News
အာဆီယံနဲ့ NUG အစိုးရ တွေ့ဆုံဖို့ အဆိုပြုချက်ကို ကန့်ကွက်ပယ်ချတယ်ဆိုပြီး နိုင်ငံခြားရေး ထုတ်ပြန်
မေလ ၃
မလေ ၃
အာဆီယံအား အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် အလွတ်သဘောထိတွေ့ ဆက်ဆံရန် အဆိုပြုချက်အပေါ်
မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချတယ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့်
ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများသည် အကြမ်းဖက်အုပ်စုများအဖြစ် ၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၁ ဖြင့် တရားဝင် ထုတ်ပြန်ကြေညာခဲ့တယ်လို့ဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပယ်ချပြီး နောင်တွင် မလေးရှားနိုင်ငံအစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်မျာ းအနေဖြင့်
အကြမ်းဖက် အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များအား ထိတွေ့ဆက်ဆံခြင်းနှင့် အားပေးပံ့ပိုးခြင်းများ မပြုလုပ်ရန်လည်း သတိပေးဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Crd- Myanma Platform