နွေခေါင်ခေါင်ချင်းတောင်တန်းပေါ်ပွင့်တဲ့ တောင်ဇလပ်ပန်း ရုပ်/သံ
စစ်ကောင်စီကို ခုခံတိုက်ခိုက်ရင်း လက်နှစ်ဖက်နဲ့ မျက်လုံးတစ်လုံး ဆုံးရှုံးခဲ့ရတဲ့ CDF – Zotungမှ ရဲဘော်တစ်ဦးနဲ့ သူ့ရဲ့ချစ်လှစွာသော မိန်းခလေးတို့ရဲ့ မင်္ဂလာပွဲကို ချင်းပြည်နယ်တစ်နေရာမှာ ပြုလုပ်ခဲ့ကြပါတယ်။
CDF ဆိုတာ စစ်ကောင်စီကို ချင်းတောင်ပေါ်ကရဲရင်လှတဲ့ ချင်းတိုင်းရင်းသားတွေက အင်အားကောင်းလှ ပါတယ်ဆိုတဲ့ စစ်တပ်ကိုတူးမီးနဲ့ စတင်တော်လှန်ပြပြီး စစ်ကောင်စီတပ်ကို အထိ့နာစေခဲ့တဲ့ တိုင်းရင်းသားတွေနဲ့ဖွဲ့စည်းထားတာပါ။
အမည်အပြည်အစုံကချင်းဒေသ ကာကွယ်ရေးတပ်-CDF လို့ခေါ်ပါတယ်။ မတရားမှုကို ခုခံတော်လှန်ရင်း မသန်စွမ်းတစ်ယောက် ဖြစ်သွားခဲ့ရတဲ့ CDF ရဲဘော်တစ်ဦးကို မေတ္တာမပျက်ဘဲ ပေါင်းသင်းလက်ထပ်ခဲ့တဲ့ အမျိုးသမီးရဲ့သစ္စာရှိမှုအပေါ် ပြည်သူများက ချီးကျူး ၊မုဓိတာပွားခဲ့ကြပါတယ်။
CDF(Zotung) တပ်ဖွဲ့ဝင် ရဲဘော် Zaw Thin ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက မိုင်းစမ်းသပ်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး လက်နှစ်ဖက်နဲ့မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့ရသူပါ။
ရဲဘော် Zaw Thin ရဲ့ ချစ်သူ Ting Mesi က ပစ်ပယ်မသွားဘဲ ယနေ့ (မေ၂ ရက်)မှာ လူကြီးများရှေ့မှောက် ခရစ်ယာန် ထုံးတမ်းအစဉ်အလာအတိုင်းလက်ထက်ပွဲကျင်းပခဲ့ခြင်းဖြစ်တယ်လို့ ဟားခါးပို့စ်က ရေးသားထားပါတယ်။
ရှစ်လေးလုံးလူထုအရေးတော်ပုံနဲ့ နွေဦးတော်လှန်ရေးတို့မှ ဦးဆောင်ပါဝင်သူတွေထဲကတစ်ဦးလည်းဖြစ်၊ စာရေးဆရာ ဦးမင်းကိုနိုင်ကလည်း ချင်းမောင်နှံအတွက် ကဗျာတစ်ပုဒ် မင်္ဂလာလက်ဖွဲ့အဖြစ် ပေးခဲ့ပါတယ်
လက်ဖွဲ့
အတုတွေကြား
အစစ်ကထရပ်လိုက်သလိုပေါ့
နွေခေါင်ခေါင် ချင်းတောင်တန်းပေါ်
တောင်ဇလပ်နတ်ပန်းပွင့်ပြတယ်
ဒီလက်တွေက
ဂစ်တာတီးပြလို့ မရတော့ပါဘူး
ဒါပေမယ့်
