Articles

“ကြာသပတေး သားသမီးများအတွက် 2022 ခုနှစ်၊ မေလ တစ်လစာ ဟောစာတမ်း”

ကြာသပတေးသားသမီး

အလုပ်မှာ ဖိအားတွေများနေတတ်တာမို့ ဒီအချိန်မှာ ဘယ်အလုပ်ကို လုပ်လုပ် တည်တည်ငြိမ်ငြိမ်နဲ့ စိတ်မလောပဲလုပ်ဆောင်ဖို့လိုပါတယ်။ လှုပ်ရှားသွားလာရတဲ့အလုပ်တွေ၊ မြေ၊ ခြံ၊ ဥယျာဉ်၊ လယ်ယာလုပ်ငန်းများ အဆင်ပြေနေပါမယ်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ အာမခံလုပ်ငန်း တွေအဆင်ပြေပါလိမ့်မယ်။ သစ်၊ သံ၊ သဲ၊ သွပ်၊ အိမ်ဆောက်ပစ္စည်းများ အကျိုးပေးနေပါမယ်။

အတွင်းအပြင်ရန်သဘာဝတွေ များစွာ စိုးမိုးနေချိန်မို့ အပြောအဆို၊ အနေအထိုင်၊ အသွားအလာကစပြီး အရာရာကို သတိဝီရိယနဲ့ လုပ်ဆောင်သင့်ပါတယ်။အထူဖြင့်ဝန်ထမ်းများ အထက်လူကြီးရဲ့ ဖိအားပေးမှုတွေ များနေတတ်တယ်။

ငွေကြေးကတော့ ပုံမှန်ဝင်နေပါမယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူများ၊ အတိုက်ခံများသလောက် ငွေကြေးလည်းအဆင်ပြေနေပါမယ်။ အထူးသဖြင့် ရွှေလုပ်ငန်း လုပ်ကိုင်နေသူများ ငွေအဝင်များပါမယ်။

ငွေကြေးအချေးအငှားတွေတော့ အရမ်းမလုပ်သင့်သေးပါဘူး။

ငယ်ရွယ်သူများ ချစ်သူနဲ့ အဆင်ပြေ အိုကေနေပါမယ်။ ချစ်သူမရှိသေးတဲ့ အပျိုကြီး၊ လူပျိုကြီးများ ကိုယ့်ကိုချစ်နေတဲ့သူမျိုး ပေါ်လာပါမယ်။ LDRS များ ချစ်သူအဆင့်မှ အိမ်ထောင်ရှင်ဘဝသို့ တက်လှမ်းရတတ်ပါတယ်။ LGBT များ အချစ်ရေးမှာ အများနဲ့ မတူအောင် RO ပြပါလိမ့်မယ်။

အိမ်ထောင်ရေးမှာ အရင်က ပြဿနာဟောင်းလေးတွေပေါ်လာတတ်ပြီး အထင်လွဲစရာ ကိစ္စလေးတွေဖြစ်လာတတ်ပါတယ်။အထူးသဖြင့် ယောက္ခမတွေနဲ့ အဆင်မပြေတာလေးတွေပါ ကြုံတွေ့ရတတ်တာမို့ ပြဿနာမဖြစ်အောင်တော့ နေပေါ့ဗျာ။

ခါးအောက်ပိုင်းထိခိုက်တာ၊ အချွန်အတက်တွေထိမိတာ၊ အဆိပ်ရှိသတ္တဝါကိုက်ခံရတာမျိုးတွေ ကြုံရတတ်ပါတယ်။ အသက် ၄၁/၄၉/၅၈/၆၆ နှစ်အရွယ် အမျိုးသမီးများအနေနဲ့ ဝမ်းဗိုက်နဲ့ ပတ်သက်တဲ့ ပြသနာတွေကြုံရတတ်ပါတယ်။ ကလေးငယ်များရှိပါက မကောင်းတဲ့ပယောဂ အတိုက်ခိုက်များ ပြုစားခံရတာမျိုး ကြုံရတတ်ပါတယ်။

