ဗေဒင်
(မေလ ၅ ရက်နေ့ ) ၇- ရက်သားသမီးများအတွက် ဆောင်ရန်ရှောင်ရန် ဟောစာတမ်း
Zawgyi
တနင်္ဂနွေ
တနင်္လာ
အင်္ဂါ
ဗုဒ္ဓဟူး၊ရာဟု
ကြာသပတေး
သောကြာ
စနေ
Zawgyi
Zawgyi
5,May .2022 တစ်နေ့တာလမ်းညွှန်ချက်၊ ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်းအကျဉ်း
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ကဆုန်လဆန်း(၆)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။ ခရစ်နှစ် ၂၀၂၂ခုနှစ်၊မေလ(၅)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့မှာ ကံကောင်းသောနေ့သားများ တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။ ကံညံ့သော နေ့သားများကတော့ စေန၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။ ဒီနေ့မှာ အဖြူရောင်၊ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို အထူး အေလးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၁၊ ၂) ဂဏန်း တွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဘုရားရှင်ကို သောက်တော်ရေ ကပ်ပြီးမှသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်လုံးကြီးကြော် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း
တနင်္ဂနွေ
စိတ်ရဲ့ စွမ်းဆောင်ရည်တွေမြင့်မားနေတတ်ပါတယ်။ စိတ်ရဲ့ခိုင် မာမှုတွေရှိလာပါလိမ့်မယ်။ အပေါင်းအသင်းတွေနဲ့ အပျော်အပါးလိုက်စားခြင်းမျိုးရှောင်လိုက်ပါ။ အလုပ်နဲ့ပတ် သက်ရင် နေရာသစ်မှာတာဝန်ထမ်းဆောင်ရတာမျိုးတွေ ကြုံရတတ်ပါတယ်။
ဌာနဆိုင်ရာနှင့်ပတ်သက်သောလုပ်ငန်း မ်ား အခက်အခဲများတတ်ပါတယ်။ ကြက်ခွေးကြောင်ငှက်စတဲ့ တနင်္လာနံသတ္တဝါများစတင်မွေးမြူလို့ လုံးဝမ ကောင်းသေး ပါဘူး။ ငွေပေးငွေယူ အလြန္သတိရွိပါ။ ပြဿနာရှုပ် ရတတ်ပါတယ်။ မိသားစုအတွင်းပျော်စရာအချိန် လေးတွေ ကိုဖန်တီးနိုင်မဲ့နေ့ရက်ပါပဲ။
တနင်္လာ
ပညာရေးနဲ့ပတ်သက်ပြီး စာမေးပွဲကိစ္စတွေ ၊အင်တာဗျူး ကိစ္စတွေအထူးကောင်းပါတယ်။ ကျန်းမာရေးနှင့်ဆေးစစ်ခြင်း၊ ဆေးစားခြင်း၊ သမားတော်နဲ့ပြသခြင်းမျိုးတွေ အထူး ကောင်းပါတယ်။ လုပ်ချင်တဲ့ကိစ္စတွေကို အချိန်ပေးပြီးတော့လုပ်ကိုင်သွား နိုင်ပါလိမ့်မယ်။ ငွေကြေးလာဘ်လာဘလဲ ရွှင်ပါလိမ့်မယ်။
အောက်လက်ငယ်သားဝန်ထမ်းများ ခန့်အပ်သင့်တဲ့နေ့ရက်ပါပဲ။ ဒီနေ့ ကံမြင့်နေတဲ့အတွက် အလုပ်အကိုင်အကြံအစည်တွေကို စတင်လုပ်ကိုင်ကြံစည်ခြင်းမျိုးအထူးပဲကောင်းပါတယ်။ စက်ပစ္စည်း ဝယ်လို့ အထူးကောင်းတဲ့နေ့ပါပဲ။ ဒီနေ့ဝယ်လိုက်တဲ့ စက်ပစ္စည်းဟာမိမိလက်ထဲမှာအကျိုးပေးပါလိမ့်မယ်။
အင်္ဂါ
မိမိဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်သွားနိုင်ပါတယ်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းတွေပြည့်စုံမဲ့နေ့ရက်ပါပဲ။ ချစ်ရသူကို ချစ်စကားပြောနိုင်သလို မိမိကို purpose လုပ်ထားတဲ့သူတွေကိုလဲ အဖြေပြန်ပေးလို့ကောင်းတဲ့နေ့ရက်ပါပဲ။
