Local News

မႏၲေလး Green House Inn မွာ က်ဆုံးခဲ့တဲ့ ရဲေဘာ္ ငါးဦးဟာ ျမစ္ငယ္ MN PDF ရဲေဘာ္ေတြျဖစ္

မႏၲေလး Green House Inn မွာ စစ္အုပ္စုနဲ႔ အျပန္အလွန္ ပစ္ခတ္မႈျဖစ္ၿပီး က်ဆုံးခဲ့တဲ့ ရဲေဘာ္ ငါးဦးဟာ ျမစ္ငယ္ MN PDF ရဲေဘာ္ေတြျဖစ္

MFP ၊ ေမ – ၄

မႏၲေလးၿမိဳ႕ ကန္သာယာရပ္ကြက္ထဲက Green House Inn မွာ မေန႔က စစ္အုပ္စုနဲ႔ အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားၿပီး က်ဆုံးသြားတဲ့ ရဲေဘာ္ငါးဦးဟာ ျမစ္ငယ္ PDF အဖြဲ႕ဝင္ေတြျဖစ္တယ္လို႔ Rangers of Mandalay က ထုတ္ျပန္ပါတယ္။

ဒဏ္ရာရလူနာ ဝင္နားေနတဲ့ ေနရာကို သတင္းေပးသူရွိတာေၾကာင့္ စစ္အုပ္စုဘက္က သတင္းရၿပီး အင္အားအမ်ားအျပားနဲ႔ ပိတ္ဆို႔ပစ္ခတ္ သတ္ျဖတ္ခဲ့တာ ျဖစ္ပါတယ္။

ေတာ္လွန္ေရးရဲေဘာ္ေတြဘက္က အညံ့မခံဘဲ အဆုံးထိခုခံရင္း က်ဆုံးခဲ့ရတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

က်ဆုံးခဲ့သူေတြဟာ ျမစ္ငယ္ MN PDF အဖြဲ႕ဝင္ ဗိုလ္က်ဳံးထန္၊ ရဲေဘာ္ညီကို၊ ရဲေဘာ္ဩဘာ၊ ရဲေဘာ္ဖက္တီး၊ရဲေဘာ္မအိတို႔ျဖစ္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။

အညံ့မခံျပန္လည္ခုခံၿပီး ျမင့္ျမတ္စြာ သူရဲေကာင္းဆန္ဆန္က်ဆုံးသြားခဲ့တဲ့ ရဲေဘာ္ေတြအတြက္ ျမစ္ငယ္ PDF နဲ႔အတူ ထပ္တူဝမ္းနည္းရတယ္လို႔လည္း ဆိုပါတယ္။

စစ္အုပ္စုဟာ အာဏာသိမ္းမႈကို ဆန႔္က်င္ေတာ္လွန္တဲ့ လူငယ္ေတြကို ပစ္ခတ္ဖမ္းဆီးတာ၊ သက္ျဖတ္တာမ်ိဳးေတြ အရင္ကလည္း လုပ္ေဆာင္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အရွင္မဖမ္းေတာ့ဘဲ အtayပစ္သက္တာမ်ိဳးေတြ ဆက္တိုက္ လုပ္ေဆာင္ေနတယ္လို႔ ေတာ္လွန္လူငယ္အခ်ိဳ႕က ဆိုပါတယ္။

စစ္အုပ္စုဟာ မႏၲေလးၿမိဳ႕အႏွံ့မွာလည္း ကင္းပုန္းေတြခ်၊ ရပ္ကြက္ေတြ၊ လမ္းေတြ ပိတ္ဆို႔ စစ္ေဆးၿပီး အရပ္သားျပည္သူေတြကို ပစ္ခတ္သက္ျဖတ္တာေတြ မၾကာခဏ လုပ္ေဆာင္ေနပါတယ္။

မန္တလေး Green House Inn မွာ စစ်အုပ်စုနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး က်ဆုံးခဲ့တဲ့ ရဲဘော် ငါးဦးဟာ မြစ်ငယ် MN PDF ရဲဘော်တွေဖြစ်

MFP ၊ မေ ၄

မန္တလေးမြို့ ကန်သာယာရပ်ကွက်ထဲက Green House Inn မွာ မနေ့က စစ်အုပ်စုနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး က်ဆုံးသြားတဲ့ ရဲဘော်ငါးဦးဟာ မြစ်ငယ် PDF အဖွဲ့ဝင်တွေဖြစ်တယ်လို့ Rangers of Mandalay က ထုတ်ပြန်ပါတယ်။

ဒဏ်ရာရလူနာ ဝင်နားနေတဲ့ နေရာကို သတင်းပေးသူရှိတာကြောင့် စစ်အုပ်စုဘက်က သတင်းရပြီး အင်အားအများအပြားနဲ့ ပိတ်ဆို့ပစ်ခတ် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

 

တော်လှန်ရေးရဲဘော်တွေဘက်က အညံ့မခံဘဲ အဆုံးထိခုခံရင်း ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျဆုံးခဲ့သူတွေဟာ မြစ်ငယ် MN PDF အဖွဲ့ဝင် ဗိုလ်ကျုံးထန်၊ ရဲဘော်ညီကို၊ ရဲဘော်ဩဘာ၊ ရဲဘော်ဖက်တီး၊ရဲဘော်မအိတို့ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အညံ့မခံပြန်လည်ခုခံပြီး မြင့်မြတ်စွာ သူရဲကောင်းဆန်ဆန်ကျဆုံးသွားခဲ့တဲ့ ရဲဘော်တွေအတွက် မြစ်ငယ် PDF နဲ့အတူ ထပ်တူဝမ်းနည်းရတယ်လို့လည်း ဆိုပါတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ လူငယ်တွေကို ပစ်ခတ်ဖမ်းဆီးတာ၊ သက်ဖြတ်တာမျိုးတွေ အရင်ကလည်း လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အရှင်မဖမ်းတော့ဘဲ အtayပစ်သက်တာမျိုးတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ တော်လှန်လူငယ်အချို့က ဆိုပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့အနှံ့မှာလည်း ကင်းပုန်းတွေချ၊ ရပ်ကွက်တွေ၊ လမ်းတွေ ပိတ်ဆို့ စစ်ဆေးပြီး အရပ်သားပြည်သူတွေကို ပစ်ခတ်သက်ဖြတ်တာတွေ မကြာခဏ လုပ်ဆောင်နေပါတယ်။