News

ငွေသိန်း၂ထောင်ကျော်တင်လာတဲ့ UABဘဏ်ကားကို ဒါရိုက်ဘာကမောင်းယူထွက်ပြေ

ငွေသိန်း၂ထောင်ကျော်တင်လာတဲ့ UABဘဏ်ကားကို ဒါရိုက်ဘာကမောင်းယူထွက်ပြေး

DeltaNewsAgency

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ယူနိုက်တက်အမရာဘဏ် UABမှာ ကားဒါရိုက်ဘာက ငွေလွှဲသိန်း ၂ထောင်ကျော် တင်ဆောင်လာတဲ့ ဘဏ်ပိုင်ကားတစ်စီးကို မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ဘဏ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

 

ဒီကနေ့ မေလ ၃ရက်နေ့ နေ့လည်ပိုင်းမှာ ကုမ္ပဏီတစ်ခုမှ မြိတ်မြို့ကို ငွေကျပ် ၂၁၉၅သိန်းလွှဲဖို့ရှိတာကြောင့် ဘဏ်ကို အကြောင်းကြားခဲ့ပြီး အိမ်တိုင်ယာရောက်ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် UABက အကြီးတန်းစာရေးဦးကြည်စင်ငြိမ်း၊ အငယ်တန်းစာရေး ဒေါ်ခင်မို့မို့အောင်တို့ဟာ ဘဏ်မှယာဉ်မောင်းဖြစ်သူ ကိုရာဇာထက်နဲ့ သွားယူခဲ့ပါတယ်။

 

အပြန်မှာ ဦးကြည်စင်ငြိမ်းရဲ့ နေအိမ်မှာ နေ့လည်စာဝင်စားဖို့သွားရင်း ယာဉ်မောင်း ကိုရာဇာထက်က ကားနေရာရွေ့မယ်လို့ အကြောင်းပြပြီး ငွေထုတ်တင်ဆောင်ထားတဲ့ ကားကို မောင်းနှင်ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ကိုရာဇာထက်မောင်းနှင်ယူဆောင်သွားတဲ့ ဘဏ်ပိုင်ယာဉ်ကို တောင်ဥက္ကလာ ၇ရပ်ကွက် ရာဇာသူရ ၄လမ်းထဲမှာ ပြန်လည်တွေ့ရှိပေမယ့် ကားပေါ်မှာ တင်ဆောင်ထားတဲ့ ငွေကျပ် ၂၁၉၅သိန်းနဲ့ ကိုရာဇာထက်ကို မတွေ့တော့ဘူးလို့ သိရပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး UABဘဏ်တာဝန်ရှိသူတွေက အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။

 

ေငြသိန္း၂ေထာင္ေက်ာ္တင္လာတဲ့ UABဘဏ္ကားကို ဒါရိုက္ဘာကေမာင္းယူထြက္ေျပး

DeltaNewsAgency

ရန္ကုန္ၿမိဳ႕ ေတာင္ဥကၠလာပၿမိဳ႕နယ္ ယူနိုက္တက္အမရာဘဏ္ UABမွာ ကားဒါရိုက္ဘာက ေငြလႊဲသိန္း ၂ေထာင္ေက်ာ္ တင္ေဆာင္လာတဲ့ ဘဏ္ပိုင္ကားတစ္စီးကို ေမာင္းႏွင္ထြက္ေျပးသြားခဲ့တယ္လို႔ ဘဏ္နဲ႕နီးစပ္သူေတြဆီက သိရပါတယ္။

 

ဒီကေန႕ ေမလ ၃ရက္ေန႕ ေန႕လည္ပိုင္းမွာ ကုမၸဏီတစ္ခုမွ ၿမိတ္ၿမိဳ႕ကို ေငြက်ပ္ ၂၁၉၅သိန္းလႊဲဖို႔ရွိတာေၾကာင့္ ဘဏ္ကို အေၾကာင္းၾကားခဲ့ၿပီး အိမ္တိုင္ယာေရာက္ဝန္ေဆာင္မႈေပးနိုင္ဖို႔အတြက္ UABက အႀကီးတန္းစာေရးဦးၾကည္စင္ၿငိမ္း၊ အငယ္တန္းစာေရး ေဒၚခင္မို႔မို႔ေအာင္တို႔ဟာ ဘဏ္မွယာဥ္ေမာင္းျဖစ္သူ ကိုရာဇာထက္နဲ႕ သြားယူခဲ့ပါတယ္။

 

အျပန္မွာ ဦးၾကည္စင္ၿငိမ္းရဲ႕ ေနအိမ္မွာ ေန႕လည္စာဝင္စားဖို႔သြားရင္း ယာဥ္ေမာင္း ကိုရာဇာထက္က ကားေနရာေ႐ြ႕မယ္လို႔ အေၾကာင္းျပၿပီး ေငြထုတ္တင္ေဆာင္ထားတဲ့ ကားကို ေမာင္းႏွင္ထြက္ေျပးသြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

 

ကိုရာဇာထက္ေမာင္းႏွင္ယူေဆာင္သြားတဲ့ ဘဏ္ပိုင္ယာဥ္ကို ေတာင္ဥကၠလာ ၇ရပ်ကွက် ရာဇာသူရ ၄လမ္းထဲမွာ ျပန္လည္ေတြ႕ရွိေပမယ့္ ကားေပၚမွာ တင္ေဆာင္ထားတဲ့ ေငြက်ပ္ ၂၁၉၅သိန္းနဲ႕ ကိုရာဇာထက္ကို မေတြ႕ေတာ့ဘူးလို႔ သိရပါတယ္။

 

ဒီျဖစ္စဥ္နဲ႕ပတ္သတ္ၿပီး UABဘဏ္တာဝန္ရွိသူေတြက အမႈဖြင့္တိုင္ၾကားထားတယ္လို႔ သိရပါတယ္။