News

ႏြားထိုးႀကီးမွာ ေရခပ္ဆင္းတဲ့ စစ္အုပ္စုကို ႏွစ္ႀကိမ္ နံနံသီးနဲ႔က်ဳံး(႐ုပ္/သံ)

ႏြားထိုးႀကီးမွာ ေရခပ္ဆင္းတဲ့ စစ္အုပ္စုကို ႏွစ္ႀကိမ္ နံနံသီးနဲ႔က်ဳံး၊ စကစ ၇ ဦး ႂကြၿပီး အျပန္အလွန္ ပစ္ခတ္မႈျဖစ္

MFP ၊ ေမ – ၁ မႏၲေလးတိုင္း ႏြားထိုးႀကီးၿမိဳ႕နယ္ ဝက္လူးရြာအနီးမွာ ဒီကေန႔ မနက္ပိုင္းက ေရခပ္ဆင္းလာတဲ့ စစ္အုပ္စုကို ႏြားထိုးႀကီး ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ – NPDF က ႏွစ္ႀကိမ္ နံနံသီးခြဲခဲ့ၿပီး အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ကာ စစ္အုပ္စုဘက္က ခုႏွစ္ဦး ႂကြတယ္လို႔ သတင္းရရွိပါတယ္

ဒီကေန႔ ေမ ၁ ရက္ မနက္ ၇ နာရီခြဲဝန္းက်င္က ႏြားထိုးႀကီးၿမိဳ႕နယ္ ဝက္လူးေက်းရြာထဲ အထိုင္ခ်ေနတဲ့ စစ္အုပ္စု ရြာအျပင္ ေရခပ္ဆင္းခ်ိန္မွာ NPDF က တိုက္ခိုက္ခဲ့တာလို႔ ေဒသတြင္း သတင္းေတြ ေဖာ္ျပေနတဲ့ ႏြားထိုးႀကီး ဂ်ာနယ္က ဆိုပါတယ္

ဝက္လူးေက်းရြာ ေနာက္ဘက္ ေရခပ္လာတဲ့ စခ မ်ားကို ေဒသခံ NPDF မွာ ႏွစ္ႀကိမ္ဆြဲ တိုက္ခိုက္ခဲ့ ရာ စစ္ေခြး ခုႏွစ္ေကာင္ခန႔္ ေတဆုံးနိုင္ၿပီး အျပန္အလွန္ ပစ္ခတ္ခဲ့တယ္

ႏွစ္လုံးတြဲ ႏွစ္ႀကိမ္ ဆြဲတယ္လို႔လည္း ဆိုပါတယ္ လို႔ ႏြားထိုးႀကီး ဂ်ာနယ္က ေဖာ္ျပပါတယ္။ အဲ့ဒီ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး စစ္အုပ္စု အေတအေပ်ာက္ အေျခအေနကို MFP အေနနဲ႔ သီးျခား အတည္ျပဳနိုင္တာ မရွိေသးပါဘူး

ဒီကေန႔ မနက္ပိုင္းက ဝက္လူးရြာဘက္မွာ ေပါက္ကြဲသံႏွင့္ ပစ္ခတ္သံတခ်ိဳ႕ ၾကားရၿပီး ျမင္းၿခံဘက္ကေန ႏြားထိုးႀကီးဘက္ကို စစ္ကားသုံးစီး သြားတာ ေတြ႕ရတယ္လို႔ ေဒသခံတခ်ိဳ႕က ဆိုပါတယ္

မေန႔ ဧၿပီ ၃၀ ရက္ မနက္ပိုင္းကလည္း ႏြားထိုးႀကီးဘက္ကေန ျပင္စည္ရြာဘက္သြားတဲ့ စစ္အုပ္စုရဲ့ ကားကို မင္းစုံေတာင္ ေရွာက္ေတာ ရိုးေကြ႕အနီးမွာ NPDF က တိုက္ခိုက္ခဲ့ၿပီး စစ္အုပ္စုဘက္က ေျခာက္ဦး ေတတယ္လို႔ ဆိုပါတယ္ Crd- MFP

နွားထိုးကြီးမှာ ရေခပ်ဆင်းတဲ့ စစ်အုပ်စုကို နှစ်ကြိမ် နံနံသီးနဲ့ကျုံး၊ စကစ ၇ ဦး ကြွပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်

MFP ၊ မေ – ၁ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဝက်လူးရွာအနီးမှာ ဒီကနေ့ မနက်ပိုင်းက ရေခပ်ဆင်းလာတဲ့ စစ်အုပ်စုကို နွားထိုးကြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – NPDF က နှစ်ကြိမ် နံနံသီးခွဲခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ စစ်အုပ်စုဘက်က ခုနှစ်ဦး ကြွတယ်လို့ သတင်းရရှိပါတယ်

ဒီကနေ့ မေ ၁ ရက် မနက် ၇ နာရီခွဲဝန်းကျင်က နွားထိုးကြီးမြို့နယ် ဝက်လူးကျေးရွာထဲ အထိုင်ချနေတဲ့ စစ်အုပ်စု ရွာအပြင် ရေခပ်ဆင်းချိန်မှာ NPDF က တိုက်ခိုက်ခဲ့တာလို့ ဒေသတွင်း သတင်းတွေ ဖော်ပြနေတဲ့ နွားထိုးကြီး ဂျာနယ်က ဆိုပါတယ်

ဝက်လူးကျေးရွာ နောက်ဘက် ရေခပ်လာတဲ့ စခ များကို ဒေသခံ NPDF မှာ နှစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ ရာ စစ်ခွေး ခုနှစ်ကောင်ခန့် တေဆုံးနိုင်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့တယ်

နှစ်လုံးတွဲ နှစ်ကြိမ် ဆွဲတယ်လို့လည်း ဆိုပါတယ် လို့ နွားထိုးကြီး ဂျာနယ်က ဖော်ပြပါတယ်။ အဲ့ဒီ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်အုပ်စု အတေအပျောက် အခြေအနေကို MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး

ဒီကနေ့ မနက်ပိုင်းက ဝက်လူးရွာဘက်မှာ ပေါက်ကွဲသံနှင့် ပစ်ခတ်သံတချို့ ကြားရပြီး မြင်းခြံဘက်ကနေ နွားထိုးကြီးဘက်ကို စစ်ကားသုံးစီး သွားတာ တွေ့ရတယ်လို့ ဒေသခံတချို့က ဆိုပါတယ်

မနေ့ ဧပြီ ၃၀ ရက် မနက်ပိုင်းကလည်း နွားထိုးကြီးဘက်ကနေ ပြင်စည်ရွာဘက်သွားတဲ့ စစ်အုပ်စုရဲ့ ကားကို မင်းစုံတောင် ရှောက်တော ရိုးကွေ့အနီးမှာ NPDF က တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က ခြောက်ဦး တေတယ်လို့ ဆိုပါတယ် Crd- MFP