News

Navy Seals သင်တန်း မတက်ရောက်လိုသည့် ရေတပ် တပ်ဖွဲ့ဝင်တပ်သားများ ထွက်ပြေးနေ

စစ္ေကာင္စီက အျမဲအဆင္သင့္ျဖစ္ေအာင္ အထူးေလ့က်င့္ သင္ၾကားေပးသည့္ Navy Seals တပ္ဖြဲ႕ဝင္ သင္တန္းမတက္ေရာက္လို၍ တပ္မေတာ္(ေရ)မွ တပ္ဖြဲ႕ဝင္မ်ား ထြက္ေျပးေနသည္ဟု တပ္တြင္းသတင္းရင္းျမစ္မ်ားထံက သိရသည္။

အထူးေလ့က်င့္သင္ၾကားေပးသည့္ Navy Seals တပ္ဖြဲ႕သင္တန္းကို ေမလ ပထမအပတ္တြင္ တက္ေရာက္ရမည္ျဖစ္သည္ဟု ထြက္ေျပးတိမ္းေရွာင္လာသည့္ တပ္မေတာ္ (ေရ)မွ တပ္ဖြဲ႕ဝင္တစ္ဦးက အတည္ျပဳ ေျပာသည္။

သင္တန္းက ဧၿပီလကုန္ တက္ရမွာ အဲဒါၿပီးရင္ သူတို႔က စစ္ေျမျပင္ ေစလႊတ္မွာ။ ကၽြန္ေတာ္ စစ္မတိုက္ခ်င္ဘူး။ အဲဒါေၾကာင့္မို႔ လစာလည္း မယူဘဲ တန္းစီရမယ့္ အခ်ိန္မွာ မစီဘဲနဲ႔ အုတ္တံတိုင္းေက်ာ္ ထြက္ေျပးလာတာ ဟု ၎က ဆိုသည္။

အဆိုပါသင္တန္းသည္ အၾကမ္းတမ္းဆုံးႏွင့္ အခက္အခဲဆုံး ေလ့က်င္သင္ၾကားမႈမ်ား ပါဝင္ၿပီး ငရဲခန္းေလ့က်င့္မႈမ်ားဟု တပ္တြင္း တင္စားထားၾကသည္။

တပ္မေတာ္က အထူးေလ့က်င့္ေရးသင္တန္းမ်ားကို တပ္မေတာ္ (ေရ) တပ္ သာမက ၾကည္းတပ္၊ ေလတပ္ တပ္ဖြဲ႕ဝင္မ်ားကိုလည္း သင္ၾကားေဆာင္ရြက္လ်က္ရွိသည္ဟု တပ္မေတာ္ႏွင့္ နီးစပ္သည့္ အသိုင္းအဝိုင္းမ်ားထံက သိရသည္။

အဆိုပါ အထူးေလ့က်င့္ထားသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ စစ္ေကာင္စီ အႀကီးအကဲမ်ား၏ လုံျခဳံေရးႏွင့္ လၽွို႔ဝွက္စစ္ဆင္ေရးမ်ားတြင္ တာဝန္ယူေဆာင္ရြက္ရသည္ဟု အၿငိမ္းစား တပ္မေတာ္ ဗိုလ္မႉးတစ္ဦးက ေျပာသည္။

တပ္မေတာ္အေနျဖင့္ အင္အားနည္းပါးလာသည့္အျပင္ ေရွ႕တန္းတြင္လည္း နယ္ေျမစိုးမိုးမႈ အားနည္းလာသည့္အတြက္ စစ္မတိုက္ခ်င္သည့္ အေျခအေနမ်ားေၾကာင့္ တပ္တြင္းမွ ထြက္ေျပးတိမ္းေရွာင္မႈမ်ား ပိုမိုမ်ားျပားလာေနသည္ဟု CDM ဗိုလ္ႀကီး လင္းထက္ေအာင္က ေျပာသည္။

“အခုအေျခေနကေတာ့ စစ္တပ္က အင္အားကလည္း နည္းပါးလာၿပီ။ သူတို႔ရဲ့မာေက်ာလွပါၿပီဆိုတဲ့ စစ္ဆင္ေရးတပ္မႀကီးေတြေတာင္မွ တပ္ကို စြန႔္ခြာသူေတြ၊ ေတာ္လွန္ေရးတပ္ဖြဲ႕ဝင္ေတြရဲ့ ဖမ္းဆီးခံရသူေတြ မ်ားလာေတာ့ သူတို႔အေနနဲ႔ တပ္ျပင္ကို စစ္သားတစ္ေယာက္အေနနဲ႔ ထြက္ရင္ကို မလုံျခဳံေတာ့ဘူး။

အဲဒီအေျခေနတစ္ခုကို သူတို႔အေနနဲ႔ စိုးရိမ္လာတယ္။ စိုးရိမ္လာတဲ့အတြက္ သူတို႔အေနနဲ႔ စစ္သားျဖစ္ရတာ သူတို႔အတြက္ ကံဆိုးမႈတစ္ခုလို႔ တခ်ိဳ႕သူေတြက ျမင္ေနၾကၿပီ။

ဒီလိုအေျခအေနမွာ စစ္တိုက္ခိုင္းလည္း သူတို႔အေနနဲ႔ အသာစီးရမႈအေျခအေနက နည္းပါးလာတဲ့ ပုံစံေတြ ျဖစ္လာတဲ့အတြက္ စြန႔္ခြာမႈေတြက စစ္မတိုက္ခ်င္တဲ့ အေျခအေနေတြ တပ္တြင္းမွာ မေနလိုတဲ့ ဆႏၵေတြေၾကာင့္ ဒီလိုေတြ ျဖစ္လာတာပါ” ဟု ၎က ဆိုသည္။

