News

က်ပ္သိန္း (၁၀၀၀) လုပ္ယက္က်ပ္သိန္း (၁၀၀၀) လုပ္ယက္မႈ က်ပ္သိန္း (၁၀၀၀) လုပ္ယက္မႈ ယေန႔ ေန႔လည္ကျဖစ္သြားတာပါ ေန႔လည္ကျဖစ္သြားတာပါ ယေန႔ ေန႔လည္ကျဖစ္သြားတာပါ

KBZဘဏ်တွင် ငွေလာထုတ်သူထံမှ ငွေကျပ်သိန်း(၁၀၀၀)လုပြေးခံရ

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊၆၄လမ်းနှင့်၁၁၀(မနော်ဟရီ)လမ်းဒေါင့်ရှိ KBZဘဏ်တွင် ငွေလာထုတ်သူထံမှ ငွေကျပ်သိန်း၁၀၀၀အား

မေလ၂ရက် မွန်းလွဲ၁နာရီ၄၀မိနစ်ခန့်က အမည်မသိလူလေးဦးမှ သေနတ်ပြချိန်းခြောက်၍ ဓားပြတိုက်ခြင်းကိုခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့ နေ့လည်ပိုင်းလောက်မှာမန္တလေးမြို့က မြို့နယ်တွေရဲ့လမ်းမတွေ အစစ်အဆေးတွေများတာသတိ ထားမိတယ်။ဘာဖြစ်တာလဲလို့တောင်စဉ်းစားနေသေးတယ်။

ခဏနေတော့ကြားရတာက ချမ်းမြသာစညမြို့နယ် ၆၄လမ်းပေါ်က ကမ္ဘောဇဘဏ်မှာ ဓားပြတိုက်သွားတာတဲ့ ဒါကြောင့် စစ်ဆေးတာလို့ ထင်တယ်´´ဟု မြို့ခံပြည်သူတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ်၊၆၄လမ်းနှင့် ၁၁၀ (မနော်ဟရီ)လမ်းဒေါင့်ရှိ KBZဘဏ်တွင် မေ လ၂ ရက် မွန်းလွဲ၁နာရီ၄၀မိနစ်က ငွေလာထုတ်သူထံမှ ငွေကျပ်သိန်း၁၀၀၀အား

Mark2အဖြူရောင်မော်တော်ယာဉ်တစ်စီးဖြင့် လ က်နက်ကိုင်ဆောင်ထားသည့် လူလေးဦးရောက်ရှိလာပြီး သေနတ်ပြချိန်းခြောက်၍ ယူဆောင်ကာ ထွက်ပြေးသွားကြောင်း လုံခြုံရေးတပ်ဖွဲ့အ သိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ – ၆၄လမ်းနဲ့မနော်ဟရီလမ်းဆုံတစ်နေရာ

KBZဘဏ္တြင္ ေငြလာထုတ္သူထံမွ ေငြက်ပ္သိန္း(၁၀၀၀)လုေျပးခံရ

မႏၱေလးၿမိဳ႕၊ခ်မ္းျမသာစည္ၿမိဳ႕နယ္၊၆၄လမ္းႏွင့္၁၁၀(မေနာ္ဟရီ)လမ္းေဒါင့္ရွိ KBZဘဏ္တြင္ ေငြလာထုတ္သူထံမွ ေငြက်ပ္သိန္း၁၀၀၀အား

ေမလ၂ရက္ မြန္းလြဲ၁နာရီ၄၀မိနစ္ခန႔္က အမည္မသိလူေလးဦးမွ ေသနတ္ျပခ်ိန္းေျခာက္၍ ဓားျပတိုက္ျခင္းကိုခံခဲ့ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ဒီေန႕ ေန႕လည္ပိုင္းေလာက္မွာမႏၱေလးၿမိဳ႕က ၿမိဳ႕နယ္ေတြရဲ႕လမ္းမေတြ အစစ္အေဆးေတြမ်ားတာသတိ ထားမိတယ္။ဘာျဖစ္တာလဲလို႔ေတာင္စဥ္းစားေနေသးတယ္။

ခဏေနေတာ့ၾကားရတာက ခ်မ္းျမသာစညၿမိဳ႕နယ္ ၆၄လမ္းေပၚက ကေမၻာဇဘဏ္မွာ ဓားျပတိုက္သြားတာတဲ့ ဒါေၾကာင့္ စစ္ေဆးတာလို႔ ထင္တယ္ဟု ၿမိဳ႕ခံျပည္သူတစ္ဦးကေျပာသည္။

ျဖစ္စဥ္မွာ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊၆၄လမ္းႏွင့္ ၁၁၀ (မေနာ္ဟရီ)လမ္းေဒါင့္ရွိ KBZဘဏ္တြင္ ေမ လ၂ ရက္ မြန္းလြဲ၁နာရီ၄၀မိနစ္က ေငြလာထုတ္သူထံမွ ေငြက်ပ္သိန္း၁၀၀၀အား

Mark2အျဖဴေရာင္ေမာ္ေတာ္ယာဥ္တစ္စီးျဖင့္ လ က္နက္ကိုင္ေဆာင္ထားသည့္ လူေလးဦးေရာက္ရွိလာၿပီး ေသနတ္ျပခ်ိန္းေျခာက္၍ ယူေဆာင္ကာ ထြက္ေျပးသြားေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕အ သိုင္းအဝိုင္းမွ စုံစမ္းသိရွိရသည္။

ဓာတ္ပုံ ၆၄လမ္းနဲ႕မေနာ္ဟရီလမ္းဆုံတစ္ေနရာ