Celebrity

ဖခင်ဖမ်းဆီးခံရစဉ် LIVE လွင့်ခဲ့မိတာမို့ ခိုင်သင်းကြည်၏သမီးကိုပါ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရဟု သတင်းထွက်ပေါ်

ပရိတ်သတ်ကြီးရေ၊ပြီးခဲ့တဲ့ဧပြီလ၊၂၇နေ့ညမှာဆိုရင်သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့ခင်ပွန်းဖြစ်တဲ့ကိုခန့်နိုင်ကိုလာရောက်ဖမ်းဆီးသွားကြောင်းသိရရှိရပါတယ်နော်။အခုတစ်ခါမှာဆိုရင်မနေ့ညက

သူမဖခင်အဖမ်းခံရကြောင်း LIVE လွှင့်ခဲ့တဲ့ သရုပ်ဆောင်စံထိပ်ထားဦးကိုပါ ယနေ့ စစ်တပ်ကထပ်မံဖမ်းဆီးသွားကြောင်းသိရှိရပါတယ်နော်။

မနေ့ညက သူမဖခင်အဖမ်းခံရကြောင်း LIVE လွှင့်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့သမီး ကိုပါ ယနေ့ စစ်တပ်ကထပ်မံဖမ်းဆီးသွားကြောင်းသတင်းရရှိပါတယ်နော်။

အကယ်ဒမီဆုများစွာကို သိမ်းပိုက်ထားပြီး ယနေ့ထိတိုင်အရွယ်တင်နုပျိုနေ‌ဆဲဖြစ်တဲ့ မင်းသမီးခိုင်သင်းကြည်ကိုသိကြမယ်ထင်ပါတယ်နော်။

သူမဟာ သာယာချမ်းမြေ့ဖွယ်မိသားစုဘ၀လေးကို တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ သမီးလေးစံထိပ်ထားဦးကိုလည်း ပိုင်ဆိုင်ထားတာပါ။

ထိပ်ထိပ်လေးဟာလည်း ပညာရေးဘက်မှာလည်းထူးချွန်တဲ့သူ‌လေးဖြစ်ပြီး ဖေဖေနဲ့မေမေအမြဲဂုဏ်ယူနေရတဲ့သူလေးပါ။

စံထိပ်ထားဦးကတော့ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အလှတရားလေးကို ပိုင်ဆိုင်ထားတဲ့အပြင် ကလေးလေးလို

ဖြူစင်တဲ့ အပြုံးလှလှလေးတွေနဲ့ ချစ်စရာကောင်းတာလေးတွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေရတာ ဖြစ်ပါတယ်။

စံထိပ်ထားဦးက အခုဆိုရင် အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေပြီဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိနေပြီဖြစ်ပါတယ်။

ထိပ်ထိပ်လေးက ပညာရေးဘက်မှာလည်း ထူးချွန်တဲ့ သူလေးဖြစ်တဲ့အပြင် ရိုးရိုးအေးအေးလေး‌နဲ့ နေထိုင်တတ်တဲ့သူဖြစ်တာကြောင့်
မေမေခိုင်သင်းကြည်တစ်ယောက် အချစ်တွေပိုပြီးရင်း ပိုနေရတာလည်းဖြစ်ပါတယ်။

ထိပ်ထိပ်လေးက တစ်နေ့တစ်ခြား ပိုပိုလှသွေးကြွယ်လာပြီး မေမေခိုင်သင်းကြည်ရဲ့အလှကို အမီလိုက်လာနေပြီပဲ ဖြစ်ပါတယ်။

စံထိပ်ထားဦးဟာ အခုလက်ရှိမှာဆိုရင်လည်းမိခင်ဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေစတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။
ဒါ့ပြင်ထိပ်ထိပ်လေးဟာ တူရိယာပစ္စည်းလေးတွေလည်း ကျွမ်းကျွမ်းကျင်ကျင်တီးတတ်သူလေးဖြစ်ပြီး သီချင်းလေးတွေလည်း ကာဗာအနေနဲ့ သီဆိုတတ်ပါသေးတယ်။

ထိပ်ထိပ်လေးဟာ အမြဲလိုလိုလူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေနဲ့ နေလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားတာလည်းဖြစ်ပါတယ်။

သရုပ်ဆောင် ခိုင်သင်းကြည်၏ အမျိုးသားဖြစ်သူ ကိုခန့်နိုင်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မနေ့ဧပြီ ၂၇ ရက်) ည ၁၁ နာရီ အချိန်ခန့်တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၎င်းနေထိုင်ရာ နေအိမ်သို့ လာရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ယင်းနောက် “ဖေဖေ့ကို ခေါ်သွားပါပြီ” ဟု စံထိပ်ထားဦးက ရေးသားခဲ့သည်။

ခိုင်သင်းကြည်၏ အမျိုးသား ကိုခန့်နိုင်အား စစ်တပ်လော်ဘီ ဟန်ငြိမ်းဦး အမည်ခံ တယ်လီဂရမ် အကောင့်မှ

NUG (အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့) နှင့် PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) များကို အားပေးအားမြှောက် ပြုနေသည်ဟုဆိုကာ

၎င်းအကောင့်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဖမ်းဆီးပေးရန် လှုံ့ဆော် ရေး သားမှုများ ပြုလျက်ရှိသည်။

ခိုင်သင်းကြည်အား စစ်ကောင်စီက ပြီးခဲ့သည့် မတ်လအတွင်းတွင် လူမှုထူးချွန်ဆု ပေးအပ်ခဲ့ပြီးနောက် ဧပြီ ၁၇ ရက်တွင် ပြန်လည် ပယ်ဖျက်ကြောင်း ကြေညာခဲ့သေးသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ယခု ရက်ပိုင်းအတွင်း ဟန်ငြိမ်းဦးအကောင့်မှ ရေးသားတင်နေသည့် အနုပညာရှင်များကို ခပ်စိပ်စိပ် ဖမ်းဆီးလျက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အဆိုတော် အောင်လနှင့် ဝိုင်းစုခိုင်သိန်းတို့ကို ဖမ်းဆီး စစ်ဆေးပြီးနောက် ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း ထပ်မံ ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့အတူ လူရွှင်တော် ကောင်းကျော်ကိုလည်း နေအိမ်တွင် ဖမ်းဆီးခဲ့ပြီး ယခုအချိန်ထိ မိသား စုနှင့် အဆက်အသွယ် မရသေးဟု သိရသည်။
credit