Local News

စကစနဲ႔ တိုက္ပြဲျဖစ္ၿပီး PDF-ထီးလင္း ဒုတပ္ရင္းမႉး လက္နက္ႀကီးစထိမွန္ ဒဏ္ရာရ

စကစနဲ႔ တိုက္ပြဲျဖစ္ၿပီး PDF-ထီးလင္း ဒုတပ္ရင္းမႉး လက္နက္ႀကီးစထိမွန္ ဒဏ္ရာရ

BVJ၊ ေမ ၁၊ ၂၀၂၂

PDF-HTILIN နဲ႔ စကကစအဖြဲ႕တို႔ ထိေတြ႕တိုက္ပြဲျဖစ္ပြားၿပီး PDF-HTILIN တပ္ဖြဲ႕ရဲ့ ဒုတပ္ရင္းမႉး လက္နက္ႀကီးစထိမွန္ကာ မစိုးရိမ္ရ ခဲ့ေၾကာင္း ထိုတပ္ဖြဲ႕က ထုတ္ျပန္ပါတယ္

ဧၿပီ ၃၀ရက္ကစကစအဖြဲ႕ဟာ ထီးလင္းၿမိဳ႕နယ္ အုန္းတြဲ ရြာဘက္ကေန ငါးဆင္းရြာကို ဒ႐ုန္းနဲ႔ ကင္းေထာက္ကာ လက္နက္ႀကီး လက္နက္ငယ္မ်ားနဲ႔ ရမ္းသမ္းပစ္ခတ္ခဲ့ပါတယ္

အဲ့ဒီ စကစစစ္ေၾကာင္းကို PDF-HTILIN က ေစာင့္ႀကိဳတိုက္ခိုက္ခဲ့ၿပီး အျပန္အလွန္ထိေတြမႈ ၄၅မိနစ္ခန႔္ တိုက္ပြဲျဖစ္ပြားခဲ့ေပမယ့္ PDF-HTILIN တပ္ဖြဲ႕အေနနဲ႔ လက္နက္အင္အားမမၽွတာေၾကာင့္ ေနာက္ဆုတ္ေပးခဲ့ရတယ္လို႔ သိရပါတယ္

အဲ့ဒီေန႔ မနက္၁၀နာရီခြဲအခ်ိန္ခန႔္မွာ ထီးလင္းၿမိဳ႕နယ္ ငါးဆင္း‌ရြာကို စကစစစေၾကာင္းေတြ ေရာက္ရွိလာၿပီး ပ-က-ဖ ကင္းေထာက္တပ္ဖြဲ႕နဲ႔ ထပ္မံထိေတြ႕မႈျဖစ္ပြားခဲ့ပါေသးတယ္

အဲ့ဒီေနာက္ ငါးဆင္းရြာကိုေရာက္ၿပီး ပါးမ်ဥ္းရြာဘက္ကို ဆက္လက္ ထြက္ခြာသြားတဲ့ စကစအဖြဲ႕ကို PDF-HTILIN တပ္ဖြဲ႕က အသင့္ျပဳလုပ္ထားတဲ့ တိုက္မိုင္း၊ နင္းမိုင္းမ်ားနဲ႔သာ တိုက္ခိုက္နိုင္ခဲ့တယ္လို႔ သိရပါတယ္

လက္နက္အင့္အားမမၽွသျဖင့္ PDF-HTILIN တပ္ဖြဲ႕မွ ဒုတပ္ခြဲမႉးမွာ လက္နက္ႀကီးစထိမွန္ မစိုးရိမ္ရ ဒဏ္ရာရရွိခဲ့ပါသည္လို႔ ထုတ္ျပန္ထားပါတယ္

တိုက္ပြဲအတြင္း စကစဘက္က ထိခိုက္က်ဆုံးတာေတြရွိခဲ့ေပမယ့္ အတိအက်မသိရွိနိုင္ေသးဘူးလို႔ ထုတ္ျပန္ထားပါတယ္ ပုံစာ- PDF-ထီးလင္း တပ္ဖြဲ႕ဝင္အခ်ိဳ႕ကိုေတြ႕ရစဥ္

စကစနဲ့ တိုက်ပွဲဖြစ်ပြီး PDF-ထီးလင်း ဒုတပ်ရင်းမှူး လက်နက်ကြီးစထိမှန် ဒဏ်ရာရ

BVJ၊ မေ ၁၊ ၂၀၂၂

PDF-HTILIN နဲ့ စကကစအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး PDF-HTILIN တပ်ဖွဲ့ရဲ့ ဒုတပ်ရင်းမှူး လက်နက်ကြီးစထိမှန်ကာ မစိုးရိမ်ရ ခဲ့ကြောင်း ထိုတပ်ဖွဲ့က ထုတ်ပြန်ပါတယ်

ဧပြီ ၃ဝရက်ကစကစအဖွဲ့ဟာ ထီးလင်းမြို့နယ် အုန်းတွဲ ရွာဘက်ကနေ ငါးဆင်းရွာကို ဒရုန်းနဲ့ ကင်းထောက်ကာ လက်နက်ကြီး လက်နက်ငယ်များနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်

အဲ့ဒီ စကစစစ်ကြောင်းကို PDF-HTILIN က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ထိတွေမှု ၄၅မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် PDF-HTILIN တပ်ဖွဲ့အနေနဲ့ လက်နက်အင်အားမမျှတာကြောင့် နောက်ဆုတ်ပေးခဲ့ရတယ်လို့ သိရပါတယ်

အဲ့ဒီနေ့ မနက်၁ဝနာရီခွဲအချိန်ခန့်မှာ ထီးလင်းမြို့နယ် ငါးဆင်း‌ရွာကို စကစစစကြောင်းတွေ ရောက်ရှိလာပြီး ပ-က-ဖ ကင်းထောက်တပ်ဖွဲ့နဲ့ ထပ်မံထိတွေ့မှုဖြစ်ပွားခဲ့ပါသေးတယ်

အဲ့ဒီနောက် ငါးဆင်းရွာကိုရောက်ပြီး ပါးမျဉ်းရွာဘက်ကို ဆက်လက် ထွက်ခွာသွားတဲ့ စကစအဖွဲ့ကို PDF-HTILIN တပ်ဖွဲ့က အသင့်ပြုလုပ်ထားတဲ့ တိုက်မိုင်း၊ နင်းမိုင်းများနဲ့သာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်

လက်နက်အင့်အားမမျှသဖြင့် PDF-HTILIN တပ်ဖွဲ့မှ ဒုတပ်ခွဲမှူးမှာ လက်နက်ကြီးစထိမှန် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါသည်လို့ ထုတ်ပြန်ထားပါတယ်

တိုက်ပွဲအတွင်း စကစဘက်က ထိခိုက်ကျဆုံးတာတွေရှိခဲ့ပေမယ့် အတိအကျမသိရှိနိုင်သေးဘူးလို့ ထုတ်ပြန်ထားပါတယ် ပုံစာ- PDF-ထီးလင်း တပ်ဖွဲ့ဝင်အချို့ကိုတွေ့ရစဉ်