နှလုံးသားစောင်းကြိုး
တို့ခတ်နိူးလို့ရသေးတယ်
ဒီလက်တွေက
အာရုံခံစားမရတော့ပါဘူး
ဒါပေမယ့်
မေတ္တာသက်ဝင် မြတ်နိုးကြင်နာပေးနိုင်တယ်
ပြီးတော့
ယုံကြည်စွမ်းအင် တိုက်ပွဲဝင်နိုင်ကြဦးမယ်
အသွေးအသား လက်ကိုတွဲမှမဟုတ်ပါဘူး
ဂုဏ်ယူတတ်စွာ မစွန့်ခွါတာကလည်
လက်တွဲတာပဲလို့ဆိုတဲ့အခါ
ဒါလည်းကဗျာမဟုတ်ပါဘူး
“နွေခေါင်ခေါင် တောင်ဇလပ်ပန်းလို ပွင့်ပြလိုက်တဲ့အစစ်” သို့မဟုတ်
“လောကဓံရဲ့ခေါ်သံကိုပြန်ထူးလိုက်တဲ့ အောက်ချင်းမောင်နှံသစ္စာကို ထိမှန်ခံစား တောင်တန်းများထံမှ ပို့သလိုက်သောလက်ဖွဲ့ပါ” ။
ချင်းမီဒီယာတစ်ခုဖြစ်တဲ့ Zalen ကလည်း သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲ ဓါတ်ပုံတွေကိုဖော်ပြတဲ့အခါ နိုင်ငံတစ်ဝန်းကပြည်သူတွေက သတို့သားနဲ့သတို့သမီးတို့ကိုချီးကျူး ၊မုဓိတာပွားကြပါတယ်။
ပြည်သူတစ်ယောက်က “အချစ်၊ သစ္စာ၊တန်ဖိုးထားမှု၊လူ့တန်ဖိုးအားလုံးကိုဖော်ပြလိုက်တဲ့ မင်္ဂလာ မောင်နှံ”လို့ မှတ်ချက်ပြု ချီးကျူးပါတယ်။
“ဆုံးရှုံးမှုတွေကြီးမားခဲ့ပေမယ့် အရှုံးထဲကအမြတ်…။ ဒီအခြေအနေမှာ ဘာကိုမှမမှု အချစ်စစ်နဲ့အချစ်ကြီးချစ်တဲ့ချစ်သူလေး ခုတော့ ဇနီးချောလေးကိုပိုင်ဆိုင်ခွင့်ရတာ ရဲဘော် အင်မတန်ကံကောင်းပါတယ်။
ရှေ့ဆက်လို့ဘဝခရီးဟာ သာယာလှပပါစေ။တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့စေတနာအရင်းခံ ရဲစွမ်းသတ္တိတွေကြောင့် ရောက်ရာအရပ်တိုင်းမှာ ဖေးကူမသူတွေများလို့ ကျန်းမာပျော်ရွှင်ပါစေ။
ရဲဘော်တို့ဇနီးမောင်နှံ ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကိုရရှိပိုင်ဆိုင်နိုင်ကြပါစေ…….ဂုဏ်ယူလေးစားပါတယ်။” လို့ ပြည်သူတစ်ဦးက ဆုတောင်းပေးခဲ့ပါတယ်။
“သတို့သမီးသစ္စာတည်ကြည်လက်ထပ်တဲ့အတွက်ရယ်။ တိုင်းပြည်အတွက်လက်တစုံပေးဆပ်အနစ်နာခံတဲ့သား PDF တို့မင်္ဂလာပွဲအတွက် လေးစားဂုဏ်ယူပါတယ်။ကောင်းသောဆန္ဒမှန်သမျှအမြန်ပြည့်ပါစေသော်။”လို့ နောက်ထပ်ပြည်သူတစ်ဦးကဆုပေးခဲ့ပါတယ်။ Crd- People Spring
