News

မနက်ဖြန် ဧပြီ ၃၀ ရက်နေ့ လျှပ်စစ်မီး ယာယီပြတ်တောက်မည့် မြို့နယ်များ

မနက်ဖြန် ဧပြီ ၃၀ ရက်နေ့ လျှပ်စစ်မီး ယာယီပြတ်တောက်မည့် မြို့နယ်များ

မနက်ဖြန် ဧပြီ ၃၀ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအချိန်ထိ လျှပ်စစ်မီး ယာယီပြတ်တောက်မည့် မြို့နယ်များအတွက် YESC မှ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်အရ ”ကောင်းကင်ဓာတ်အားလိုင်းတည်ဆောက်ရေးဌာနခွဲ၏ 66kV လှော်ကား-လှည်းကူးဖီဒါနှင့် 66kV လှော်ကား(ပုလဲ)-ရွှေပေါက္ကံဖီဒါအသစ်အား ဓာတ်အားလွှတ်နိုင်ရန် 66/33kV, 30MVA နှင့်

66/11kV, 30MVA လှည်းကူးမြို့နယ်ရုံးခွဲရုံအသစ်မှ အင်းတိုင်မြို့အား 33kV သီးခြားဖီဒါဖြင့်ဓာတ်အားပေးနိုင်ရေးအတွက် Line Section ဖြတ်ခြင်း၊

ဓာတ်အားဖြန့်ဖြူးရေးဌာနမှ 33kV Auto Recloser တပ်ဆင်ခြင်းနှင့် လိုအပ်သောပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် (၃၀.၄.၂၀၂၂)ရက်နေ့တွင် 66kV လှော်ကား-(၁၆)မိုင်(Double Circuit)ဖီဒါအား
(၀၉:၀၀)နာရီမှ(၁၁:၀၀)နာရီအထိလည်းကောင်း၊

33kV လှော်ကား-လှည်းကူးဖီဒါအား (၀၉:၀၀)နာရီမှ(၁၃:၀၀)နာရီအထိလည်းကောင်း ဓာတ်အားပိတ်၍
လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း (၀၉:၀၀)နာရီမှ(၁၁:၀၀)နာရီအထိ မင်္ဂလာဒုံမြို့နယ်တွင်လည်းကောင်း၊

(၀၉:၀၀)နာရီမှ(၁၃:၀၀)နာရီအထိ လှည်းကူးမြို့နယ်၊ အင်းတိုင်နှင့် ဒါးပိန်တို့တွင်လည်းကောင်း
ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများလျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားပါတယ်။

======







