News

မြင်းမူတွင် ကျေးရွာ ၃ရွာကို မီးရှို့ ဖျက်ဆီးခဲ့သော စစ်တပ် စစ်ကြောင်းကို PDF အဖွဲ့များ ဝင်တိုက်ရာစစ်သား ၂၁ ဦးသေဆုံး၊

မြင်းမူတွင် ကျေးရွာ ၃ရွာကို မီးရှို့ ဖျက်ဆီးခဲ့သော စစ်တပ် စစ်ကြောင်းကို PDF အဖွဲ့များ ဝင်တိုက်ရာစစ်သား ၂၁ ဦးသေဆုံး၊

ရန်ကုန်၊ မေ ၃
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် ဝက်ကျ၊ ကန်ရင်းနှင့် မလဲသာ ကျေးရွာများကို ဝင်ရောက် စီးနင်း မီးရှို့ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၁ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ မေလ ၃ရက်နေ့တွင် အကြမ်းဖက် စစာတပ် စစ်ကြောင်းသည် မြင်းမူမြို့နယ် ပဒတ်ထိုင်းကျေးရွာသို့ ရောက်လာစဉ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို Black Dragon Special Task ForceGolden Eagle Force – Monywa၊ Black Dragon Special Task Force၊

Golden Eagle Force Monywa၊ အရာတော်မြို့နယ် တော်လှန်ရေး အင်အားစုများ နှင့် Monywa သွေးကြွေး Fighter Group (MFG) တပ်ဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မနေ့ မေလ(၂)ရက်နေ့က အရာတော်မြို့နယ် တောင်ပိုင်းသို့ ဝင်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် ညောင်ပင်ကျေးရွာမှ ဆိုင်ကယ်(၁၂)စီး၊ လူမှုကူညီရေးကား(၁)စီးနှင့် တွင်စက်ခုံ(၁)ခုတို့ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။

အဆိုပါ စစ်ကြောင်းသည် မလဲသာကျေးရွာကို ဝင်ရောက်ဖျက်ဆီးပြီးနောက် ညောင်ပင်ကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်ကာ ညောင်ပင်ရှိ ဓမ္မာရုံများ၊ ပြည်သူ့နေအိမ်များတွင် ညအိပ်စခန်းချသွားခဲ့ခြင်းဖြစ်သည်။

“ရွာထဲက ဓမ္မာရုံ(၂)ခု၊ နေအိမ်(၅)လုံးမကမှာ စစ်သားတွေ ခွဲချပြီး ညအိပ်သွားတာပါ။ အိမ်တွေထဲက ထင်သလိုယူပြီး ချက်ပြုတ်စားသွားတဲ့နေရာကိုက (၁၀)နေရာကျော်တယ်ဆိုတော့ အင်အား(၁၀၀)ကျော်ပြီး (၂၀၀)နီးပါးထိ ရှိပါတယ်။

ညောင်ပင်မှာတော့ ဆိုင်ကယ်(၁၂)စီး၊ ကန်ရင်း သုခိတာအသင်းရဲ့ကား(၁)စီး၊ တွင်ခုံ(၁)ခု မီးရှို့ခံရပါတယ်။ မလဲသာကတော့ တစ်ရွာလုံးနီးပါးပေါ့။” ဟု ဒေသခံတစ်ဦးက သတင်းမှန်သို့ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများရှိနိုင်မည့်နေရာများကို ၄၀မမ/၆၀မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် ရဲဘော်တစ်ဦး ထိမှန်ကျဆုံးခဲ့ကြောင်း တပ်

ပေါင်းစုတာဝန်ခံတစ်ဦးကပြောသည်။ တော်လှန်ရေးတပ်ပေါင်းစုများ ပြန်လည်တပ်‌ဖျောက်ဆုတ်ခွာခဲ့ရပြီး ဒဏ်ရာရရှိသူများနှင့် ပျောက်ဆုံးနေသူအချို့လည်း ရှိကြောင်း သိရသည်။

‌၎င်းအကြမ်းဖက်စစ်တပ်သည် ဗောဓိတထောင်တောင်ရိုးနောက်ကျောမှလာ၍ ဝက်ကျကျေးရွာဘက်ကတဆင့် အရာတော် ကန်ရင်း၊ မလဲသာသို့ တောက်လျှောက်ဝင်ရောက်လာခြင်းဖြစ်သည်ဟု သိရသည်

Photo – The Hill

ျမင္းမူတြင္ ေက်း႐ြာ ၃႐ြာကို မီးရွို႔ ဖ်က္ဆီးခဲ့ေသာ စစ္တပ္ စစ္ေၾကာင္းကို PDF အဖြဲ႕မ်ား ဝင္တိုက္ရာစစ္သား ၂၁ ဦးေသဆုံး၊

ရန္ကုန္၊ ေမ ၃
စစ္ကိုင္းတိုင္း ျမင္းမူၿမိဳ႕နယ္တြင္ ဝက္က်၊ ကန္ရင္းႏွင့္ မလဲသာ ေက်း႐ြာမ်ားကို ဝင္ေရာက္ စီးနင္း မီးရွို႔ခဲ့ေသာ အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းကို ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕မ်ားက ဝင္ေရာက္ ပစ္ခ

