News

ဒလန်သတင်းပေးကြောင့် သူရဲကောင်းတွေထပ်ဆုံးရှုံးရပြန်ပြီယနေ့ ၅၈လမ်း/ ၁၀၇/၁၀၈ ကြားဖြစ်စဉ်


MFP ၊ မေ – ၃


 


 


 


 

မန္တလေးက Inn တစ်ခုမှာ ရောက်နေတဲ့ ဒဏ်ရာရ လူငယ်တွေကို ဒလန်သတင်းပေးကြောင့် စစ်အုပ်စုက အင်အားသုံး ပစ်ခတ်ဖမ်းဆီး၊ သုံးဦး ကျဆုံး

MFP ၊ မေ – ၃

မန္တလေးမြို့ ကံသာယာရပ်ကွက်ထဲက Inn တစ်ခုမှာ ရောက်နေတဲ့ ဒဏ်ရာရလူငယ်တွေကို သတင်းပေးသူကြောင့် စစ်အုပ်စုက အင်အားသုံး ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

၅၈ လမ်း၊ ၁၀၈ လမ်းနဲ့ ၁၀၉ လမ်းကြားက Inn တစ်ခုမှာ ဒဏ်ရာရလူငယ်တွေ ရောက်နေတယ်ဆိုပြီး စစ်အုပ်စုကို သတင်းပေးသူ ရှိခဲ့တာကြောင့် အင်အားအများအပြားနဲ့ ဝင်ရောက်ဖမ်းဆီးတဲ့အခါ

 

အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခံရပြီး တရွတ်တိုက်ဆွဲခေါ်သွားတယ်လို့ မျက်မြင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

 

ဖမ်းဆီးသက် ဖြတ်ခံရတဲ့ လူငယ်တွေဟာ ဘယ်သူတွေလဲဆိုတော့ကိုတော့ မသိရသေးပါဘူး။ မန္တလေးမှာ နေ့စဉ် လူငယ်တွေ အဖမ်းခံနေရပြီး မြို့ကတော့ ကိုယ့်မထိရင် မနာတတ်တဲ့မြို့ ဖြစ်နေပါပြီလို့ တော်လှန်ရေးစာမျက်နှာတစ်ခုဖြစ်တဲ့ Spring Diary က ပြောပါတယ်။