videoကြည့်ရန်👇👇
ႏြေေခါင္ေခါင္ခ်င္းေတာင္တန္းေပၚပြင့္တဲ့ ေတာင္ဇလပ္ပန္း ႐ုပ္/သံ
စစ္ေကာင္စီကို ခုခံတိုက္ခိုက္ရင္း လက္ႏွစ္ဖက္နဲ႕ မ်က္လုံးတစ္လုံး ဆုံးရႈံးခဲ့ရတဲ့ CDF Zotungမွ ရဲေဘာ္တစ္ဦးနဲ႕ သူ႕ရဲ႕ခ်စ္လွစြာေသာ မိန္းခေလးတို႔ရဲ႕ မဂၤလာပြဲကို ခ်င္းျပည္နယ္တစ္ေနရာမွာ ျပဳလုပ္ခဲ့ၾကပါတယ္။
CDF ဆိုတာ စစ္ေကာင္စီကို ခ်င္းေတာင္ေပၚကရဲရင္လွတဲ့ ခ်င္းတိုင္းရင္းသားေတြက အင္အားေကာင္းလွ ပါတယ္ဆိုတဲ့ စစ္တပ္ကိုတူးမီးနဲ႕ စတင္ေတာ္လွန္ျပၿပီး စစ္ေကာင္စီတပ္ကို အထိ့နာေစခဲ့တဲ့ တိုင္းရင္းသားေတြနဲ႕ဖြဲ႕စည္းထားတာပါ။
အမည္အျပည္အစုံကခ်င္းေဒသ ကာကြယ္ေရးတပ္-CDF လို႔ေခၚပါတယ္။ မတရားမႈကို ခုခံေတာ္လွန္ရင္း မသန္စြမ္းတစ္ေယာက္ ျဖစ္သြားခဲ့ရတဲ့ CDF ရဲေဘာ္တစ္ဦးကို ေမတၱာမပ်က္ဘဲ ေပါင္းသင္းလက္ထပ္ခဲ့တဲ့ အမ်ိဳးသမီးရဲ႕သစၥာရွိမႈအေပၚ ျပည္သူမ်ားက ခ်ီးက်ဴး ၊မုဓိတာပြားခဲ့ၾကပါတယ္။
CDF(Zotung) တပ္ဖြဲ႕ဝင္ ရဲေဘာ္ Zaw Thin ဟာ ၿပီးခဲ့တဲ့ နိုဝင္ဘာလက မိုင္းစမ္းသပ္စဥ္ ထိခိုက္ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး လက္ႏွစ္ဖက္နဲ႕မ်က္လုံးတစ္ဖက္ ဆုံးရႈံးခဲ့ရသူပါ။
ရဲေဘာ္ Zaw Thin ရဲ႕ ခ်စ္သူ Ting Mesi က ပစ္ပယ္မသြားဘဲ ယေန႕ (ေမ၂ ရက္)မွာ လူႀကီးမ်ားေရွ႕ေမွာက္ ခရစ္ယာန္ ထုံးတမ္းအစဥ္အလာအတိုင္းလက္ထက္ပြဲက်င္းပခဲ့ျခင္းျဖစ္တယ္လို႔ ဟားခါးပို႔စ္က ေရးသားထားပါတယ္။
ရွစ္ေလးလုံးလူထုအေရးေတာ္ပုံနဲ႕ ႏြေဦးေတာ္လွန္ေရးတို႔မွ ဦးေဆာင္ပါဝင္သူေတြထဲကတစ္ဦးလည္းျဖစ္၊ စာေရးဆရာ ဦးမင္းကိုနိုင္ကလည္း ခ်င္းေမာင္ႏွံအတြက္ ကဗ်ာတစ္ပုဒ္ မဂၤလာလက္ဖြဲ႕အျဖစ္ ေပးခဲ့ပါတယ္
လက္ဖြဲ႕
အတုေတြၾကား
အစစ္ကထရပ္လိုက္သလိုေပါ့
ႏြေေခါင္ေခါင္ ခ်င္းေတာင္တန္းေပၚ
ေတာင္ဇလပ္နတ္ပန္းပြင့္ျပတယ္
ဒီလက္ေတြက
