Local News

စစ်ကောင်စီတပ် ဒုဗိုလ် အိတ်ကပ်ထဲမှတွေ့သည့် ရွှေလက်ကောက် ၅ ကွင်း ပိုင်ရှင်ထံ ပြန်အပ်မည်

ေသဆုံး စစ္ေကာင္စီတပ္ ဒုဗိုလ္ အိတ္ကပ္ထဲမွေတြ႕သည့္ ေရႊလက္ေကာက္ ၅ ကြင္း ပိုင္ရွင္ထံ ျပန္အပ္မည္

စစ္ကိုင္းတိုင္း၊ မင္းကင္းနယ္တြင္ တိုက္ပြဲအၿပီး ေဒသခံကာကြယ္ေရးတပ္ဖြဲ႕မ်ား နယ္ေျမရွင္းလင္းစဥ္ စစ္ေကာင္စီ တပ္မွ ေသဆုံးသူ ဒုဗိုလ္အဆင့္ရွိသူ၏ အိတ္ကပ္အတြင္းမွ ေရႊလက္ေကာက္ ငါးကြင္းေတြ႕ရွိခဲ့ရာ ပိုင္ရွင္စုံစမ္းၿပီး ျပန္အပ္နိုင္ရန္ စီစဥ္ေနေၾကာင္း သိရသည္

ဧၿပီလ ၂၉ ရက္ေန႔တြင္ မင္းကင္းေဒသကာကြယ္ေရးတပ္ဖြဲ႕ျဖစ္သည့္ Myanmar Defense Force မွ တပ္ဖြဲ႕ဝင္မ်ား နယ္ေျမရွင္းလင္းစဥ္ ခလရ ၈၇ မွ တစ္ပြင့္ႏွင့္ စစ္ေကာင္စီတပ္ ဒုတိယဗိုလ္ Db အိတ္ကပ္ထဲမွ ေရႊလက္ ေကာက္မ်ားေတြ႕ျခင္း ျဖစ္သည္

ဒီေကာင္ေတြ စစ္ေကာင္စီတပ္သား ဟာ မဟုတ္တာေတာ့ က်ိန္းေသတယ္ ဘယ္ရြာကေန ေဖာက္ထြင္းၿပီး ယူလာၾကလဲ မသိဘူး နယ္ေျမရွင္းလင္းတဲ့အခ်ိန္ အပြင့္နဲ႔ ေကာင္တစ္ေကာင္ရဲ့ က်ည္ကာအကၤ်ီမွာ ထည့္ထားတာ ေတြ႕တာ

ေဒသခံ ပ.က.ဖ ေတြနဲ႔ ခ်ိတ္ဆက္ေမးျမန္းၿပီး ပိုင္ရွင္ေပၚလာရင္ ျပန္အပ္နိုင္ဖို႔ စီစဥ္ေနပါတယ္၊ လက္ရွိ ေတာ့ ကၽြန္ေတာ္တို႔ တာဝန္ရွိသူေတြက ထိန္းသိမ္းထားပါတယ္ ဟု Myanmar Defense Force အဖြဲ႕ ျပန္ၾကားေရး တာဝန္ခံ ဗိုလ္ေတာ္ဝင္က ေျပာသည္

မင္းကင္းေဒသတြင္ ဧၿပီလ ေနာက္ဆုံးအပတ္က ငါးရက္နီးပါး တိုက္ပြဲျပင္းထန္ခဲ့ၿပီး စစ္ေကာင္စီတပ္ ခလရ ၈၇ ေျခလ်င္စစ္ေၾကာင္း အထိအခိုက္အက်အဆုံးမ်ားစြာျဖင့္ ကနီနယ္သို႔ ဆုတ္ခြာသြားေၾကာင္း MDF က ထုတ္ျပန္ထား သည္

ယင္းစစ္ေကာင္စီတပ္သည္ ဧၿပီ ၂၅ ရက္ေန႔မွ စတင္ကာ ပ်ဴေစာထီးမ်ားအပါအဝင္ အင္အား ၂၀၀ ခန႔္ျဖင့္ မင္းကင္း ၿမိဳ႕နယ္ရွိ ေလာင္းျပည့္ရြာ၊ ေခ်ာင္းဖ်ားရြာ၊ သံေပါက္ရြာ၊ ေလာင္းျပည့္ရြာႏွင့္ ဇင္ကလဲရြာမ်ားအား ရြာလုံးကၽြတ္ နီးပါး မီးရွို႔သြားသည္ဟု ဗိုလ္ေတာ္ဝင္က ေျပာသည္

