Local News

ကျည်မလောက်ခြင်း၊ လက်နက်အင်အား မမျှခြင်းကြောင့် ရွာငံ PDF ၅ ဦးကျဆုံးခဲ့ရ

ကျည်မလောက်ခြင်း၊ လက်နက်အင်အား မမျှခြင်းကြောင့် ရွာငံ PDF ၅ ဦးကျဆုံးခဲ့ရ

ဧပြီလ ၃၀ ရက်၊ HTY Information

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ တွင် ဖြစ်ပွါးသော တိုက်ပွဲတွင်

စစ်ကောင်စီမှ အရာရှိတစ်ဦး အပါအဝင်၊ ၁၀ ဦး ကျဆုံးခဲ့သော်လည်း ၊ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF မှ ရဲဘော် ၅ ဦး ကျဆုံးခဲ့ရသည်ဟု အဖွဲ့မှထုတ်ပြန်ထားသည်

ဧပြီလ ၁၅ ရက်၊ နေ့လည် ၁:၃၀ ဝန်းကျင်တွင် ပန်းလောင် မြစ်ကြောင်းတစ်လျှောက် စစ်ကြောင်းထိုးပြီး ပြန်လာသော

စစ်ကောင်စီတပ်နှင့် YPDF တို့ တဲ့လုရွာနှင့်တောင်ဦးရွာအကြား ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်ဟု သိရသည်

ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အနေဖြင့် ကျည်ဆန်မလုံလောက်ခြင်း၊ လက်နက် အင်အားမမျှခြင်း၊ စစ်ကောင်စီဘက်မှ

လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခက်ခြင်းတို့ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ရဲဘော် ၅ ဦး ကျဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ပါသည်ဟုလည်း အဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည် Photo- YPDF, Crd- HTY Information


 






 

