News

မြန်မာငွေစက္ကူအသစ်များ ရိုက်နှိပ်ရန် ငွေစက္ကူကုန်ကြမ်းများ တန်၁၀၀ နီးပါး နေပြည်တော် ဆိုက်ရောက်

မြန်မာငွေစက္ကူအသစ်များ ရိုက်နှိပ်ရန် ဥဇဘက်ကစ္စတန်မှ စက္ကူကုန်ကြမ်း တန် ၁၀၀ နီးပါး တင်ဆောင်လာသော IRA4705 လေယာဉ် နေပြည်တော် ဆိုက်ရောက်၊ စစ်တပ်က ငွေစက္ကူကုန်ကြမ်းများ အကန့် အသတ်မရှိတော့ဘဲ ဆက်တိုက်တင်သွင်းနေ

ရန်ကုန်၊ မေ ၃
မြန်မာနိုင်ငံတွင် ငွေစက္ကူအသစ်များ ရိုက်နှိပ် ထုတ်ဝေရန် ဥဇဘက်ကစ္စတန်နိုင်ငံမှ ငွေစက္ကူကုန်ကြမ်း တန် ၁၀၀ နီးပါး တင်ဆောင်လာသော IRA4705 – Boeing 747-21AC လေယာဉ် နေပြည်တော်တွင် ဆင်းသက်နေပြီး ငွေစက္ကူကုန်ကြမ်းများကို စစ်တပ်က ရွှေ့ပြောင်း သယ်ယူနေကြောင်း သိရှိရသည်။

အီရန်လေကြောင်းပိုင် IRA4705 ကုန်တင်လေယာဉ်သည် နေပြည်တော်လေဆိပ်သို့ ယနေ့ မေလ ၃ ရက်နေ့ ၁၂ နာရီ ကျော်ဝန်းကျင် ဆိုက်ရောက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါ လေယာဉ် IRA4705 လာရောက်မှုကို လေယာဉ်များ သွားလာမှုပြ Application များတွင် ရှာမတွေ့စေရန် လုပ်ဆောင်ပုံရကြောင်း၊ ယင်းလေယာဉ် နေပြည်တော်လာမည့် ခရီးစဉ် အကြိမ်ကြိမ် ရွှေ့ဆိုင်းပြီးမှ ယနေ့ မေ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်တွင် ဆင်းသက်ခြင်းဖြစ်ကြောင်း၊ ငွေစက္ကူကုန်ကြမ်းတန်ချိန် ၁၀၀ နီးပါး သယ်ဆောင်လာပြီး ညနေ ၆ နာရီကျော်တွင် လေယာဉ် ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ်မှစတင်ပြီး ငွေစက္ကူကုန်ကြမ်းများကို ဥဇဘက်ကစ္စတန်နိုင်ငံမှ အကြိမ်ကြိမ် တင်သွင်းလျက်ရှိရာ မတ်လ ၃၁ ရက်နေ့တွင် IRA4705 လေယာဉ်ဖြင့်လည်းကောင်း၊ ဧပြီလ ၁၇ ရက်နေ့ကလည်း အီရန်က Fars Qeshm လေကြောင်းလိုင်းမှ Boeing 747-281B လေယာဉ် Flight Number QF9977 ဖြင့် ငွေစက္ကူတန်ချိန်များစွာ နေပြည်တော်လေဆိပ်သို့ တင်သွင်းခဲ့ပြီးဖြစ်သည်။

၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဂျာမနီကုမ္ပဏီ Giesecke Devrient က မြန်မာငွေစက္ကူ ထုတ်လုပ်ရာတွင် အသုံးပြုရသည့် ကုန်ကြမ်းပစ္စည်း တင်သွင်းမှု အားလုံးကို စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။

ယင်းနောက်ပိုင်း စစ်တပ်က ငွေစက္ကူ ကုန်ကြမ်းများနှင့် ငွေစက္ကူမင်များကို လက် လှမ်းမီရာ နီးစပ်ရာနိုင်ငံများမှ တောက်လျှောက်ဆိုသလို တင်သွင်းနေခြင်းဖြစ်ပြီး ဥဇဘက်ကစ္စတန်မှ ငွေစက္ကူကုန်ကြမ်းများကို ဆက်တိုက်ဆိုသလို တန်ချိန် ပေါင်းများစွာ တင်သွင်းနေခြင်းဖြစ်သည်။

ျမန္မာေငြစကၠဴအသစ္မ်ား ရိုက္ႏွိပ္ရန္ ဥဇဘက္ကစၥတန္မွ စကၠဴကုန္ၾကမ္း တန္ ၁၀၀ နီးပါး တင္ေဆာင္လာေသာ IRA4705 ေလယာဥ္ ေနျပည္ေတာ္ ဆိုက္ေရာက္၊ စစ္တပ္က ေငြစကၠဴကုန္ၾကမ္းမ်ား အကန႔္ အသတ္မရွိေတာ့ဘဲ ဆက္တိုက္တင္သြင္းေန

