News

မြောင်တွင် (၂၆)ကျောင်းမြောက် အလယ်တန်းကျောင်းကို တော်လှန်ရေးအင်အားစုများက ဖွင့်လှစ်

မြောင်တွင် (၂၆)ကျောင်းမြောက် အလယ်တန်းကျောင်းကို တော်လှန်ရေးအင်အားစုများက ဖွင့်လှစ်

မြောင်ပညာရေးကွန်ရက်မှ စစ်ကျွန်ပညာရေးကိုဆန့်ကျင်ကာ ၂၆ ကျောင်းမြောက် အခြေခံပညာအလယ်တန်းကျောင်းကို ဖွင့်လှစ်၊ PDF များ လုံခြုံရေးယူပေး

ရန်ကုန်၊ ဧပြီ ၂
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် မြောင်ပညာရေးကွန်ရက် Myaung Education Network မှ ဖွင့်လှစ်သော စစ်ကျွန်ပညာရေးကို ဆန့်ကျင်ပြီး သခင်ပညာရေးအားသင်ကြားသော ၂၆ ကျောင်းမြောက် အလယ်တန်းကျောင်း MEDUS-26 ကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်းသတင်းရရှိသည်။

စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကာ CDM ပြုလုပ်လာသော ဆရာ ဆရာမများ၊ သခင်စိတ်ဖြင့်သင်ကြားပေးမည့် ဆရာဆရာမများမှ မွေးထုတ်ပေး​ပြီး သခင်စိတ်ရှိလာကြမည့် ကျောင်းသားကျောင်းသူများ၊ သခင်ပညာရေးကို လိုလားစွာ ဝန်းရံပေးကြသည့် ပြည်သူများ၊ သခင်ပညာရေးဖြစ်မြောက်နိုင်ရန် လုံခြုံရေးယူဆောင်ရွက်ပေးကြသော ကာကွယ်ရေးအဖွဲ့များ၊ သခင်စိတ်ရှိသော CDM ဆရာ ဆရာမများနှင့် လက်တွဲပြီး သခင်ပညာရေးလည်ပတ်နိုင်ရန် ဝိုင်းဝန်းကူညီကြသော ဗော်လန်တီယာဆရာ ဆရာမများမှ ပူးပေါင်းပါဝင်လုပ်ဆောင်နေခြင်းကြောင့် သခင်ပညာရေးဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း မြောင်ပညာရေးကွန်ရက်ထံမှ သိရှိရသည်။


အဆိုပါ ကျောင်းဖွင့်ပွဲသို့ တိုင်းဒေသကြီးအမတ်တဦးလည်းဖြစ်သူ အမျိုးသမီးစစ်သည်တော်တပ်ရင်း M2W မှ ဒုတပ်ရင်းမှူး နွေဦးဒေဝီ၊ မြောင်ပညာရေးကွန်ယက်မှကျောင်းစီမံခန့်ခွဲရေးတာဝန်ခံ မထရီဇာ၊ မြောင်ပညာရေးကွန်ယက်၏ပညာရေးတာဝန်ခံ ဆရာရတနာသိဏ္ခ၊ ကိုနွေဦး-မြောင်၊ MEDUS-26၏ ကျောင်းတာဝန်ခံနှင့် ရပ်မိရပ်ဖ၊ မြောင်ပညာရေး ဘုတ်အဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်းဲပ်ခွဲ(၂) တပ်ခွဲ (၃ )ဒုရင်းမှုးကိုတိုက်ဂါး၊ တောင်ပိုင်းခေါင်းဆောင် ဗိုလ်ကျားသစ်တို့မှ ဂုဏ်ပြုစကားများ ပြောကြားကြောင်း သတင်းရရှိသည်။

ကျောင်းဖွင့်ပွဲကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော CDSOM၊ PDF Taloke၊ MGN Ranger၊ မြောင်တပ်ရင်း ၆၊ CRF မြင်းမူ တို့က ပူးပေါင်းလုံခြုံရေးယူပေးခဲ့ကြောင်း သိရှိရသည်။

Photo Credit – နွေဦး-မြောင်

ေျမာင္တြင္ (၂၆)ေက်ာင္းေျမာက္ အလယ္တန္းေက်ာင္းကို ေတာ္လွန္ေရးအင္အားစုမ်ားက ဖြင့္လွစ္