ပညာရေးနဲ့ပတ်သက်ပြီး ရွေးချယ်စရာ ၂ခွဖြစ်နေတတ်တယ်။ ကုမ္ပဏီ အလုပ်လျှောက်မည့်သူများ ရွေးချယ်စရာ ၂ခုကြား ဗျာများနေတတ်ပါတယ်။ ရာထူးတိုး၊ လစာတိုး အနည်းငယ်ကြန့်ကြာနေတတ်ပါတယ်။ တနင်္ဂနွေနေ့မနက် ၇ – ၇:၁၅ နာရီအတွင်း နှင်ဆီပန်း၁၅ ညွန့်ကို ဘုရားစေတီတစ်ဆူဆူရဲ့ အင်္ဂါထောင့်မှာ လှူပြီးဆုတောင်းပါက မြန်မြန်ဆန်ဆန် အဆင်ပြေပြေ ဖြစ်သွားပါလိမ့်မယ် ။

ကံအထောက်အပံ့

ကံအထောက်ပံ့ကောင်းများရရှိစေဖို့အတွက် ပန်းရောင်၊ နို့နှစ်ရောင် များများပါတဲ့ အဝတ်စားကို ဝတ်ဆင်ပေးပါ။ အိမ်ဘုရားမှာ ခေါက်ဆွဲကြော် မကြာခန လှူပေးပါ။

ယတွာ

ကြာသပတေး နေ့မနက် ၉နာရီမှ ၉နာရီ၄၅ မိနစ်အတွင်း ရေသတ္တဝါကို အစာကျွေးပြီး ဘုရားမှာ သစ်သီးစုံဆွမ်း ကပ်လှူပေးပါ။

ၾကာသပေတးသားသမီး

အလုပ္မွာ ဖိအားေတြမ်ားေနတတ္တာမို႔ ဒီအခ်ိန္မွာ ဘယ္အလုပ္ကို လုပ္လုပ္ တည္တည္ၿငိမ္ၿငိမ္နဲ႕ စိတ္မေလာပဲလုပ္ေဆာင္ဖို႔လိုပါတယ္။ လႈပ္ရွားသြားလာရတဲ့အလုပ္ေတြ၊ ေျမ၊ ၿခံ၊ ဥယ်ာဥ္၊ လယ္ယာလုပ္ငန္းမ်ား အဆင္ေျပေနပါမယ္။

စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား၊ အာမခံလုပ္ငန္း ေတြအဆင္ေျပပါလိမ့္မယ္။ သစ္၊ သံ၊ သဲ၊ သြပ္၊ အိမ္ေဆာက္ပစၥည္းမ်ား အက်ိဳးေပးေနပါမယ္။

အတြင္းအျပင္ရန္သဘာဝေတြ မ်ားစြာ စိုးမိုးေနခ်ိန္မို႔ အေျပာအဆို၊ အေနအထိုင္၊ အသြားအလာကစၿပီး အရာရာကို သတိဝီရိယနဲ႕ လုပ္ေဆာင္သင့္ပါတယ္။အထူျဖင့္ဝန္ထမ္းမ်ား အထက္လူႀကီးရဲ႕ ဖိအားေပးမႈေတြ မ်ားေနတတ္တယ္။

ေငြေၾကးကေတာ့ ပုံမွန္ဝင္ေနပါမယ္။ကိုယ္ပိုင္လုပ္ငန္းလုပ္ကိုင္ေနသူမ်ား၊ အတိုက္ခံမ်ားသေလာက္ ေငြေၾကးလည္းအဆင္ေျပေနပါမယ္။ အထူးသျဖင့္ ေ႐ႊလုပ္ငန္း လုပ္ကိုင္ေနသူမ်ား ေငြအဝင္မ်ားပါမယ္။

