Local News

တော်လှန်ရေးအဖွဲ့၏ကားအား လိမ်လည်ပေါင်နှံခဲ့သူကို ကျိုက်ထိုတော်လှန်ရေးအင်အားစုဖမ်းဆီး

တော်လှန်ရေးအဖွဲ့၏ကားအား လိမ်လည်ပေါင်နှံခဲ့သူကို ကျိုက်ထိုတော်လှန်ရေးအင်အားစုဖမ်းဆီး

ကျိုက်ထို၊ မေ (၁)
လူငယ့်ခေတ်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တော်သူရပ်ကွက်အတွင်းနေထိုင်သည့် ရာဇာဆိုသူက တော်လှန်ရေးအဖွဲ့ကဝယ်ယူထားသည့်ကားအပါအဝင်စုစုပေါင်း (၁၅) စီးကို လိမ်လည်ခဲ့သည့်အတွက် ၎င်းကို ဧပြီလ တတိယပတ်တွင် ဖမ်းဆီးခဲ့သည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

KRF က တော်လှန်ရေးတွင်အသုံးပြုရန်ဝယ်ယူသည့်ကားကို မြဝတီမြို့မှ ကျိုက်ထိုမြို့အထိမောင်းပေးရန် ရာဇာဆိုသူက လက်ခံခဲ့ပြီးနောက် ယာဉ်အဖမ်းခံရသည်ဟုဆိုကာ ပေါင်နှံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“သူကအရင်ကတည်းက ကားပွဲစား။ တော်လှန်ရေးအင်အားစုကရဲဘော်တွေနဲ့လည်း အာဏာမသိမ်းခင်ကတည်းက တစ်မြို့ထဲသားတွေဆိုတော့ ရင်းနှီးကြတယ်။ အဲဒါကြောင့်သူ့ကို မောင်းပို့ဖို့အကူအညီတောင်းခဲ့တာ။” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

တော်လှန်ရေးအဖွဲ့၏ကားကို မြဝတီမြို့တွင် ထက်ဝက်ဈေးဖြင့်ပေါင်နှံကာ လောင်းကစားပြုလုပ်ခဲ့သည်ဟု စုံစမ်းသိရှိခဲ့ရပြီး အခြားအမြို့မြို့အနယ်နယ်ရှိ ယာဉ်ပိုင်ရှင်များ၏ကားများကိုလည်း ထိုနည်းတူစွာပေါင်နှံသုံးစွဲထားကြောင်း ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

“သူအလွဲသုံးစားလုပ်ခဲ့တဲ့ ကားတွေစုစုပေါင်းဆို တန်ဖိုးက သိန်း ၁၅၀၀ အောက်မလျော့ဘူး။ သူကကျွန်တော်တို့ရဲ့ စစ်ရေးပစ်မှတ်၊ နိုင်ငံရေးပစ်မှတ်၊ စီးပွားရေးပစ်မှတ်မဟုတ်ပါဘူး။ အများပြည်သူပိုက်ဆံကိုအလွဲသုံးစားပြုတဲ့အမှု ပါ။ သူကလည်းဝန်ခံပါတယ်။”ဟု KRF က ပြောသည်။

လက်ရှိအချိန်၌ ကားပွဲစားရာဇာဆိုသူကို လုံခြုံသည့်နေရာတွင်ထိန်းသိမ်းထားပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ကချမှတ်ထားသည့် တရားစီရင်ရေးဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) အနေဖြင့် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် လျှောက်သွားမည်ဖြစ်ပြီး စစ်ကောင်စီလက်ပါးစေ၊ သတင်းပေးဒလန်များနှင့် စစ်ကောင်စီဒေါက်တိုင်များကိုလည်း ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကြေညာထားသည်။

========

ေတာ္လွန္ေရးအဖြဲ႕၏ကားအား လိမ္လည္ေပါင္ႏွံခဲ့သူကို က်ိဳက္ထိုေတာ္လွန္ေရးအင္အားစုဖမ္းဆီး

