News

ဆီးဂိမ်းစ်တွင် ရွှေတံဆိပ်ရပါက ကျပ်သိန်း ၃၀၀ ဆုချီးမြှင့်မည် ၊ မြန်မာ့အားကစားသမိုင်းမှတ်တမ်းတင်ရန် စစ်ခေါင်းဆောင် ပြေ

ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ်ရတဲ့ အားကစားသမား တဦးချင်းကို ငွေကျပ်သိန်း ၃၀၀ ချီးမြှင့်မှာဖြစ်ပြီး မြန်မာ့ အားကစားသမိုင်းတွင် မှတ်တမ်းတင်နိုင်ရေး အစွမ်းကုန် ကြိုးပမ်းယှဉ်ပြိုင်သွားကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာအားကစားအဖွဲ့တွေကို အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနား ဧပြီ ၂၉ ရက်က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံမှာ ကျင်းပရာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့တာပါ။

နိုင်ငံတော်အနေနဲ့ အခုနှစ် ဆီးဂိမ်းပြိုင်ပွဲဝင် ဆုရအားကစားသမားတွေအတွက် ရွှေတစ်ဦးချင်း ငွေကျပ်သိန်း ၃၀၀၊ ငွေတစ်ဦးချင်း ငွေကျပ်သိန်း ၂၀၀၊ ကြေးတစ်ဦးချင်း ငွေကျပ် သိန်း ၁၀၀၊ ရွှေအသင်းလိုက်တစ်ဦးချင်းငွေကျပ်သိန်း ၁၀၀၊ ငွေအသင်းလိုက်တစ်ဦးချင်း ငွေကျပ်သိန်း ၇၀၊ ကြေးအသင်းလိုက်တစ်ဦးချင်း ငွေကျပ် ၃၅ သိန်း ချီးမြှင့်မယ်လို့ဆိုပါတယ်။

နည်းပြတွေ အတွက် ရွှေတံဆိပ်ဆုရအားကစားနည်းမှ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ဆုရအားကစားနည်းမှ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ် ဆုရအားကစား နည်းမှ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၃၀၊

အုပ်ချုပ်မှုအဖွဲ့များအတွက် ရွှေတံဆိပ်ဆုရ အားကစားနည်းမှ အုပ်ချုပ်မှုအဖွဲ့ တစ်ဖွဲ့လျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ် ဆုရအားကစားနည်းမှ အားကစားနည်းမှအုပ်ချုပ်မှုအဖွဲ့တစ်ဖွဲ့လျှင် ငွေကျပ် သိန်း ၅၀၊ ကြေးတံဆိပ်ဆုရအားကစားနည်းမှ အုပ်ချုပ်မှုအဖွဲ့ တစ်ဖွဲ့လျှင် ငွေကျပ် သိန်း ၃၀ တို့အား ပေးအပ်ချီးမြှင့်မယ်လို့လည်းဆိုပါတယ်။

သွားရောက်ယှဉ်ပြိုင်မယ့် အားကစားအဖွဲ့တွေအနေနဲ့ အရင်က ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အကြိမ်တွေထက် ဆုတံဆိပ်တွေ ပိုမိုရရှိအောင် စွမ်းဆောင်ပေးနိုင်ကြမယ်ဆိုရင် မြန်မာအားကစားအဖွဲ့ရဲ့ အောင်မြင်မှုသမိုင်းကို ပိုမိုပြောင်းလဲမှတ်တမ်းတင်နိုင်မှာဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဗီယက်နမ်နိုင်ငံမှာ မေလ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမယ့် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်မယ့် အားကစားသမား ၂၉၃ ဦးဟာ အားကစားနည်း ၂၀ မှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံရဲ့ ဆုတံဆိပ်ရရှိမှုနဲ့ အားကစား အဆင့်အတန်းဟာ ကျဆင်းလာနေတာခဲ့တာ နှစ်ပေါင်းများစွာရှိနေပြီဖြစ်ပါတယ်။Source-DVB

ဗီယက္နမ္ ဆီးဂိမ္းၿပိဳင္ပြဲမွာ ေ႐ႊတံဆိပ္ရတဲ့ အားကစားသမား တဦးခ်င္းကို ေငြက်ပ္သိန္း ၃၀၀ ခ်ီးျမႇင့္မွာျဖစ္ၿပီး ျမန္မာ့ အားကစားသမိုင္းတြင္ မွတ္တမ္းတင္နိုင္ေရး အစြမ္းကုန္ ႀကိဳးပမ္းယွဥ္ၿပိဳင္သြားၾကဖို႔ အာဏာသိမ္း စစ္ေခါင္းေဆာင္က ေျပာၾကားလိုက္ပါတယ္။

