News

အတိုင်ပင်ခံနဲ့ဦးဖြိုးမင်းသိန်းအမှုကို တရားလွှတ်တော်ချုပ် ပလပ်

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာတွေယူတယ်လို့ စွပ်စွဲခံရတဲ့အမှု စွဲချက်တင်သင့် မသင့်အပေါ် လျှောက်ထားမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒီနေ့ မေလ ၄ ရက်မှာ ပလပ်လိုက်ပါတယ်။

အဲဒီလိုဆုံးဖြတ်ပေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ပြင်ဆင်မှုတက်ထားတုန်းမှာပဲ နေပြည်တော်အထူးတရာရုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြီးခဲ့တဲ့တစ်ပတ်မှာ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အခုတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒီအမှုအတွက် ရာဇဝတ်ပြင်ဆင်မှုကို လက်ခံသင့်မသင့်ကြားနာခဲ့ပြီးနောက်မှာ အမှုကို ပလပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်မတင်သင့်ဘူးလို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ရင် ထောင်ဒဏ်ငါးနှစ်ချမှတ်ထားတဲ့အမိန့်ဟာ အလိုအလျောက်ပျက်ပြယ်သွားမှာဖြစ်ပေမဲ့ အမှုကို တရားလွှတ်တော်ချုပ်မှာ ပလပ်လိုက်တဲ့အတွက် နေပြည်တော်အထူးတရားရုံးရဲ့ ထောင်ဒဏ်ချမှတ်မှုဟာ အပြီးသတ်အမိန့်ဖြစ်သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရတာကို ကျေနပ်မှုမရှိသလို အယူခံဆက်တက်မယ်ဆိုပြီး နေပြည်တော်တရားရုံးနဲ့ နီးစပ်သူတွေက အစောပိုင်းကတည်းက ပြောထားပါတယ်။

နိုင္ငံေတာ္ရဲ့အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဦးၿဖိဳးမင္းသိန္းဆီကေန ေရႊနဲ႔ေဒၚလာေတြယူတယ္လို႔ စြပ္စြဲခံရတဲ့အမႈ စြဲခ်က္တင္သင့္ မသင့္အေပၚ ေလၽွာက္ထားမႈကို ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ဒီေန႔ ေမလ ၄ ရက္မွာ ပလပ္လိုက္ပါတယ္။

အဲဒီလိုဆုံးျဖတ္ေပးဖို႔ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ကို ျပင္ဆင္မႈတက္ထားတုန္းမွာပဲ ေနျပည္ေတာ္အထူးတရာ႐ုံးက ေဒၚေအာင္ဆန္းစုၾကည္အေပၚ ၿပီးခဲ့တဲ့တစ္ပတ္မွာ ေထာင္ဒဏ္ ၅ ႏွစ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

အခုေတာ့ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ဒီအမႈအတြက္ ရာဇဝတ္ျပင္ဆင္မႈကို လက္ခံသင့္မသင့္ၾကားနာခဲ့ၿပီးေနာက္မွာ အမႈကို ပလပ္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို စြဲခ်က္မတင္သင့္ဘူးလို႔ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ဆုံးျဖတ္ရင္ ေထာင္ဒဏ္ငါးႏွစ္ခ်မွတ္ထားတဲ့အမိန႔္ဟာ အလိုအေလ်ာက္ပ်က္ျပယ္သြားမွာျဖစ္ေပမဲ့ အမႈကို တရားလႊတ္ေတာ္ခ်ဳပ္မွာ ပလပ္လိုက္တဲ့အတြက္ ေနျပည္ေတာ္အထူးတရား႐ုံးရဲ့ ေထာင္ဒဏ္ခ်မွတ္မႈဟာ အၿပီးသတ္အမိန႔္ျဖစ္သြားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ေထာင္ဒဏ္ ၅ ႏွစ္ခ်မွတ္ခံရတာကို ေက်နပ္မႈမရွိသလို အယူခံဆက္တက္မယ္ဆိုၿပီး ေနျပည္ေတာ္တရား႐ုံးနဲ႔ နီးစပ္သူေတြက အေစာပိုင္းကတည္းက ေျပာထားပါတယ္။