News

အောင်ဘာလေထီ သိန်း ၅၀၀၀ ကံထူးရှင် ထွက်ပေါ်လာ

၃၈ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲမှ ထွက်ပေါ်လာသော အေးငြိမ်းချမ်းသာ အောင်ဘာလေထီဆိုင်၏

စတုတ္ထအကြိမ်​မြောက် ကျပ်သိန်း ၅၀၀၀ ကံထူးရှင်ကြီး မကွေးမြို့မှ ကိုသက် အား မုဒိတာပွားဖွယ်တွေ့မြင်ရပါသည်၊

အသက်၂၉နှစ်ရှိလူပျိုကြီးတစ်ဦးလည်း ဖြစ်ပါသည် ဟု ထီဆိုင်မှ တင်ထားပါတယ်

အောင်ဘာလေထီကို အမြင့်ဆုံးဆု ကျပ်သိန်းငါးထောင်ပဲ ဆက်ဖွင့်နိုင်ခဲ့ပါတယ်

စစ်ကောင်စီက ဖွင့်တဲ့ ၃၈ ကြိမ်မြောက်ကျပ်တစ်ထောင်တန် အောင်ဘာလေထီသိန်းဆုဖွင့်ပွဲကို ဒီနေ့ မေလ ၁ ရက် ရန်ကုန်မှာ ပြုလုပ်ရာ

အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်းငါးထောင်ဆုသာ ဆက်ဖွင့်ပေးတာတွေ့ရပါတယ် အာဏာသိမ်းပြီးနောက် အောင်ဘာလေထီရောင်းအားကျဆင်းခဲ့တာကြောင့်

ထီရောင်းချရငွေရဲ့ ၇၀ ရာခိုင်နှုန်းထိ တိုးမြှင့်ပြီးထီဆုတွေ ချီးမြှင့်မယ်လို့ စစ်ကောင်စီလက်အောက်အောင်ဘာလေသိန်းဆုဌာနခွဲက ပြောထားပြီး

ထီပေါက်ဆုငွေကိုလည်း ကန့်သတ်မထားဘဲတလုံးတခဲတည်း ချီးမြှင့်ပေးမယ်လို့ ဆိုထားပေမယ့် အာဏာသိမ်းကာလ တစ်နှစ်ကျော်ရောက်တဲ့ အထိ ကျပ်သိန်းငါးထောင်ဆုသာ အမြင့်ဆုံးဖွင့်ပေးတယ်။

အာဏာမသိမ်းခင် ၂၀၂၁ခုနှစ် ဇန်နဝါရီလအထိအောင်ဘာလေထီဆုကို အမြင့်ဆုံးကျပ် သိန်းတစ်သောင်းခွဲထိ ဖွင့်လှစ်ခဲ့ပါတယ်။