ဂစ္တာတီးျပလို႔ မရေတာ့ပါဘူး
ဒါေပမယ့္
ႏွလုံးသားေစာင္းႀကိဳး
တို႔ခတ္နိူးလို႔ရေသးတယ္
ဒီလက္ေတြက
အာ႐ုံခံစားမရေတာ့ပါဘူး
ဒါေပမယ့္
ေမတၱာသက္ဝင္ ျမတ္နိုးၾကင္နာေပးနိုင္တယ္
ၿပီးေတာ့
ယုံၾကည္စြမ္းအင္ တိုက္ပြဲဝင္နိုင္ၾကဦးမယ္
အေသြးအသား လက္ကိုတြဲမွမဟုတ္ပါဘူး
ဂုဏ္ယူတတ္စြာ မစြန႔္ခြါတာကလည္
လက္တြဲတာပဲလို႔ဆိုတဲ့အခါ
ဒါလည္းကဗ်ာမဟုတ္ပါဘူး
ႏြေေခါင္ေခါင္ ေတာင္ဇလပ္ပန္းလို ပြင့္ျပလိုက္တဲ့အစစ္ သို႔မဟုတ္
ေလာကဓံရဲ႕ေခၚသံကိုျပန္ထူးလိုက္တဲ့ ေအာက္ခ်င္းေမာင္ႏွံသစၥာကို ထိမွန္ခံစား ေတာင္တန္းမ်ားထံမွ ပို႔သလိုက္ေသာလက္ဖြဲ႕ပါ ။
ခ်င္းမီဒီယာတစ္ခုျဖစ္တဲ့ Zalen ကလည္း သူတို႔ႏွစ္ေယာက္ရဲ႕ မဂၤလာပြဲ ဓါတ္ပုံေတြကိုေဖာ္ျပတဲ့အခါ နိုင္ငံတစ္ဝန္းကျပည္သူေတြက သတို႔သားနဲ႕သတို႔သမီးတို႔ကိုခ်ီးက်ဴး ၊မုဓိတာပြားၾကပါတယ္။
ျပည္သူတစ္ေယာက္က အခ်စ္၊ သစၥာ၊တန္ဖိုးထားမႈ၊လူ႕တန္ဖိုးအားလုံးကိုေဖာ္ျပလိုက္တဲ့ မဂၤလာ ေမာင္ႏွံလို႔ မွတ္ခ်က္ျပဳ ခ်ီးက်ဴးပါတယ္။
ဆုံးရႈံးမႈေတြႀကီးမားခဲ့ေပမယ့္ အရႈံးထဲကအျမတ္။ ဒီအေျခအေနမွာ ဘာကိုမွမမႈ အခ်စ္စစ္နဲ႕အခ်စ္ႀကီးခ်စ္တဲ့ခ်စ္သူေလး ခုေတာ့ ဇနီးေခ်ာေလးကိုပိုင္ဆိုင္ခြင့္ရတာ ရဲေဘာ္ အင္မတန္ကံေကာင္းပါတယ္။
ေရွ႕ဆက္လို႔ဘဝခရီးဟာ သာယာလွပပါေစ။တိုင္းျပည္နဲ႕လူမ်ိဳးကိုခ်စ္တဲ့ေစတနာအရင္းခံ ရဲစြမ္းသတၱိေတြေၾကာင့္ ေရာက္ရာအရပ္တိုင္းမွာ ေဖးကူမသူေတြမ်ားလို႔ က်န္းမာေပ်ာ္႐ႊင္ပါေစ။
ရဲေဘာ္တို႔ဇနီးေမာင္ႏွံ ေပ်ာ္႐ႊင္ခ်မ္းေျမ့တဲ့ဘဝကိုရရွိပိုင္ဆိုင္နိုင္ၾကပါေစ.ဂုဏ္ယူေလးစားပါတယ္။ လို႔ ျပည္သူတစ္ဦးက ဆုေတာင္းေပးခဲ့ပါတယ္။
သတို႔သမီးသစၥာတည္ၾကည္လက္ထပ္တဲ့အတြက္ရယ္။ တိုင္းျပည္အတြက္လက္တစုံေပးဆပ္အနစ္နာခံတဲ့သား PDF တို႔မဂၤလာပြဲအတြက္ ေလးစားဂုဏ္ယူပါတယ္။ေကာင္းေသာဆႏၵမွန္သမွ်အျမန္ျပည့္ပါေစေသာ္။လို႔ ေနာက္ထပ္ျပည္သူတစ္ဦးကဆုေပးခဲ့ပါတယ္။ Crd- People Spring