News

ပစ်ခတ်မှုပင်မပြုလုပ်ရဘဲ လောပိတရေလျှံထိန်းလုံခြုံရေးရဲ ၇ဦးကို လက်နက်ခဲယမ်းများနဲ့တကွ ဖမ်းဆီးရမိ

ပစ်ခတ်မှုပင်မပြုလုပ်ရဘဲ လောပိတရေလျှံထိန်းလုံခြုံရေးရဲ ၇ဦးကို လက်နက်ခဲယမ်းများနဲ့တကွ ဖမ်းဆီးရမိ၊ ဧပြီနောက်ဆုံးပတ်အတွင်း စကစဘက်က တေဆုံးခဲ့လို့ KNDF ထုတ်ပြန်

BVJ၊ မေ ၁၊ ၂၀၂၂ လွိုင်ကော်မြို့နယ်၊ လောပိတ ရေလျှံထိန်း လုံခြုံရေး ရဲကင်းအား အလစ်အငိုက်ဝင်ရောက်စီးနင်းခဲ့ရာ ပစ်ခတ်မှုပင်မပြုလုပ်ရဘဲ လုံခြုံရေး ရဲ ၇ဦးကို လက်နက်ခဲယမ်းများနဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း KNDF တပ်ဖွဲ့က မေ၁ရက်မှာ ထုတ်ပြန်ပါတယ်


သေနတ်ပစ်ခတ်မှုပင်မပြုလုပ်ရဘဲ လုံခြုံရေးရဲ ၇ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ၎င်းတို့နဲ့အတူသေနတ် ၇လက်အပြင် ကျည်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်

KNDF တပ်ဖွဲ့က ရေလျှံထိန်း လုံခြုံရေးရဲ ၇ဦးကိုလူ့ဂုဏ်သိက္ခာနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်နိုင်ရန်အတွက် ကရင်နီပြည်ရဲဌာန KSP ထံလွှဲအပ်ထားတယ်လို့ သိရပါတယ်




ပစ်ခတ်မှုပင်မပြုလုပ်ရဘဲ လောပိတရေလျှံထိန်းလုံခြုံရေးရဲ ရဦးကို လက်နက်ခဲယမ်းများနဲ့တကွ ဖမ်းဆီးရမိ၊ ဧပြီနောက်ဆုံးပတ်အတွင်း စကစဘက်က တေဆုံးခဲ့လို့ KNDF ထုတ်ပြန်

BVJ၊ မေ ၁၊ ၂၀၂၂ လွိုင်ကော်မြို့နယ်၊ လောပိတ ရေလျှံထိန်း လုံခြုံရေး ရဲကင်းအား အလစ်အငိုက်ဝင်ရောက်စီးနင်းခဲ့ရာ ပစ်ခတ်မှုပင်မပြုလုပ်ရဘဲ လုံခြုံရေး ရဲ ရဦးကို လက်နက်ခဲယမ်းများနဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း KNDF တပ်ဖွဲ့က မေ၁ရက်မှာ ထုတ်ပြန်ပါတယ်

ဧပြီ၂၉ရက် ညသန်းခေါင်အချိန် လွိုင်ကော်မြို့နယ်၊ လောပိတ ရေလျှံထိန်းလုံခြုံရေးရဲကင်းအား ကရင်နီတပ်မတော် KA နဲ့KNDF တို့က အလစ်အငိုက်ဝင်ရောက်စီးနင်းခဲ့ရာ

သေနတ်ပစ်ခတ်မှုပင်မပြုလုပ်ရဘဲ လုံခြုံရေးရဲ ရဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ၎င်းတို့နဲ့အတူသေနတ် ရလက်အပြင် ကျည်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်

KNDF တပ်ဖွဲ့က ရေလျှံထိန်း လုံခြုံရေးရဲ ရဦးကိုလူ့ဂုဏ်သိက္ခာနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်နိုင်ရန်အတွက် ကရင်နီပြည်ရဲဌာန KSP ထံလွှဲအပ်ထားတယ်လို့ သိရပါတယ်

ဧပြီလနောက်ဆုံးပတ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ် တိုက်ပွဲများအတွင်း စကစ တပ်ဘက်မှ ၂၄ဦးသေဆုံးပြီး၊ အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDF ရဲ့ဧပြီစတုတ္ထအပတ် တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်

ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ဒီးမော့ဆိုမြို့နယ်၊ ဒေါခမီးတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်

KNDF မှကျဆုံးသွားသော ရဲဘော်နှစ်ဦးအား ကရင်နီအမျိုးသား အာဇာနည် သူရဲကောင်းများအဖြစ် သမိုင်းမှတ်တမ်းတင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်