ရန္ကုန္၊ ေမ ၃
ျမန္မာနိုင္ငံတြင္ ေငြစကၠဴအသစ္မ်ား ရိုက္ႏွိပ္ ထုတ္ေဝရန္ ဥဇဘက္ကစၥတန္နိုင္ငံမွ ေငြစကၠဴကုန္ၾကမ္း တန္ ၁၀၀ နီးပါး တင္ေဆာင္လာေသာ IRA4705 – Boeing 747-21AC ေလယာဥ္ ေနျပည္ေတာ္တြင္ ဆင္းသက္ေနၿပီး ေငြစကၠဴကုန္ၾကမ္းမ်ားကို စစ္တပ္က ေရႊ႕ေျပာင္း သယ္ယူေနေၾကာင္း သိရွိရသည္။

အီရန္ေလေၾကာင္းပိုင္ IRA4705 ကုန္တင္ေလယာဥ္သည္ ေနျပည္ေတာ္ေလဆိပ္သို႔ ယေန႔ ေမလ ၃ ရက္ေန႔ ၁၂ နာရီ ေက်ာ္ဝန္းက်င္ ဆိုက္ေရာက္လာျခင္းျဖစ္ေၾကာင္း၊ အဆိုပါ ေလယာဥ္ IRA4705 လာေရာက္မႈကို ေလယာဥ္မ်ား သြားလာမႈၿပ Application မ်ားတြင္ ရွာမေတြ႕ေစရန္ လုပ္ေဆာင္ပုံရေၾကာင္း၊ ယင္းေလယာဥ္ ေနျပည္ေတာ္လာမည့္ ခရီးစဥ္ အႀကိမ္ႀကိမ္ ေရႊ႕ဆိုင္းၿပီးမွ ယေန႔ ေမ ၃ ရက္ေန႔ မြန္းတည့္ ၁၂ နာရီေက်ာ္တြင္ ဆင္းသက္ျခင္းျဖစ္ေၾကာင္း၊ ေငြစကၠဴကုန္ၾကမ္းတန္ခ်ိန္ ၁၀၀ နီးပါး သယ္ေဆာင္လာၿပီး ညေန ၆ နာရီေက်ာ္တြင္ ေလယာဥ္ ျပန္လည္ ထြက္ခြာမည္ျဖစ္ေၾကာင္း သိရွိရသည္။

၂၀၂၁ ခုႏွစ္မွစတင္ၿပီး ေငြစကၠဴကုန္ၾကမ္းမ်ားကို ဥဇဘက္ကစၥတန္နိုင္ငံမွ အႀကိမ္ႀကိမ္ တင္သြင္းလ်က္ရွိရာ မတ္လ ၃၁ ရက္ေန႔တြင္ IRA4705 ေလယာဥ္ျဖင့္လည္းေကာင္း၊ ဧၿပီလ ၁၇ ရက္ေန႔ကလည္း အီရန္က Fars Qeshm ေလေၾကာင္းလိုင္းမွ Boeing 747-281B ေလယာဥ္ Flight Number QF9977 ျဖင့္ ေငြစကၠဴတန္ခ်ိန္မ်ားစြာ ေနျပည္ေတာ္ေလဆိပ္သို႔ တင္သြင္းခဲ့ၿပီးျဖစ္သည္။

၂၀၂၁ ခုႏွစ္ မတ္လ ၃၁ ရက္ေန႔တြင္ ဂ်ာမနီကုမၸဏီ Giesecke Devrient က ျမန္မာေငြစကၠဴ ထုတ္လုပ္ရာတြင္ အသုံးျပဳရသည့္ ကုန္ၾကမ္းပစၥည္း တင္သြင္းမႈ အားလုံးကို စစ္အာဏာသိမ္းမႈႏွင့္ စစ္တပ္၏ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားေၾကာင့္ ရပ္ဆိုင္းလိုက္ေၾကာင္း ေၾကညာခဲ့သည္။

ယင္းေနာက္ပိုင္း စစ္တပ္က ေငြစကၠဴ ကုန္ၾကမ္းမ်ားႏွင့္ ေငြစကၠဴမင္မ်ားကို လက္ လွမ္းမီရာ နီးစပ္ရာနိုင္ငံမ်ားမွ ေတာက္ေလၽွာက္ဆိုသလို တင္သြင္းေနျခင္းျဖစ္ၿပီး ဥဇဘက္ကစၥတန္မွ ေငြစကၠဴကုန္ၾကမ္းမ်ားကို ဆက္တိုက္ဆိုသလို တန္ခ်ိန္ ေပါင္းမ်ားစြာ တင္သြင္းေနျခင္းျဖစ္သည္။