ဗီယက္နမ္နိုင္ငံက အိမ္ရွင္အျဖစ္ က်င္းပမယ့္ (၃၁)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစား ၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ျမန္မာအားကစားအဖြဲ႕ေတြကို ေအာင္နိုင္ေရးအလံအပ္ႏွင္းျခင္း အခမ္းအနား ဧၿပီ ၂၉ ရက္က ေနျပည္ေတာ္ရွိ ဝဏၰသိဒၶိ အားကစား႐ုံမွာ က်င္းပရာ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ကေျပာၾကားခဲ့တာပါ။

နိုင္ငံေတာ္အေနနဲ႕ အခုႏွစ္ ဆီးဂိမ္းၿပိဳင္ပြဲဝင္ ဆုရအားကစားသမားေတြအတြက္ ေ႐ႊတစ္ဦးခ်င္း ေငြက်ပ္သိန္း ၃၀၀၊ ေငြတစ္ဦးခ်င္း ေငြက်ပ္သိန္း ၂၀၀၊ ေၾကးတစ္ဦးခ်င္း ေငြက်ပ္ သိန္း ၁၀၀၊ ေ႐ႊအသင္းလိုက္တစ္ဦးခ်င္းေငြက်ပ္သိန္း ၁၀၀၊ ေငြအသင္းလိုက္တစ္ဦးခ်င္း ေငြက်ပ္သိန္း ၇၀၊ ေၾကးအသင္းလိုက္တစ္ဦးခ်င္း ေငြက်ပ္ ၃၅ သိန္း ခ်ီးျမႇင့္မယ္လို႔ဆိုပါတယ္။

နည္းျပေတြ အတြက္ ေ႐ႊတံဆိပ္ဆုရအားကစားနည္းမွ နည္းျပတစ္ဦးလွ်င္ ေငြက်ပ္သိန္း ၁၀၀၊ ေငြတံဆိပ္ဆုရအားကစားနည္းမွ နည္းျပတစ္ဦးလွ်င္ ေငြက်ပ္သိန္း ၅၀၊ ေၾကးတံဆိပ္ ဆုရအားကစား နည္းမွ နည္းျပတစ္ဦးလွ်င္ ေငြက်ပ္သိန္း ၃၀၊

အုပ္ခ်ဳပ္မႈအဖြဲ႕မ်ားအတြက္ ေ႐ႊတံဆိပ္ဆုရ အားကစားနည္းမွ အုပ္ခ်ဳပ္မႈအဖြဲ႕ တစ္ဖြဲ႕လွ်င္ ေငြက်ပ္သိန္း ၁၀၀၊ ေငြတံဆိပ္ ဆုရအားကစားနည္းမွ အားကစားနည္းမွအုပ္ခ်ဳပ္မႈအဖြဲ႕တစ္ဖြဲ႕လွ်င္ ေငြက်ပ္ သိန္း ၅၀၊ ေၾကးတံဆိပ္ဆုရအားကစားနည္းမွ အုပ္ခ်ဳပ္မႈအဖြဲ႕ တစ္ဖြဲ႕လွ်င္ ေငြက်ပ္ သိန္း ၃၀ တို႔အား ေပးအပ္ခ်ီးျမႇင့္မယ္လို႔လည္းဆိုပါတယ္။

သြားေရာက္ယွဥ္ၿပိဳင္မယ့္ အားကစားအဖြဲ႕ေတြအေနနဲ႕ အရင္က ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ အႀကိမ္ေတြထက္ ဆုတံဆိပ္ေတြ ပိုမိုရရွိေအာင္ စြမ္းေဆာင္ေပးနိုင္ၾကမယ္ဆိုရင္ ျမန္မာအားကစားအဖြဲ႕ရဲ႕ ေအာင္ျမင္မႈသမိုင္းကို ပိုမိုေျပာင္းလဲမွတ္တမ္းတင္နိုင္မွာျဖစ္တယ္လို႔လည္း စစ္ေခါင္းေဆာင္က ေျပာပါတယ္။

ဗီယက္နမ္နိုင္ငံမွာ ေမလ ၁၂ ရက္မွ ၂၃ ရက္အထိ က်င္းပသြားမယ့္ ဆီးဂိမ္းစ္ၿပိဳင္ပြဲမွာ ျမန္မာနိုင္ငံကိုယ္စားျပဳ ၿပိဳင္ပြဲဝင္မယ့္ အားကစားသမား ၂၉၃ ဦးဟာ အားကစားနည္း ၂၀ မွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ္လို႔ စစ္ေကာင္စီျပန္ၾကားေရးက သတင္းထုတ္ထားပါတယ္။

 

ဆီးဂိမ္းစ္ၿပိဳင္ပြဲေတြမွာ ျမန္မာနိုင္ငံရဲ႕ ဆုတံဆိပ္ရရွိမႈနဲ႕ အားကစား အဆင့္အတန္းဟာ က်ဆင္းလာေနတာခဲ့တာ ႏွစ္ေပါင္းမ်ားစြာရွိေနၿပီျဖစ္ပါတယ္။Source-DVB