Navy Seals တပ္ဖြဲ႕ဝင္မ်ားအေၾကာင္းကို ရိုက္ကူးထားသည့္ နာရီ ၁၁၀ ဇာတ္ကားကို စစ္ေကာင္စီက (၇၄) ႏွစ္ေျမာက္ တပ္မေတာ္ေန႔တြင္ ျပသခဲ့ဖူးသည္။ Crd- သံလြင္ခက္

စစ်ကောင်စီက အမြဲအဆင်သင့်ဖြစ်အောင် အထူးလေ့ကျင့် သင်ကြားပေးသည့် Navy Seals တပ်ဖွဲ့ဝင် သင်တန်းမတက်ရောက်လို၍ တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များ ထွက်ပြေးနေသည်ဟု တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

အထူးလေ့ကျင့်သင်ကြားပေးသည့် Navy Seals တပ်ဖွဲ့သင်တန်းကို မေလ ပထမအပတ်တွင် တက်ရောက်ရမည်ဖြစ်သည်ဟု ထွက်ပြေးတိမ်းရှောင်လာသည့် တပ်မတော် (ရေ)မှ တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြု ပြောသည်။

သင်တန်းက ဧပြီလကုန် တက်ရမှာ အဲဒါပြီးရင် သူတို့က စစ်မြေပြင် စေလွှတ်မှာ။ ကျွန်တော် စစ်မတိုက်ချင်ဘူး။ အဲဒါကြောင့်မို့ လစာလည်း မယူဘဲ တန်းစီရမယ့် အချိန်မှာ မစီဘဲနဲ့ အုတ်တံတိုင်းကျော် ထွက်ပြေးလာတာ ဟု ၎င်းက ဆိုသည်။

အဆိုပါသင်တန်းသည် အကြမ်းတမ်းဆုံးနှင့် အခက်အခဲဆုံး လေ့ကျင်သင်ကြားမှုများ ပါဝင်ပြီး ငရဲခန်းလေ့ကျင့်မှုများဟု တပ်တွင်း တင်စားထားကြသည်။

တပ်မတော်က အထူးလေ့ကျင့်ရေးသင်တန်းများကို တပ်မတော် (ရေ) တပ် သာမက ကြည်းတပ်၊ လေတပ် တပ်ဖွဲ့ဝင်များကိုလည်း သင်ကြားဆောင်ရွက်လျက်ရှိသည်ဟု တပ်မတော်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းများထံက သိရသည်။

အဆိုပါ အထူးလေ့ကျင့်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကောင်စီ အကြီးအကဲများ၏ လုံခြုံရေးနှင့် လျှို့ဝှက်စစ်ဆင်ရေးများတွင် တာဝန်ယူဆောင်ရွက်ရသည်ဟု အငြိမ်းစား တပ်မတော် ဗိုလ်မှူးတစ်ဦးက ပြောသည်။

တပ်မတော်အနေဖြင့် အင်အားနည်းပါးလာသည့်အပြင် ရှေ့တန်းတွင်လည်း နယ်မြေစိုးမိုးမှု အားနည်းလာသည့်အတွက် စစ်မတိုက်ချင်သည့် အခြေအနေများကြောင့် တပ်တွင်းမှ ထွက်ပြေးတိမ်းရှောင်မှုများ ပိုမိုများပြားလာနေသည်ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။

“အခုအခြေနေကတော့ စစ်တပ်က အင်အားကလည်း နည်းပါးလာပြီ။ သူတို့ရဲ့မာကျောလှပါပြီဆိုတဲ့ စစ်ဆင်ရေးတပ်မကြီးတွေတောင်မှ တပ်ကို စွန့်ခွာသူတွေ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံရသူတွေ များလာတော့ သူတို့အနေနဲ့ တပ်ပြင်ကို စစ်သားတစ်ယောက်အနေနဲ့ ထွက်ရင်ကို မလုံခြုံတော့ဘူး။

အဲဒီအခြေနေတစ်ခုကို သူတို့အနေနဲ့ စိုးရိမ်လာတယ်။ စိုးရိမ်လာတဲ့အတွက် သူတို့အနေနဲ့ စစ်သားဖြစ်ရတာ သူတို့အတွက် ကံဆိုးမှုတစ်ခုလို့ တချို့သူတွေက မြင်နေကြပြီ။

ဒီလိုအခြေအနေမှာ စစ်တိုက်ခိုင်းလည်း သူတို့အနေနဲ့ အသာစီးရမှုအခြေအနေက နည်းပါးလာတဲ့ ပုံစံတွေ ဖြစ်လာတဲ့အတွက် စွန့်ခွာမှုတွေက စစ်မတိုက်ချင်တဲ့ အခြေအနေတွေ တပ်တွင်းမှာ မနေလိုတဲ့ ဆန္ဒတွေကြောင့် ဒီလိုတွေ ဖြစ်လာတာပါ” ဟု ၎င်းက ဆိုသည်။

Navy Seals တပ်ဖွဲ့ဝင်များအကြောင်းကို ရိုက်ကူးထားသည့် နာရီ ၁၁၀ ဇာတ်ကားကို စစ်ကောင်စီက (၇၄) နှစ်မြောက် တပ်မတော်နေ့တွင် ပြသခဲ့ဖူးသည်။ Crd- သံလွင်ခက်