ေငြေၾကးအေခ်းအငွားေတြေတာ့ အရမ္းမလုပ္သင့္ေသးပါဘူး။

ငယ္႐ြယ္သူမ်ား ခ်စ္သူနဲ႕ အဆင္ေျပ အိုေကေနပါမယ္။ ခ်စ္သူမရွိေသးတဲ့ အပ်ိဳႀကီး၊ လူပ်ိဳႀကီးမ်ား ကိုယ့္ကိုခ်စ္ေနတဲ့သူမ်ိဳး ေပၚလာပါမယ္။ LDRS မ်ား ခ်စ္သူအဆင့္မွ အိမ္ေထာင္ရွင္ဘဝသို႔ တက္လွမ္းရတတ္ပါတယ္။ LGBT မ်ား အခ်စ္ေရးမွာ အမ်ားနဲ႕ မတူေအာင္ RO ျပပါလိမ့္မယ္။

အိမ္ေထာင္ေရးမွာ အရင္က ျပႆနာေဟာင္းေလးေတြေပၚလာတတ္ၿပီး အထင္လြဲစရာ ကိစၥေလးေတြျဖစ္လာတတ္ပါတယ္။အထူးသျဖင့္ ေယာကၡမေတြနဲ႕ အဆင္မေျပတာေလးေတြပါ ႀကဳံေတြ႕ရတတ္တာမို႔ ျပႆနာမျဖစ္ေအာင္ေတာ့ ေနေပါ့ဗ်ာ။

ခါးေအာက္ပိုင္းထိခိုက္တာ၊ အခြၽန္အတက္ေတြထိမိတာ၊ အဆိပ္ရွိသတၱဝါကိုက္ခံရတာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။ အသက္ ၄၁/၄၉/၅၈/၆၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးမ်ားအေနနဲ႕ ဝမ္းဗိုက္နဲ႕ ပတ္သက္တဲ့ ျပသနာေတြႀကဳံရတတ္ပါတယ္။ ကေလးငယ္မ်ားရွိပါက မေကာင္းတဲ့ပေယာဂ အတိုက္ခိုက္မ်ား ျပဳစားခံရတာမ်ိဳး ႀကဳံရတတ္ပါတယ္။

ပညာေရးနဲ႕ပတ္သက္ၿပီး ေ႐ြးခ်ယ္စရာ ၂ခြျဖစ္ေနတတ္တယ္။ ကုမၸဏီ အလုပ္ေလွ်ာက္မည့္သူမ်ား ေ႐ြးခ်ယ္စရာ ၂ခုၾကား ဗ်ာမ်ားေနတတ္ပါတယ္။ ရာထူးတိုး၊ လစာတိုး အနည္းငယ္ၾကန႔္ၾကာေနတတ္ပါတယ္။ တနဂၤႏြေေန႕မနက္ ၇ ၇:၁၅ နာရီအတြင္း ႏွင္ဆီပန္း၁၅ ၫြန႔္ကို ဘုရားေစတီတစ္ဆူဆူရဲ႕ အဂၤါေထာင့္မွာ လႉၿပီးဆုေတာင္းပါက ျမန္ျမန္ဆန္ဆန္ အဆင္ေျပေျပ ျဖစ္သြားပါလိမ့္မယ္ ။

ကံအေထာက္အပံ့

ကံအေထာက္ပံ့ေကာင္းမ်ားရရွိေစဖို႔အတြက္ ပန္းေရာင္၊ နို႔ႏွစ္ေရာင္ မ်ားမ်ားပါတဲ့ အဝတ္စားကို ဝတ္ဆင္ေပးပါ။ အိမ္ဘုရားမွာ ေခါက္ဆြဲေၾကာ္ မၾကာခန လႉေပးပါ။

ယတြာ

ၾကာသပေတး ေန႕မနက္ ၉နာရီမွ ၉နာရီ၄၅ မိနစ္အတြင္း ေရသတၱဝါကို အစာေကြၽးၿပီး ဘုရားမွာ သစ္သီးစုံဆြမ္း ကပ္လႉေပးပါ။