Articles

ေကာလင္းတြင္ ရဲသုံးဦး လက္နက္ႏွင့္အတူ CDM ဝင္

ကောလင်းတွင် ရဲသုံးဦး လက်နက်နှင့်အတူ CDM ဝင်

ကောလင်း – မေ ၂၊ ၂၀၂၂

အင်းတော်မြို့ ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲသုံးဦး ကောလင်းမြို့နယ်ရှိ ဒေသခံကာကွယ်ရေးတပ်သို့ ဧပြီလ ၃၀ ရက်နေ့က CDM ပြုလုပ်လာကြောင်းသိရသည်။

ရဲသုံးဦးမှာ သေနတ် သုံးလက်အပါအဝင် လက်နက်အချို့ဖြင့် CDM ဝင်ရောက်လာခြင်းဖြစ်သည်ဟု ခိုင်လုံသည့် အမျိုးသားသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

CDM ဝင်တာ စစ်သားတွေမပါဘူး ရဲတွေပဲ။ အင်းတော်က ဟုတ်တယ် ဟုပြောသည်။ CDM ပြုလုပ်လာသူ သုံးဦးကို အချုပ်တွင် ထည့်ထားခြင်းမျိုး မပြုလုပ်ပဲ လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုထားသည်ဟု သူက ဆက်ပြောသည်။

Uzi ထုတ်သေနတ် တစ်လက်၊ G3 နှစ်လက်၊ လက်ပစ်ဗုံး လေးလုံး၊ 7.62 ကျည် ၁၂၆၂ တောင့်၊ ၉ မမ ကျည် ၁၈၁ တောင့်နှင့် လက်နက်အချို့တို့ ဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား ၂၀၀၀ ကျော်နှင့် ရဲ ၆၀၀၀ ရှိသည်ဟု ပြည်သူ့ရင်ခွင်အဖွဲ့ထံမှ သိရသည်။ စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် လွန်ခဲ့သောငါးလအတွင်း CDM ဝင်ရောက်လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် ရှိခဲ့သည်။ Crd- The 74 Media

ေကာလင္းတြင္ ရဲသုံးဦး လက္နက္ႏွင့္အတူ CDM ဝင္

ေကာလင္း – ေမ ၂၊ ၂၀၂၂

အင္းေတာ္ၿမိဳ႕ ရဲစခန္းမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ရဲသုံးဦး ေကာလင္းၿမိဳ႕နယ္ရွိ ေဒသခံကာကြယ္ေရးတပ္သို႔ ဧၿပီလ ၃၀ ရက္ေန႔က CDM ျပဳလုပ္လာေၾကာင္းသိရသည္။

ရဲသုံးဦးမွာ ေသနတ္ သုံးလက္အပါအဝင္ လက္နက္အခ်ိဳ႕ျဖင့္ CDM ဝင္ေရာက္လာျခင္းျဖစ္သည္ဟု ခိုင္လုံသည့္ အမ်ိဳးသားသတင္းရင္းျမစ္တစ္ဦးက The 74 Media ကိုေျပာသည္။

CDM ဝင္တာ စစ္သားေတြမပါဘူး ရဲေတြပဲ။ အင္းေတာ္က ဟုတ္တယ္ ဟုေျပာသည္။ CDM ျပဳလုပ္လာသူ သုံးဦးကို အခ်ဳပ္တြင္ ထည့္ထားျခင္းမ်ိဳး မျပဳလုပ္ပဲ လြတ္လြတ္လပ္လပ္ သြားလာခြင့္ ျပဳထားသည္ဟု သူက ဆက္ေျပာသည္။

Uzi ထုတ္ေသနတ္ တစ္လက္၊ G3 ႏွစ္လက္၊ လက္ပစ္ဗုံး ေလးလုံး၊ 7.62 က်ည္ ၁၂၆၂ ေတာင့္၊ ၉ မမ က်ည္ ၁၈၁ ေတာင့္ႏွင့္ လက္နက္အခ်ိဳ႕တို႔ ျဖင့္ ေရာက္ရွိလာျခင္းျဖစ္ေၾကာင္း သိရသည္။

စစ္ေကာင္စီအာဏာသိမ္းၿပီးေနာက္ CDM ျပဳလုပ္လာသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ စစ္သား ၂၀၀၀ ေက်ာ္ႏွင့္ ရဲ ၆၀၀၀ ရွိသည္ဟု ျပည္သူ႔ရင္ခြင္အဖြဲ႕ထံမွ သိရသည္။ စစ္ကိုင္းတိုင္း ကသာၿမိဳ႕နယ္တြင္ လြန္ခဲ့ေသာငါးလအတြင္း CDM ဝင္ေရာက္လာသူ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၅၀ ေက်ာ္ ရွိခဲ့သည္။ Crd- The 74 Media