News

ရဲဘော်ဇော်ဝင်းထွဋ် လေးရက်မြောက်နေ့တွင် ဒဏ်ရာများဖြင့် အသက်ရှင်လျက်ပြန်တွေ့

ါငံခါးရွာတိုက်ပွဲတွင်းပျောက်ဆုံးခဲ့သော ရဲဘော်ဇော်ဝင်းထွဋ် လေးရက်မြောက်နေ့တွင် ဒဏ်ရာများဖြင့် အသက်ရှင်လျက်ပြန်တွေ့

ရဲခေါင်/People’s Spring

ဒေါငံခါးရွာတိုက်ပွဲအတွင်း ပျောက်ဆုံးခဲ့သော ရဲဘော် ဇော်ဝင်းထွဋ်အား လေးရက်မြောက်နေ့တွင် ဒဏ်ရာများဖြင့် အသက်ရှင်လျက်ပြန်လည်တွေ့ရှိကြောင်း DMO-Local PDF က ထုတ်ပြန်သည်။

ဧပြီ ၃၀ ရက်က ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒီးမော့ဆို Local PDF တပ်ဖွဲ့ ဗျူဟာ (၃)မှ A ၊B၊ F၊ J တပ်ရင်းတပ်ခွဲ အချို့၊အလယ်ပိုင်းတိုင်း (၁၁၀၂) ပူးပေါင်းတပ်ဖွဲ့ကြားတိုက်ပွဲ၌ ရဲဘော်ဇော်ဝင်းထွဋ်မှာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

 

ထို့ကြောင့် ပျောက်ဆုံးခဲ့သော ရဲဘော် မောင်ဇော်ဝင်းထွဋ်ကို DMO-Local PDF ဗျုဟာ(၃) ရှိ A၊B၊F၊J တပ်ရင်းတပ်ခွဲအချို့မှ လေးရက်တိတိလိုက်လံရှာဖွေခဲ့သည်။

တိုက်ပွဲဖြစ်ပွားပြီး လူစုကွဲသွားမှုကြောင့် တပ်ရင်း (A)တွင် တာဝန်ထမ်းဆောင်ခဲ့သော ရဲဘော်မောင်ဇော်ဝင်းထွဋ်ကို ယနေ့(မေ ၄ ရက်)ညနေ ၅ နာရီခန့်တွင် ပြင်းထန်သောဒဏ်ရာဖြင့် ပြန်လည်တွေ့ရှိခဲ့ကြောင်း အသိပေးသည်။

ရဲဘော်မောင်ဇော်ဝင်းထွဋ်သည် လေးရက်တိတိ အစာမစားရဘဲရှိနေခဲ့ပြီး ၎င်း၏ သတ္တိ၊ ဇွဲ၊ လုံလ၊ ဝိရိယသည် တပ်ဖွဲ့အနေဖြင့် ဝမ်းမြောက်စွာ ဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

 

လက်ရှိတွင်ရဲဘော်မောင်ဇော်ဝင်းထွဋ်ကို ဘေးကင်းရာသို့ပို့ဆောင်၍ ဆေးကုသပေးနေပြီဟုလည်းပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက ဆိုသည်။

ါငံခါး႐ြာတိုက္ပြဲတြင္းေပ်ာက္ဆုံးခဲ့ေသာ ရဲေဘာ္ေဇာ္ဝင္းထြဋ္ ေလးရက္ေျမာက္ေန႕တြင္ ဒဏ္ရာမ်ားျဖင့္ အသက္ရွင္လ်က္ျပန္ေတြ႕

ရဲေခါင္/Peoples Spring

ေဒါငံခါး႐ြာတိုက္ပြဲအတြင္း ေပ်ာက္ဆုံးခဲ့ေသာ ရဲေဘာ္ ေဇာ္ဝင္းထြဋ္အား ေလးရက္ေျမာက္ေန႕တြင္ ဒဏ္ရာမ်ားျဖင့္ အသက္ရွင္လ်က္ျပန္လည္ေတြ႕ရွိေၾကာင္း DMO-Local PDF က ထုတ္ျပန္သည္။

ဧၿပီ ၃၀ ရက္က ကရင္နီ(ကယား)ျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ေဒါငံခါးေက်း႐ြာတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ႏွင့္ ဒီးေမာ့ဆို Local PDF တပ္ဖြဲ႕ ဗ်ဴဟာ (၃)မွ A ၊B၊ F၊ J တပ္ရင္းတပ္ခြဲ အခ်ိဳ႕၊အလယ္ပိုင္းတိုင္း (၁၁၀၂) ပူးေပါင္းတပ္ဖြဲ႕ၾကားတိုက္ပြဲ၌ ရဲေဘာ္ေဇာ္ဝင္းထြဋ္မွာ ေပ်ာက္ဆုံးခဲ့ျခင္း ျဖစ္သည္။

ထို႔ေၾကာင့္ ေပ်ာက္ဆုံးခဲ့ေသာ ရဲေဘာ္ ေမာင္ေဇာ္ဝင္းထြဋ္ကို DMO-Local PDF ဗ်ဳဟာ(၃) ရွိ A၊B၊F၊J တပ္ရင္းတပ္ခြဲအခ်ိဳ႕မွ ေလးရက္တိတိလိုက္လံရွာေဖြခဲ့သည္။

တိုက္ပြဲျဖစ္ပြားၿပီး လူစုကြဲသြားမႈေၾကာင့္ တပ္ရင္း (A)တြင္ တာဝန္ထမ္းေဆာင္ခဲ့ေသာ ရဲေဘာ္ေမာင္ေဇာ္ဝင္းထြဋ္ကို ယေန႕(ေမ ၄ ရက္)ညေန ၅ နာရီခန႔္တြင္ ျပင္းထန္ေသာဒဏ္ရာျဖင့္ ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း အသိေပးသည္။

ရဲေဘာ္ေမာင္ေဇာ္ဝင္းထြဋ္သည္ ေလးရက္တိတိ အစာမစားရဘဲရွိေနခဲ့ၿပီး ၎၏ သတၱိ၊ ဇြဲ၊ လုံလ၊ ဝိရိယသည္ တပ္ဖြဲ႕အေနျဖင့္ ဝမ္းေျမာက္စြာ ဂုဏ္ျပဳေၾကာင္းလည္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။

 

လက္ရွိတြင္ရဲေဘာ္ေမာင္ေဇာ္ဝင္းထြဋ္ကို ေဘးကင္းရာသို႔ပို႔ေဆာင္၍ ေဆးကုသေပးေနၿပီဟုလည္းျပည္သူ႕ကာကြယ္ေရးတပ္-ဒီးေမာ့ဆိုက ဆိုသည္။