မလေးရှားကို ပုတ်ခတ်ဖို့ စစ်ကောင်စီမှာ ဘာဩဇာမှမရှိဘူးလို့ အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ ဥက္ကဋ္ဌ ပြောကြား
လာမယ့်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တင်သွင်းဖို့ရှိနေတဲ့ အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အလွတ်သဘော တွေ့ဆုံ ဆက်ဆံလုပ်ကိုင်သင့်တယ်ဆိုတဲ့ အဆိုပြုချက်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ထောက်ခံသင့်တယ်။
ဒီမိုကရေစီနည်းလမ်းနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆီက အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ မြန်မာတနိုင်ငံလုံးကို ပရမ်းပတာဖြစ်စေခဲ့သူပါ။ သူတို့အာဏာတည်မြဲဖို့ ရက်စက်မှုပေါင်းစုံ ကျူးလွန်နေကြတာပါ။
မလေးနိုင်ငံခြားရေးဝန်ကြီးကို အဲဒီလို စွပ်စွဲရအောင် ဒီလို စစ်ကောင်စီမှာ ကိုယ်ကျင့်သိက္ခာပိုင်းအရ ဘာ သြဇာမှမရှိပါဘူး။credit
အာဆီယံ ပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) ဥက္ကဋ္ဌ Charles Santiago