Local News

အရာေတာ္တြင္ PDF စခန္း ၆ ခု စီးနင္းခံရ

အရာတော်တွင် PDF စခန်း ၆ ခု မီးရှို့ဖျက်ဆီးခံရ၊ လက်နက်အင်အားမရှိသဖြင့် တော်လှန်ရေးခက်ခဲနေဟု ပြော

အရာတော် – မေ ၅၊ ၂၀၂၂။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းခြောက်ခုကို မေလ ၂ ရက်နေ့ နံနက် ၆ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အရာတော်စွန်ရဲ၊ Monywa Fighter Group၊ Black Dragon Special Task Force နှင့် ညီနှောင်မဟာမိတ် အခြေဆိုက်တပ်စခန်း ခြောက်ခုကို အင်အား ၁၀၀ ခန့်ပါရှိသည့်

စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု Monywa Fighter Group ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ဇာနည်က The 74 Media ကိုပြောသည်

သူတို့လက်နက်ကြီးတွေနဲ့ ငါးချက်၊ ခြောက်ချက်လောက် အာပီဂျီ တွေရော စိန်ပြောင်းတွေရော ပစ်ပြီးတော့ ရွာထဲကိုဝင်လာတယ်။

ဝင်လာတဲ့အချိန်ကျတော့ ကျွန်တော်တို့ စခန်းတွေကို မြင်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ် လက်နက်ခဲယမ်းမရှိရင် ကျွန်တော်တို့တော်လှန်ရေးခက်ဦးမှာ ဟုပြောသည်။

အရာတော်မြို့နယ်ရှိ မလဲသာရွာနှင့် ကန်ရင်းရွာကိုလည်း မေလ ၂ ရက်နေ့က အိမ်ခြေစုစုပေါင်း ၈၀၃ အိမ်ခန့်ကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့သည်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုလည်း ယမန်နေ့ နံနက် ၅ နာရီခန့်က ဝင်ရောက်စီးနင်းခံရပြီး PDF တပ်ဖွဲ့ဝင်များ၏ လက်လုပ်သေနတ်၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်မိုင်းအပါအဝင် ကားနှင့် ဆိုင်ကယ်များ သိမ်းဆည်းခံခဲ့ရသည်။ Crd- The 74 Media

Zawgyi

အရာေတာ္တြင္ PDF စခန္း ၆ ခု မီးရွို႔ဖ်က္ဆီးခံရ၊ လက္နက္အင္အားမရွိသျဖင့္ ေတာ္လွန္ေရးခက္ခဲေနဟု ေျပာ

အရာေတာ္ – ေမ ၅၊ ၂၀၂၂။

စစ္ကိုင္းတိုင္း အရာေတာ္ၿမိဳ႕နယ္ရွိ ျပည္သူ႔ကာကြယ္ေရးတပ္စခန္းေျခာက္ခုကို ေမလ ၂ ရက္ေန႔ နံနက္ ၆ နာရီခြဲခန႔္က စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား မီးရွို႔ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

အရာေတာ္စြန္ရဲ၊ Monywa Fighter Group၊ Black Dragon Special Task Force ႏွင့္ ညီေႏွာင္မဟာမိတ္ အေျခဆိုက္တပ္စခန္း ေျခာက္ခုကို အင္အား ၁၀၀ ခန႔္ပါရွိသည့္

စစ္ေကာင္စီစစ္ေၾကာင္းက မီးရွို႔ဖ်က္ဆီးခဲ့ျခင္းျဖစ္သည္ဟု Monywa Fighter Group ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွ ဗိုလ္ဇာနည္က The 74 Media ကိုေျပာသည္

သူတို႔လက္နက္ႀကီးေတြနဲ႔ ငါးခ်က္၊ ေျခာက္ခ်က္ေလာက္ အာပီဂ်ီ ေတြေရာ စိန္ေျပာင္းေတြေရာ ပစ္ၿပီးေတာ့ ရြာထဲကိုဝင္လာတယ္။

ဝင္လာတဲ့အခ်ိန္က်ေတာ့ ကၽြန္ေတာ္တို႔ စခန္းေတြကို ျမင္ၿပီး မီးရွို႔ဖ်က္ဆီးခဲ့တယ္ လက္နက္ခဲယမ္းမရွိရင္ ကၽြန္ေတာ္တို႔ေတာ္လွန္ေရးခက္ဦးမွာ ဟုေျပာသည္။

အရာေတာ္ၿမိဳ႕နယ္ရွိ မလဲသာရြာႏွင့္ ကန္ရင္းရြာကိုလည္း ေမလ ၂ ရက္ေန႔က အိမ္ေျခစုစုေပါင္း ၈၀၃ အိမ္ခန႔္ကို စစ္ေကာင္စီတပ္မွ မီးရွို႔ဖ်က္ဆီးခဲ့သည္။

ေျမာင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္စခန္းတစ္ခုလည္း ယမန္ေန႔ နံနက္ ၅ နာရီခန႔္က ဝင္ေရာက္စီးနင္းခံရၿပီး PDF တပ္ဖြဲ႕ဝင္မ်ား၏ လက္လုပ္ေသနတ္၊ လက္လုပ္စိန္ေျပာင္း၊ လက္လုပ္မိုင္းအပါအဝင္ ကားႏွင့္ ဆိုင္ကယ္မ်ား သိမ္းဆည္းခံခဲ့ရသည္။ Crd- The 74 Media