Local News

ကျားတက်ရဲစခန်း PDFများဝင်တိုက်ရာ ထွက်ပြေးသည့်အကြမ်းဖက်စစ်သား ငါးဦးလက်နက်ချအညံ့ခံ

ဆားလင္းႀကီးၿမိဳ႕နယ္ က်ားတက္ရဲစခန္း PDFမ်ားဝင္တိုက္ရာ ရဲရွစ္ဦးထက္မနည္းေသဟု ၿမိဳင္ PDFမွ ဗိုလ္Cross ေျပာ

ထြက္ေျပးသည့္ အၾကမ္းဖက္စစ္သား ငါးဦးခန႔္ လက္နက္ခ်အညံ့ခံဟုဆို

ရဲေခါင္/People’s Spring
စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္ က်ားတက္ရဲစခန္းဝင္ေရာက္တိုက္ခိုက္ရာ ရဲရွစ္ဦးထက္မနည္းေသဆုံးေၾကာင္း ၿမိဳင္ PDF မွ ဗိုလ္ Crossက People’s Springသို႔ ေျပာသည္။

ယေန႔(ဧၿပီလ ၂၈ ရက္) ေန႔လယ္ ၁၂ နာရီကစ၍ က်ားတက္ရဲစခန္းကို ၿမိဳင္၊ေရစႀကိဳႏွင့္ ဆားလင္းႀကီး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ား ဝင္ေရာက္ စီးနင္းကာ ၄နာရီ ၾကာအျပန္အလွန္ပစ္ခတ္ခဲ့သည္ဟု ဆိုသည္။

“စခန္းကို မီးရွို႔နိုင္ခဲ့တယ္။အနည္းဆုံး ရဲ ရွစ္ဦးေသတယ္။ေလာေလာဆယ္ စစ္ေရးအေျခအေနအရ မျပတ္ေသးဘူး”ဟု ဗိုလ္ Cross က ရွင္းျပသည္။

ထို႔အျပင္ က်ားတက္ရဲစခန္းဝင္ေရာက္စီးနင္းခံရမႈေၾကာင့္ အၾကမ္းဖက္စစ္ေကာင္စီက ပုလဲၿမိဳ႕ နယ္မွတစ္ဆင့္ တပ္ကူလာသည့္ စစ္ကားေလးစီးကို ပုလဲၿမိဳ႕ ႏွင့္ က်ားတက္ရြာၾကားရွိ ေရႊယမင္းေက်းရြာအနီး မိုင္း ေလးႀကိမ္ဆြဲတိုက္ခိုက္ရာ ကားႏွစ္စီးပ်က္စီးခဲ့သည္ဟု ေရစႀကိဳၿမိဳ႕နယ္ PDF တပ္ဖြဲ႕ဝင္တစ္ဦးက အတည္ျပဳသည္။

က်ားတက္ရဲစခန္းသိမ္းတိုက္ပြဲအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္သား ငါးဦးခန္႔မွာလည္း လက္နက္ခ် အညံ့ခံမႈရွိခဲ့သည္ဟု သတင္းလည္း ထြက္ေပၚေနသည္။

” အဲဒီစခန္းမွာ ရဲနဲ႔ စစ္သားေတြ ေပါင္းေနၾကတာ။ ေသတာက ရဲေတြ ေသတာမ်ားတယ္။ စစ္သားေတြက ထြက္ေျပးၾကတာ။ အဲဒီထဲက ငါးေယာက္က လက္နက္ခ်အညံ့ခံတယ္လို႔ သိရတယ္”ဟု ၿမိဳင္ PDF မွ ရဲေဘာ္တစ္ဦးက ေျပာသည္။

လက္ရွိတြင္ စစ္ကူလာသည့္ အၾကမ္းဖက္စစ္ေကာင္စီက က်ားတက္ရြာစာသင္ေက်ာင္းတြင္ ယခုညပိုင္းတြင္ တပ္စြဲထားၿပီး မၾကာခဏ ေသနတ္ပစ္ေဖာက္ေနသည္ဟု ေဒသခံတစ္ဦးက ဆိုသည္။”စခန္း ျပာက်သြားတယ္ဆိုတာ ဟုတ္ပါတယ္။စစ္ကားႏွစ္စီးနဲ႔ ရြာထဲက ေက်ာင္းမွာ တပ္လာစြဲေနတယ္”ဟု ၎က ေျပာသည္။

