ဧပြီ ၂၇
CRD.
တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အဆက်အသွယ်ရထားပြီလို့ ဇော်မင်းထွန်းပြောကြား
တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အဆက်အသွယ်ရထားပြီလို့ စစ်ကောင်စီပြောကြး
ဧပြီ ၂၇
EAO ၂၁ ဖွဲ့ထဲက ၁၇ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေနွေးဖို့ အဆက်အသွယ် ရထားပြီလို့ ဒီကနေ့ ပြုလုပ်တဲ့ စစ်ကောင်စီ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်တာ ဖြစ်ပါတယ်။
NCA လက်မှတ်ထိုး ၁၀ ဖွဲ့ထဲက ၉ ဖွဲ့ နဲ့ NCA မထိုးသေးတဲ့ ၁၁ ဖွဲ့ ထဲက ၈ ဖွဲ့နဲ့ စုစုပေါင်း ၁၇ ဖွဲ့က ဆွေးနွေးပွဲ တက်
ရောက်နိုင်ဖို့ အခြေအနေရှိတယ်လို့ သူကပြောဆိုလိုက်ပြီး၊ အဲဒီ ၁၇ ဖွဲ့က ဘယ်အဖွဲ့တွေ ဖြစ်တယ်ဆိုတာကိုတော့ ထုတ်ဖေါ်ပြောဆိုခြင်းမရှိပါ။
ဆွေးနွေးပွဲ အတွက် NUG/PDF တို့ကို ဖိတ်ခေါ်မှာ မဟုတ်ဘဲ အဲဒီအဖွဲ့တွေဟာ အကြမ်းဖက် အဖွဲ့တွေသာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသွားခဲ့ပါတယ်။
CRD.