ေနအိမ္မ်ား မီးရွို႔ခံရသည့္အတြက္ ေဒသခံေထာင္ႏွင့္ခ်ီ စစ္ေဘးေရွာင္ေနရၿပီး Myanmar Defense Force မွ အေျခခံ စားေသာက္ကုန္မ်ား ေထာက္ပံ့ကာ ေနထိုင္စရာမ်ား ျပဳလုပ္ေပးေနေၾကာင္း သိရသည္ Crd- Mizzama

သေဆုံး စစ်ကောင်စီတပ် ဒုဗိုလ် အိတ်ကပ်ထဲမှတွေ့သည့် ရွှေလက်ကောက် ၅ ကွင်း ပိုင်ရှင်ထံ ပြန်အပ်မည်

စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်တွင် တိုက်ပွဲအပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီ တပ်မှ သေဆုံးသူ ဒုဗိုလ်အဆင့်ရှိသူ၏ အိတ်ကပ်အတွင်းမှ ရွှေလက်ကောက် ငါးကွင်းတွေ့ရှိခဲ့ရာ ပိုင်ရှင်စုံစမ်းပြီး ပြန်အပ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်

ဧပြီလ ၂၉ ရက်နေ့တွင် မင်းကင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် Myanmar Defense Force မှ တပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းစဉ် ခလရ ၈၇ မှ တစ်ပွင့်နှင့် စစ်ကောင်စီတပ် ဒုတိယဗိုလ် Db အိတ်ကပ်ထဲမှ ရွှေလက် ကောက်များတွေ့ခြင်း ဖြစ်သည်

ဒီကောင်တွေ စစ်ကောင်စီတပ်သား ဟာ မဟုတ်တာတော့ ကျိန်းသေတယ် ဘယ်ရွာကနေ ဖောက်ထွင်းပြီး ယူလာကြလဲ မသိဘူး နယ်မြေရှင်းလင်းတဲ့အချိန် အပွင့်နဲ့ ကောင်တစ်ကောင်ရဲ့ ကျည်ကာအင်္ကျီမှာ ထည့်ထားတာ တွေ့တာ

ဒေသခံ ပ.က.ဖ တွေနဲ့ ချိတ်ဆက်မေးမြန်းပြီး ပိုင်ရှင်ပေါ်လာရင် ပြန်အပ်နိုင်ဖို့ စီစဉ်နေပါတယ်၊ လက်ရှိ တော့ ကျွန်တော်တို့ တာဝန်ရှိသူတွေက ထိန်းသိမ်းထားပါတယ် ဟု Myanmar Defense Force အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်တော်ဝင်က ပြောသည်

မင်းကင်းဒေသတွင် ဧပြီလ နောက်ဆုံးအပတ်က ငါးရက်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် ခလရ ၈၇ ခြေလျင်စစ်ကြောင်း အထိအခိုက်အကျအဆုံးများစွာဖြင့် ကနီနယ်သို့ ဆုတ်ခွာသွားကြောင်း MDF က ထုတ်ပြန်ထား သည်

ယင်းစစ်ကောင်စီတပ်သည် ဧပြီ ၂၅ ရက်နေ့မှ စတင်ကာ ပျူစောထီးများအပါအဝင် အင်အား ၂၀၀ ခန့်ဖြင့် မင်းကင်း မြို့နယ်ရှိ လောင်းပြည့်ရွာ၊ ချောင်းဖျားရွာ၊ သံပေါက်ရွာ၊ လောင်းပြည့်ရွာနှင့် ဇင်ကလဲရွာများအား ရွာလုံးကျွတ် နီးပါး မီးရှို့သွားသည်ဟု ဗိုလ်တော်ဝင်က ပြောသည်

နေအိမ်များ မီးရှို့ခံရသည့်အတွက် ဒေသခံထောင်နှင့်ချီ စစ်ဘေးရှောင်နေရပြီး Myanmar Defense Force မှ အခြေခံ စားသောက်ကုန်များ ထောက်ပံ့ကာ နေထိုင်စရာများ ပြုလုပ်ပေးနေကြောင်း သိရသည် Crd- Mizzama