Local News

ေလးေက့ေကာ္တြင္ စစ္ေၾကာင္းထိုးေနေသာ တပ္မ ၄၄ မွ တပ္သား ၂ ဦး ေကာ္ဘရာစစ္ေၾကာင္းထံ လာေရာက္ခိုလႈံ၊ လက္နက္ပါလာသူကို သိန္း ၆၀ ခ်ီးျမႇင့္

ေလးေက့ေကာ္တြင္ စစ္ေၾကာင္းထိုးေနေသာ တပ္မ ၄၄ မွ တပ္သား ၂ ဦး ေကာ္ဘရာစစ္ေၾကာင္းထံ လာေရာက္ခိုလႈံ

 

ရန္ကုန္၊ ဧၿပီ ၃၀

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္၊ ေလးေက့ေကာ္ေဒသတြင္ စစ္ေၾကာင္းထိုးေနေသာ အၾကမ္းဖက္စစ္ေကာင္စီ၏ တပ္မ ၄၄ လက္ေအာက္ခံ၊ ခမရ ၁ မွ တပ္သားေမာင္ေဇာ္ႏွင့္ တပ္သား ေက်ာ္သူစိုးတို႔ ၂

ဦးသည္ KNLA ပူးေပါင္းတပ္ဖြဲ႕ ေကာ္ဘရာစစ္ေၾကာင္းထံ ဧၿပီလ ၂၈ ရက္ေန႕တြင္ လာေရာက္ခိုလႈံလာေၾကာင္း သတင္းရရွိသည္။

အဆိုပါ စစ္သား ၂ ဦးသည္ ဧၿပီလ ၂၈ ရက္ေန႕တြင္ ေကာ္ဘရာစစ္ေၾကာင္းထံ ဆက္သြယ္ၿပီး CDM ျပဳလုပ္လာျခင္းျဖစ္ေၾကာင္း၊ ၎တို႔ႏွင့္အတူ MA4 ေသနတ္

၁ လက္၊ က်ည္ေဘာက္ ၄ ခု၊ ၄၀ မမ က်ည္ ၈ လုံး၊ က်ည္ဆံ ၁၀၀ ႏွင့္ အတူ လာေရာက္ခိုလႈံျခင္းျဖစ္ေၾကာင္း ေကာ္ဘရာစစ္ေၾကာင္းက ယေန႕ သတင္းထုတ္ျပန္သည္။

MA4 ေသနတ္ႏွင့္အတူ CDM လုပ္လာေသာ တပ္သား ေက်ာ္သူစိုးကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG က ခ်ီးျမႇင့္ေသာ ေငြက်ပ္ သိန္း ၆၀ ေပးအပ္ခဲ့ၿပီး ေမာင္ေဇာ္ကို ဘတ္ေငြ ၁၀,၀၀၀ ကို ေကာ္ဘရာစ

စ္ေၾကာင္းမႉး ဗိုလ္ႀကီးဒါေဘာက ေပးအပ္ခဲ့ေၾကာင္း၊ ၎တို႔ႏွင့္မိသားစုဝင္မ်ား လုံၿခဳံေရးအတြက္ စီစဥ္ေဆာင္႐ြက္ေပးေနေၾကာင္း သတင္းရရွိသည္

Zawgyi

လေးကေ့ကော်တွင် စစ်ကြောင်းထိုးနေသော တပ်မ ၄၄ မှ တပ်သား ၂ ဦး ကော်ဘရာစစ်ကြောင်းထံ လာရောက်ခိုလှုံ

 

ရန်ကုန်၊ ဧပြီ ၃၀

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသတွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံ၊ ခမရ ၁ မှ တပ်သားမောင်ဇော်နှင့် တပ်သား ကျော်သူစိုးတို့ ၂ ဦးသည် KNLA ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်းထံ ဧပြီလ ၂၈ ရက်နေ့တွင် လာရောက်ခိုလှုံလာကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်သား ၂ ဦးသည် ဧပြီလ ၂၈ ရက်နေ့တွင် ကော်ဘရာစစ်ကြောင်းထံ ဆက်သွယ်ပြီး CDM ပြုလုပ်လာခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှင့်အတူ MA4 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ၄၀ မမ ကျည် ၈ လုံး၊ ကျည်ဆံ ၁၀၀ နှင့် အတူ လာရောက်ခိုလှုံခြင်းဖြစ်ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။

MA4 သေနတ်နှင့်အတူ CDM လုပ်လာသော တပ်သား ကျော်သူစိုးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ချီးမြှင့်သော ငွေကျပ် သိန်း ၆၀ ပေးအပ်ခဲ့ပြီး မောင်ဇော်

ကို ဘတ်ငွေ ၁၀,၀၀၀ ကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီးဒါဘောက ပေးအပ်ခဲ့ကြောင်း၊ ၎င်းတို့နှင့်မိသားစုဝင်များ လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။