လူချစ်လူခင် မ်ားသလို၊ ကူညီမဲ့သူတွေ တွေများတတ်ပါတယ်။ လေနဲ့ရင်းရတဲ့ အလုပ်များလဲအဆင်ပြေတတ်တဲ့နေ့ရက်ပါပဲ။ အိမ်ထောင် သည်များ အပျော် အပါးကိုလျော့သင့်ပါပဲ။ မကောင်းတဲ့နေရာများ ၊မကောင်းတဲ့ သူမ်ားကို အဓိကရှောင်ကြဉ်ရမဲ့နေ့ရက်ပါပဲ။ မိမိဆိုင် မိမိလုပ်ငန်းများ လူများများကျပြီး အဆင်ပြေမဲ့နေ့ရက်ပါပဲ။
ဗုဒ္ဓဟူး၊ရာဟု
အလုပ်တွေကများ၊ စိတ်ပင်ပန်းလူပင်ပန်းရပေမဲ့ အစစအရာရာကူ ညီပေးမဲ့မိတ်ဆွေကောင်းတွေရှိနေတတ်ပါတယ်။ သားသမီးတွေရဲ့အကူအညီတွေလဲ အများကြီးရတတ်ပါတယ်။ ကျန်းမာရေးကတော့ အစာမကြေဘဲဗိုက်အောက် ဗိုက်နာဖြစ်ရတတ်ပါတယ်။
ကျန်းမာရေးမပေါ့သင့်တဲ့နေ့ရက်ပါပဲ။ ငွေလက်ထဲထားရင် အကုန်ထွက်တတ်တဲ့နေ့ပါပဲ။ ဝယ်စရာခြမ်းစရာတွေရှိရင် ဒီနေ့ရှောင်ပါ။ ဝယ်ချင်တာတွေများ ကို လက်ထဲရှိတဲ့ငွေ ကုန်သွားတတ်တဲ့နေ့ရက်မို့ပါ။ အလုပ်အကိုင်အကြံအစည်တွေနဲ့ ပက်သက်ပြီး လုပ်ဖော်ကိုင် ဖက်တွေဆီကအကြံ ဉာဏ်ယူပါ။ ရလဒ်ကောင်းတွေ ရလာတတ်ပါတယ်။
ကြာသပတေး
ရပ်ဝေးကနေသတင်းကောင်းကြားရတတ်ပါတယ်။ ခရီးကောင်းများသွားရတတ်ပါတယ်။ ကုန္သြယ္စီးပြားမ်ားအထူး အကျိုးပေးပါလိမ့်မယ်။ငွေကြေးကံတွေကောင်းနေ တတ်ပါတယ်။သားသမီးတွေကြောင့်လဲစိတ်ချမ်းသာရပါလိမ့်မယ်။
ဘဏ်လုပ်ငန်းများ ၊ငွေကြေးဝန်ဆောင်မှုလုပ် ငန်းများအထူးကောင်းပါတယ်။ online စီးပွားရေးများအရောင်းအဝယ်တိုး တတ်ပါလိမ့်မယ်။ အချိန်ကာလ ကြာမြင့်စွာ ပြဿနာအခက်အခဲမျိုးရှိရင်တော့ ဒီနေဟာဖြေရှင်းလို့ပြီးမြောက်သွား တတ်ပါတယ်။ အိမ်ထောင်ရေး အလွန် သာယာပျော်ရွှင်စရာကောင်းတဲ့နေ့ရက်ပါပဲ။
သောကြာ
အခက်အခဲတွေကိုကောင်းစွာကျော်လွှားသွားနိုင်ပါလိမ့်မယ်။ ဒါပမဲ့သတိထားရမှာတော့ ကျန်းမာရေးနဲ့ပက်သက်ပြီး အထူး သတိထားရမယ်။ သွေးတိုး၊ဆီးချို၊သွေးချိုရောဂါရှိသူ များဝေဒနာတိုးတတ်ပါတယ်။ လမ်းများများလျှောက်ပေးသင့်တဲ့ နေ့ရက်ပါပဲ။
ငွေကြေးအကုန်အကျတွေအလွန်များ တတ်ပါတယ်။ လက်ကားအလုပ်များအထူးအားနည်းပါတယ်။ အခြားအချင်းအရာထက် ဒီနေ့မှာမှားယွင်းတဲ့ငွေ ကြေးမြုပ်နှံမှုတွေမရှိအောင် သေချာစဉ်းစားတွေးခေါ်ပြီးမှလုပ်ကိုင်ပါ။ ဆရာတု ဆရာယောင်၊ဘိုးတော်တု၊ နတ်ကတော်အတုဆိုတာမျိုးတွေနဲ့ကြုံရတတ်တဲ့အတွက် သတိထားပြီးတော့ နေထိုင်လုပ်ကိုင်ပါ။
စေန
စီးပွားရေးနှင့်ပတ်သက်ပြီးတော့ အားထည့်သွားနိုင်ပါ လိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ငွေအစုလိုက်ဝင်တတ်ပါတယ်။ အားနည်းချက်တစ်ခုကအိမ်ထောင်ရေးညံ့နေပါ တယ်။ အိမ်ထောင်ဘက်နဲ့ စကားများပြဿနာတက်လွယ်တဲ့နေ့ရက်ပါပဲ။
ရပ်ဝေးရောက်နေတဲ့ မိတ်ဆွေတွေဆီက လက်ဆောင်များလဲ ရလွယ်ပါတယ်။ မြုပ်နေသောငွေများ ပြန်ပေါ်လာပါလိမ့်မယ်။ ဆုံးမဲ့ထင်တဲ့ ငွေများလဲ ပြန်လည်ရရှိလာတတ်ပါတယ်။ အထားမှားနေသော ၊ပျောက်ရှနေသော ပစ္စည်းများ ပြန်လည်တွေ့ရှိရမဲ့ နေ့မျိုးပါပဲ။ကျန်းမာရေးကတော့ ခေါင်းမူးခေါ်င်းကိုက် ဇက်ကြောတတ်တာမျိုးဖြစ်လွယ်ပါတယ်။ Crd- ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 09775555695