News

သွေးသောက်အဖွဲ့ခေါင်းဆောင် သန်လျင်မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရန်နိုင်ရွှေ သုတ်သင်ရှင်းလင်းခံရ

ေသြးေသာက္အဖြဲ႕ေခါင္းေဆာင္ သန္လ်င္ၿမိဳ႕စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ရန္နိုင္ေရႊ သုတ္သင္ရွင္းလင္းခံရ

ရဲေခါင္/People’s Spring
ရန္ကုန္တိုင္း သန္လ်င္ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္၊ ေသြးေသာက္အဖြဲ႕ေခါင္းေဆာင္ ရန္နိုင္ေရႊအား သုတ္သင္ရွင္းလင္းခဲ့ဟု သန္လ်င္ျပည္သူ႔ကာ ကြယ္ေရးတပ္ဖြဲ႕(ပကဖ) ထုတ္ျပန္သည္။

ယေန႔(ေမ ၁ ရက္) ညေန ၆ နာရီ ၁၅ မိနစ္တြင္ ဖို႔ေျမလမ္းထိပ္၌ ေသနတ္ျဖင့္ ကိုးခ်က္ ပစ္ခတ္ၿပီးရွင္းလင္းခဲ့သည္ဟု ဆိုသည္။

“ရန္နိုင္ေရႊဟာ တရားမဝင္အၾကမ္းဖက္စစ္ေကာင္စီေထာက္တိုင္ အႀကီးစားျဖစ္ၿပီး ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္၊ ျပည္သူ႔စစ္အဖြဲ႕ေခါင္းေဆာင္၊ ေသြးေသာက္အဖြဲ႕ေခါင္းေဆာင္အျဖစ္ သန္လ်င္ၿမိဳ႕တြင္ေဆာင္ရြက္ေနသူျဖစ္သည့္အျပင္ ၂၀၂ဝေရြးေကာက္ပြဲတြင္ ႀကံ့ဖြတ္အမတ္ေလာင္းအျဖစ္ ဝင္ေရာက္အေရြးခံခဲ့သူတစ္ဦးလည္းျဖစ္သည္”ဟု သန္လ်င္ (ပကဖ)က ေျပာသည္။

ထို႔အျပင္ သန္လ်င္ၿမိဳ႕လယ္မွ KBZ ဘဏ္ ၏ ATM စက္မ်ားႏွင့္ ကားကိုပါ က်ည္ဆယ္ေတာင့္ျဖင့္ပစ္ခတ္ခဲ့သည့္အျပင္ ေတာင္ပိုင္ခရိုင္ယာဥ္ထိန္း႐ုံးအား ပစ္ခတ္ခဲ့ၿပီး ရဲတစ္ဦးဒဏ္ရာျပင္းထန္ခဲ့ေၾကာင္းလည္း အသိေပးသည္။

“ဒီည ၇ နာရီေလာက္မွာ သန္လ်င္တံတားဘက္ကေန ရန္ကုန္အတက္ကို ပိတ္လိုက္တယ္”ဟု သန္လ်င္ ေဒသခံတစ္ဦးက People’s Springသို႔ ေျပာသည္။

ထို႔အျပင္ ဒလၿမိဳ႕နယ္မွ စစ္ေကာင္စီႏွင့္ပူးေပါင္းကာ ေဒသခံျပည္သူမ်ားအား အနိုင္က်င့္ေနသည့္ ကရင္(ခ) ခ်စ္မိုးမွာ ယေန႔ ညပိုင္းတြင္ ေသနတ္ျဖင့္ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း သိရသည္။

ဒလၿမိဳ႕နယ္၊ က်န္စစ္သားရပ္ကြက္၊ ငေထြ႐ူးလမ္း၊ ေဘာ္လီေဘာကြင္းတြင္ ခ်စ္မိုးမွာ ယေန႔ ညေန ၅ နာရီ ၅၅ မိနစ္အခ်ိန္က ေသနတ္ျဖင့္ ပစ္ခတ္ခံရၿပီး ဆီးစပ္ထိမွန္ဒဏ္ရာျဖင့္ ေသဆုံးခဲ့ျခင္းျဖစ္သည္။

(သန္လ်င္ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ရန္နိုင္ေရႊအား ေတြ႕ရစဥ္)

သွေးသောက်အဖွဲ့ခေါင်းဆောင် သန်လျင်မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရန်နိုင်ရွှေ သုတ်သင်ရှင်းလင်းခံရ

ရဲခေါင်/People’s Spring
ရန်ကုန်တိုင်း သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ သွေးသောက်အဖွဲ့ခေါင်းဆောင် ရန်နိုင်ရွှေအား သုတ်သင်ရှင်းလင်းခဲ့ဟု သန်လျင်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(ပကဖ) ထုတ်ပြန်သည်။

ယနေ့(မေ ၁ ရက်) ညနေ ၆ နာရီ ၁၅ မိနစ်တွင် ဖို့မြေလမ်းထိပ်၌ သေနတ်ဖြင့် ကိုးချက် ပစ်ခတ်ပြီးရှင်းလင်းခဲ့သည်ဟု ဆိုသည်။

“ရန်နိုင်ရွှေဟာ တရားမဝင်အကြမ်းဖက်စစ်ကောင်စီထောက်တိုင် အကြီးစားဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်၊ သွေးသောက်အဖွဲ့ခေါင်းဆောင်အဖြစ် သန်လျင်မြို့တွင်ဆောင်ရွက်နေသူဖြစ်သည့်အပြင် ၂၀၂ဝရွေးကောက်ပွဲတွင် ကြံ့ဖွတ်အမတ်လောင်းအဖြစ် ဝင်ရောက်အရွေးခံခဲ့သူတစ်ဦးလည်းဖြစ်သည်”ဟု သန်လျင် (ပကဖ)က ပြောသည်။

ထို့အပြင် သန်လျင်မြို့လယ်မှ KBZ ဘဏ် ၏ ATM စက်များနှင့် ကားကိုပါ ကျည်ဆယ်တောင့်ဖြင့်ပစ်ခတ်ခဲ့သည့်အပြင် တောင်ပိုင်ခရိုင်ယာဉ်ထိန်းရုံးအား ပစ်ခတ်ခဲ့ပြီး ရဲတစ်ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်းလည်း အသိပေးသည်။

“ဒီည ၇ နာရီလောက်မှာ သန်လျင်တံတားဘက်ကနေ ရန်ကုန်အတက်ကို ပိတ်လိုက်တယ်”ဟု သန်လျင် ဒေသခံတစ်ဦးက People’s Springသို့ ပြောသည်။

ထို့အပြင် ဒလမြို့နယ်မှ စစ်ကောင်စီနှင့်ပူးပေါင်းကာ ဒေသခံပြည်သူများအား အနိုင်ကျင့်နေသည့် ကရင်(ခ) ချစ်မိုးမှာ ယနေ့ ညပိုင်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ငထွေရူးလမ်း၊ ဘော်လီဘောကွင်းတွင် ချစ်မိုးမှာ ယနေ့ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆီးစပ်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

(သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရန်နိုင်ရွှေအား တွေ့ရစဉ်)