြန်သည်။

YDFသည် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား နေ့စဉ်တိုက်ခိုက်နေပြီး ဧပြီ ၂ရရက် နံနက်ပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့သည်။ ဧပြီ ၂၆ရက်က တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား တစ်ဦးကို လက်နက်ခဲယမ်းများနှင့် ဖမ်းမိခဲ့သည်။ စစ်သုံ့ပန်းစည်းကမ်းနှင့်အညီ ထိန်းသိမ်းထားသည်ဟု YDF က ထုတ်ပြန်ထားသည်။