က်ိဳက္ထို၊ ေမ (၁)
လူငယ့္ေခတ္
မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕၊ ေတာ္သူရပ္ကြက္အတြင္းေနထိုင္သည့္ ရာဇာဆိုသူက ေတာ္လွန္ေရးအဖြဲ႕ကဝယ္ယူထားသည့္ကားအပါအဝင္စုစုေပါင္း (၁၅) စီးကို လိမ္လည္ခဲ့သည့္အတြက္ ၎ကို ဧၿပီလ တတိယပတ္တြင္ ဖမ္းဆီးခဲ့သည္ဟု က်ိဳက္ထိုေတာ္လွန္ေရးအင္အားစု (KRF) က တာဝန္ရွိသူတစ္ဦးက လူငယ့္ေခတ္သို႔ ေျပာသည္။

KRF က ေတာ္လွန္ေရးတြင္အသုံးျပဳရန္ဝယ္ယူသည့္ကားကို ျမဝတီၿမိဳ႕မွ က်ိဳက္ထိုၿမိဳ႕အထိေမာင္းေပးရန္ ရာဇာဆိုသူက လက္ခံခဲ့ၿပီးေနာက္ ယာဥ္အဖမ္းခံရသည္ဟုဆိုကာ ေပါင္ႏွံခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

“သူကအရင္ကတည္းက ကားပြဲစား။ ေတာ္လွန္ေရးအင္အားစုကရဲေဘာ္ေတြနဲ႔လည္း အာဏာမသိမ္းခင္ကတည္းက တစ္ၿမိဳ႕ထဲသားေတြဆိုေတာ့ ရင္းႏွီးၾကတယ္။ အဲဒါေၾကာင့္သူ႔ကို ေမာင္းပို႔ဖို႔အကူအညီေတာင္းခဲ့တာ။” ဟု အဆိုပါတာဝန္ရွိသူက ေျပာသည္။

ေတာ္လွန္ေရးအဖြဲ႕၏ကားကို ျမဝတီၿမိဳ႕တြင္ ထက္ဝက္ေဈးျဖင့္ေပါင္ႏွံကာ ေလာင္းကစားျပဳလုပ္ခဲ့သည္ဟု စုံစမ္းသိရွိခဲ့ရၿပီး အျခားအၿမိဳ႕ၿမိဳ႕အနယ္နယ္ရွိ ယာဥ္ပိုင္ရွင္မ်ား၏ကားမ်ားကိုလည္း ထိုနည္းတူစြာေပါင္ႏွံသုံးစြဲထားေၾကာင္း ေပၚေပါက္ခဲ့သည္ဟု သိရသည္။

“သူအလြဲသုံးစားလုပ္ခဲ့တဲ့ ကားေတြစုစုေပါင္းဆို တန္ဖိုးက သိန္း ၁၅၀၀ ေအာက္မေလ်ာ့ဘူး။ သူကကၽြန္ေတာ္တို႔ရဲ့ စစ္ေရးပစ္မွတ္၊ နိုင္ငံေရးပစ္မွတ္၊ စီးပြားေရးပစ္မွတ္မဟုတ္ပါဘူး။ အမ်ားျပည္သူပိုက္ဆံကိုအလြဲသုံးစားျပဳတဲ့အမႈ ပါ။ သူကလည္းဝန္ခံပါတယ္။”ဟု KRF က ေျပာသည္။

လက္ရွိအခ်ိန္၌ ကားပြဲစားရာဇာဆိုသူကို လုံျခဳံသည့္ေနရာတြင္ထိန္းသိမ္းထားၿပီး ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ကခ်မွတ္ထားသည့္ တရားစီရင္ေရးဥပေဒအတိုင္း ဆက္လက္လုပ္ေဆာင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

က်ိဳက္ထိုေတာ္လွန္ေရးအင္အားစု (KRF) အေနျဖင့္ ျပည္သူလူထု၏အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ေစာင့္ ေလၽွာက္သြားမည္ျဖစ္ၿပီး စစ္ေကာင္စီလက္ပါးေစ၊ သတင္းေပးဒလန္မ်ားႏွင့္ စစ္ေကာင္စီေဒါက္တိုင္မ်ားကိုလည္း ဆက္လက္တိုက္ခိုက္ေခ်မႈန္းသြားမည္ဟု ၎တို႔၏လူမႈကြန္ရက္စာမ်က္ႏွာမွတစ္ဆင့္ ေၾကညာထားသည္။