(က်ားတက္ရြာ မူးယစ္းေဆးဝါးတိုက္ဖ်က္ေရးေန႔အျဖစ္ ေဟာေျပာပြဲျပဳလုပ္ေနေသာ ရဲႏွစ္ဦးအား ၂၀၁၆က ေတြ႕ရစဥ္)

ဆားလင်းကြီးမြို့နယ် ကျားတက်ရဲစခန်း PDFများဝင်တိုက်ရာ ရဲရှစ်ဦးထက်မနည်းသေဟု မြိုင် PDFမှ ဗိုလ်Cross ပြော

ထွက်ပြေးသည့် အကြမ်းဖက်စစ်သား ငါးဦးခန့် လက်နက်ချအညံ့ခံဟုဆို

ရဲခေါင်/People’s Spring
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ကျားတက်ရဲစခန်းဝင်ရောက်တိုက်ခိုက်ရာ ရဲရှစ်ဦးထက်မနည်းသေဆုံးကြောင်း မြိုင် PDF မှ ဗိုလ် Crossက People’s Springသို့ ပြောသည်။

ယနေ့(ဧပြီလ ၂၈ ရက်) နေ့လယ် ၁၂ နာရီကစ၍ ကျားတက်ရဲစခန်းကို မြိုင်၊ရေစကြိုနှင့် ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက် စီးနင်းကာ ၄နာရီ ကြာအပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“စခန်းကို မီးရှို့နိုင်ခဲ့တယ်။အနည်းဆုံး ရဲ ရှစ်ဦးသေတယ်။လောလောဆယ် စစ်ရေးအခြေအနေအရ မပြတ်သေးဘူး”ဟု ဗိုလ် Cross က ရှင်းပြသည်။

ထို့အပြင် ကျားတက်ရဲစခန်းဝင်ရောက်စီးနင်းခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီက ပုလဲမြို့ နယ်မှတစ်ဆင့် တပ်ကူလာသည့် စစ်ကားလေးစီးကို ပုလဲမြို့ နှင့် ကျားတက်ရွာကြားရှိ ရွှေယမင်းကျေးရွာအနီး မိုင်း လေးကြိမ်ဆွဲတိုက်ခိုက်ရာ ကားနှစ်စီးပျက်စီးခဲ့သည်ဟု ရေစကြိုမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။

ကျားတက်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ငါးဦးခန့်မှာလည်း လက်နက်ချ အညံ့ခံမှုရှိခဲ့သည်ဟု သတင်းလည်း ထွက်ပေါ်နေသည်။

” အဲဒီစခန်းမှာ ရဲနဲ့ စစ်သားတွေ ပေါင်းနေကြတာ။ သေတာက ရဲတွေ သေတာများတယ်။ စစ်သားတွေက ထွက်ပြေးကြတာ။ အဲဒီထဲက ငါးယောက်က လက်နက်ချအညံ့ခံတယ်လို့ သိရတယ်”ဟု မြိုင် PDF မှ ရဲဘော်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကူလာသည့် အကြမ်းဖက်စစ်ကောင်စီက ကျားတက်ရွာစာသင်ကျောင်းတွင် ယခုညပိုင်းတွင် တပ်စွဲထားပြီး မကြာခဏ သေနတ်ပစ်ဖောက်နေသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။”စခန်း ပြာကျသွားတယ်ဆိုတာ ဟုတ်ပါတယ်။စစ်ကားနှစ်စီးနဲ့ ရွာထဲက ကျောင်းမှာ တပ်လာစွဲနေတယ်”ဟု ၎င်းက ပြောသည်။

(ကျားတက်ရွာ မူးယစ်းဆေးဝါးတိုက်ဖျက်ရေးနေ့အဖြစ် ဟောပြောပွဲပြုလုပ်နေသော ရဲနှစ်ဦးအား ၂၀၁၆က တွေ့ရစဉ်)