တ္ တိုက္ခိုက္ခဲ့ၿပီး စစ္သား ၂၁ ဦးေသဆုံးခဲ့ေၾကာင္း Peoples Defence Force South Monywa တပ္ဖြဲ႕ထံမွ သိရသည္။

ယေန႕ ေမလ ၃ရက္ေန႕တြင္ အၾကမ္းဖက္ စစာတပ္ စစ္ေၾကာင္းသည္ ျမင္းမူၿမိဳ႕နယ္ ပဒတ္ထိုင္းေက်း႐ြာသို႔ ေရာက္လာစဥ္ ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕မ်ား ဝင္ေရာက္ တိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အၾကမ္းဖက္ စစ္ေကာင္စီ စစ္ေၾကာင္းကို Black Dragon Special Task ForceGolden Eagle Force Monywa၊ Black Dragon Special Task Force၊ Golden Eagle Force Monywa၊ အရာေတာ္ၿမိဳ႕နယ္

ေတာ္လွန္ေရး အင္အားစုမ်ား ႏွင့္ Monywa ေသြးေႂကြး Fighter Group (MFG) တပ္ဖြဲ႕က ပူးေပါင္း တိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

မေန႕ ေမလ(၂)ရက္ေန႕က အရာေတာ္ၿမိဳ႕နယ္ ေတာင္ပိုင္းသို႔ ဝင္လာေသာ အၾကမ္းဖက္စစ္ေကာင္စီစစ္ေၾကာင္းသည္ ေညာင္ပင္ေက်း႐ြာမွ ဆိုင္ကယ္(၁၂)စီး၊ လူမႈကူညီေရးကား(၁)စီးႏွင့္ တြင္စက္ခုံ(၁)ခုတို႔ကို မီးရွို႔ဖ်က္ဆီးသြားခဲ့သည္။

အဆိုပါ စစ္ေၾကာင္းသည္ မလဲသာေက်း႐ြာကို ဝင္ေရာက္ဖ်က္ဆီးၿပီးေနာက္ ေညာင္ပင္ေက်း႐ြာသို႔ ေရာက္ရွိလာျခင္းျဖစ္ကာ ေညာင္ပင္ရွိ ဓမၼာ႐ုံမ်ား၊ ျပည္သူ႕ေနအိမ္မ်ားတြင္ ညအိပ္စခန္းခ်သြားခဲ့ျခင္းျဖစ္သည္။

႐ြာထဲက ဓမၼာ႐ုံ(၂)ခု၊ ေနအိမ္(၅)လုံးမကမွာ စစ္သားေတြ ခြဲခ်ၿပီး ညအိပ္သြားတာပါ။ အိမ္ေတြထဲက ထင္သလိုယူၿပီး ခ်က္ျပဳတ္စားသြားတဲ့ေနရာကိုက (၁၀)ေနရာေက်ာ္တယ္ဆိုေတာ့ အင္အား(၁၀၀)ေက်ာ္ၿပီး (၂၀၀)နီးပါးထိ ရွိပါတ

ယ္။ ေညာင္ပင္မွာေတာ့ ဆိုင္ကယ္(၁၂)စီး၊ ကန္ရင္း သုခိတာအသင္းရဲ႕ကား(၁)စီး၊ တြင္ခုံ(၁)ခု မီးရွို႔ခံရပါတယ္။ မလဲသာကေတာ့ တစ္႐ြာလုံးနီးပါးေပါ့။ ဟု ေဒသခံတစ္ဦးက သတင္းမွန္သို႔ ေျပာသည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕မ်ားသည္ ျပည္သူ႕ကာကြယ္ေရးတပ္ေပါင္းစုမ်ားရွိနိုင္မည့္ေနရာမ်ားကို ၄၀မမ/၆၀မမ လက္နက္ႀကီးမ်ားျဖင့္ ရမ္းသမ္းပစ္ခတ္ခဲ့ျခင္းေၾကာင့္ ရဲေဘာ္တစ္ဦး ထိမွန္က်ဆဳံးခဲ့ေၾ

ကာင္း တပ္ေပါင္းစုတာဝန္ခံတစ္ဦးကေျပာသည္။ ေတာ္လွန္ေရးတပ္ေပါင္းစုမ်ား ျပန္လည္တပ္ေဖ်ာက္ဆုတ္ခြာခဲ့ရၿပီး ဒဏ္ရာရရွိသူမ်ားႏွင့္ ေပ်ာက္ဆုံးေနသူအခ်ိဳ႕လည္း ရွိေၾကာင္း သိရသည္။

၎အၾကမ္းဖက္စစ္တပ္သည္ ေဗာဓိတေထာင္ေတာင္ရိုးေနာက္ေက်ာမွလာ၍ ဝက္က်ေက်း႐ြာဘက္ကတဆင့္ အရာေတာ္ ကန္ရင္း၊ မလဲသာသို႔ ေတာက္ေလွ်ာက္ဝင္ေရာက္လာျခင္းျဖစ္သည္ဟု သိရသည္

Photo The Hill