ေျမာင္ပညာေရးကြန္ရက္မွ စစ္ကၽြန္ပညာေရးကိုဆန႔္က်င္ကာ ၂၆ ေက်ာင္းေျမာက္ အေျခခံပညာအလယ္တန္းေက်ာင္းကို ဖြင့္လွစ္၊ PDF မ်ား လုံျခဳံေရးယူေပး

ရန္ကုန္၊ ဧၿပီ ၂
စစ္ကိုင္းတိုင္း၊ ေျမာင္ၿမိဳ႕နယ္တြင္ ေျမာင္ပညာေရးကြန္ရက္ Myaung Education Network မွ ဖြင့္လွစ္ေသာ စစ္ကၽြန္ပညာေရးကို ဆန႔္က်င္ၿပီး သခင္ပညာေရးအားသင္ၾကားေသာ ၂၆ ေက်ာင္းေျမာက္ အလယ္တန္းေက်ာင္း MEDUS-26 ကို ဖြင့္လွစ္ေပးနိုင္ခဲ့ေၾကာင္းသတင္းရရွိသည္။

စစ္ကၽြန္ပညာေရးကို ဆန႔္က်င္ကာ CDM ျပဳလုပ္လာေသာ ဆရာ ဆရာမမ်ား၊ သခင္စိတ္ျဖင့္သင္ၾကားေပးမည့္ ဆရာဆရာမမ်ားမွ ေမြးထုတ္ေပး​ၿပီး သခင္စိတ္ရွိလာၾကမည့္ ေက်ာင္းသားေက်ာင္းသူမ်ား၊ သခင္ပညာေရးကို လိုလားစြာ ဝန္းရံေပးၾကသည့္ ျပည္သူမ်ား၊ သခင္ပညာေရးျဖစ္ေျမာက္နိုင္ရန္ လုံျခဳံေရးယူေဆာင္ရြက္ေပးၾကေသာ ကာကြယ္ေရးအဖြဲ႕မ်ား၊ သခင္စိတ္ရွိေသာ CDM ဆရာ ဆရာမမ်ားႏွင့္ လက္တြဲၿပီး သခင္ပညာေရးလည္ပတ္နိုင္ရန္ ဝိုင္းဝန္းကူညီၾကေသာ ေဗာ္လန္တီယာဆရာ ဆရာမမ်ားမွ ပူးေပါင္းပါဝင္လုပ္ေဆာင္ေနျခင္းေၾကာင့္ သခင္ပညာေရးဟု ေခၚဆိုျခင္းျဖစ္ေၾကာင္း ေျမာင္ပညာေရးကြန္ရက္ထံမွ သိရွိရသည္။


အဆိုပါ ေက်ာင္းဖြင့္ပြဲသို႔ တိုင္းေဒသႀကီးအမတ္တဦးလည္းျဖစ္သူ အမ်ိဳးသမီးစစ္သည္ေတာ္တပ္ရင္း M2W မွ ဒုတပ္ရင္းမႉး ေႏြဦးေဒဝီ၊ ေျမာင္ပညာေရးကြန္ယက္မွေက်ာင္းစီမံခန္႔ခြဲေရးတာဝန္ခံ မထရီဇာ၊ ေျမာင္ပညာေရးကြန္ယက္၏ပညာေရးတာဝန္ခံ ဆရာရတနာသိဏၡ၊ ကိုေႏြဦး-ေျမာင္၊ MEDUS-26၏ ေက်ာင္းတာဝန္ခံႏွင့္ ရပ္မိရပ္ဖ၊ ေျမာင္ပညာေရး ဘုတ္အဖြဲ႕၊ စစ္ကိုင္းခရိုင္ တပ္ရင္းဲပ္ခြဲ(၂) တပ္ခြဲ (၃ )ဒုရင္းမႈးကိုတိုက္ဂါး၊ ေတာင္ပိုင္းေခါင္းေဆာင္ ဗိုလ္က်ားသစ္တို႔မွ ဂုဏ္ျပဳစကားမ်ား ေျပာၾကားေၾကာင္း သတင္းရရွိသည္။

ေက်ာင္းဖြင့္ပြဲကို ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားျဖစ္ေသာ CDSOM၊ PDF Taloke၊ MGN Ranger၊ ေျမာင္တပ္ရင္း ၆၊ CRF ျမင္းမူ တို႔က ပူးေပါင္းလုံျခဳံေရးယူေပးခဲ့ေၾကာင္း သိရွိရသည္။

Photo Credit – ေႏြဦး-ေျမာင္