News

ကျဆုံး PDF များအတွက် NUG က ငွေတိုက်စာချုပ်ဝယ်ပေးမည်

ကျဆုံး PDF များအတွက် NUG က ငွေတိုက်စာချုပ်ဝယ်ပေးမည်

ရန်ကုန်၊ မေ (၅)

လူငယ့်ခေတ်

တော်လှန်ရေးအတွင်း အသက်ပေးခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ၏ ကျန်ရစ်သူမိသားစုများအတွက် ငွေတိုက်စာချုပ် (Bond) များ ဝယ်ယူပေးမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်လိုက်သည်။

ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ကြီးမြတ်စွာ အသက်ပေးခဲ့ကြသည့် PDF များကို ဂုဏ်ပြုမှတ်တမ်းတင်ခြင်းနှင့် ကျန်ရစ်သူမိသားစုများ၏ အစားထိုးမရသည့် ဆုံးရှုံးမှုအတွက် တစ်စုံတစ်ရာ ဖြေသိမ့်ပေးနိုင်ရန် “ဒို့ … နွေဦးသူရဲ့ကောင်းများအတွက် ငွေတိုက်စာချုပ်” အစီအစဉ်ကို PDF တစ်နှစ်ပြည့်နေ့ဖြစ်သည့် ယနေ့တွင် စတင်ပြလုပ်မည်ဟု ဆိုသည်။

ကျန်ရစ်သူမိသားစုများ၏ ဘဝနောင်ရေးအတွက် စောင့်ရှောက်မှု တစ်စုံတစ်ရာပေးနိုင်ရန် အသက်ရှင်ကျန်ရစ်နေကြသူများတွင် တာဝန်ရှိသည်ဟုခံယူခြင်းကြောင့် ကျဆုံးခဲ့သည့် PDF မိသားစုဝင်များကို ဝိုင်းဝန်းစောင့်ရှောက်ကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါထောက်ပံမှုကို PVTV ၏ YouTube Channel ဖြစ်သည့် youtube.com/c/pvtvmyanmar ဝင်ငွေများမှ NUG Bond များကို တစ်လလျှင် (၃) ဦးနှုန်းအတွက် ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျန်ရစ်သူ မိသားစုတွေအတွက် Bond ဝယ်ယူပေးမည်သူရှိပါကလည်း PVTV က ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနများနှင့် ချိတ်ဆက်ကာ ဝယ်ယူပေးသွားမည်ဖြစ်ပြီး ဝယ်ယူပေးချင်ကြသူများရှိပါက https://facebook.com/ourspringheroes Facebook Page ၏ Messenger Bot မှတဆင့် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ယနေ့ PDF (၁) နှစ်ပြည့်သည့်အချိန်တွင်လည်း တပ်ရင်း၊ တပ်ဖွဲ့ပေါင်း (၂၅၇) ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီး မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များကို လည်း မြို့နယ်ပေါင်း (၂၅၀) တွင် စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဟု NUG က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီတပ်ကို အနားမပေးဘဲ စစ်အာဏာရှင်များ ပြည်သူ့ရှေ့မှောက်၌ ဒူးထောက်အညံ့ခံရသည့်အချိန်အထိ အရှိန်မြှင့် တိုက်ခိုက်ကြရန်အချိန်ရောက်ရှိလာပြီဟုလည်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ယနေ့ပြောဆိုထားသည်။

က်ဆဳံး PDF မ်ားအတြက္ NUG က ေငြတိုက္စာခ်ဳပ္ဝယ္ေပးမည္

ရန္ကုန္၊ ေမ (၅)

လူငယ့္ေခတ္

ေတာ္လွန္ေရးအတြင္း အသက္ေပးခဲ့သည့္ ျပည္သူ႕ကာကြယ္ေရးတပ္မေတာ္သားမ်ား၏ က်န္ရစ္သူမိသားစုမ်ားအတြက္ ေငြတိုက္စာခ်ဳပ္ (Bond) မ်ား ဝယ္ယူေပးမည္ဟု NUG ကာကြယ္ေရးဝန္ႀကီးဌာနက ယေန႕ထုတ္ျပန္လိုက္သည္။

ျပည္သူ႕ခုခံတြန္းလွန္စစ္အတြင္း ႀကီးျမတ္စြာ အသက္ေပးခဲ့ၾကသည့္ PDF မ်ားကို ဂုဏ္ျပဳမွတ္တမ္းတင္ျခင္းႏွင့္ က်န္ရစ္သူမိသားစုမ်ား၏ အစားထိုးမရသည့္ ဆုံးရႈံးမႈအတြက္ တစ္စုံတစ္ရာ ေျဖသိမ့္ေပးနိုင္ရန္ ဒို႔ ႏြေဦးသူရဲ႕ေကာင္းမ်ားအတြက္ ေငြတိုက္စာခ်ဳပ္ အစီအစဥ္ကို PDF တစ္ႏွစ္ျပည့္ေန႕ျဖစ္သည့္ ယေန႕တြင္ စတင္ျပလုပ္မည္ဟု ဆိုသည္။

က်န္ရစ္သူမိသားစုမ်ား၏ ဘဝေနာင္ေရးအတြက္ ေစာင့္ေရွာက္မႈ တစ္စုံတစ္ရာေပးနိုင္ရန္ အသက္ရွင္က်န္ရစ္ေနၾကသူမ်ားတြင္ တာဝန္ရွိသည္ဟုခံယူျခင္းေၾကာင့္ က်ဆဳံးခဲ့သည့္ PDF မိသားစုဝင္မ်ားကို ဝိုင္းဝန္းေစာင့္ေရွာက္ၾကရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

အဆိုပါေထာက္ပံမႈကို PVTV ၏ YouTube Channel ျဖစ္သည့္ youtube.com/c/pvtvmyanmar ဝင္ေငြမ်ားမွ NUG Bond မ်ားကို တစ္လလွ်င္ (၃) ဦးႏႈန္းအတြက္ ဝယ္ယူေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ က်န္ရစ္သူ မိသားစုေတြအတြက္ Bond ဝယ္ယူေပးမည္သူရွိပါကလည္း PVTV က ကာကြယ္ေရးဝန္ႀကီးဌာန၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈဝန္ႀကီးဌာနမ်ားႏွင့္ ခ်ိတ္ဆက္ကာ ဝယ္ယူေပးသြားမည္ျဖစ္ၿပီး ဝယ္ယူေပးခ်င္ၾကသူမ်ားရွိပါက https://facebook.com/ourspringheroes Facebook Page ၏ Messenger Bot မွတဆင့္ ဆက္သြယ္ဝယ္ယူနိုင္ေၾကာင္း ထုတ္ျပန္ထားသည္။

ယေန႕ PDF (၁) ႏွစ္ျပည့္သည့္အခ်ိန္တြင္လည္း တပ္ရင္း၊ တပ္ဖြဲ႕ေပါင္း (၂၅၇) ရင္းကို ဖြဲ႕စည္းတည္ေထာင္နိုင္ခဲ့ၿပီး ၿမိဳ႕နယ္အေျချပဳ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕ (ပကဖ) မ်ားကို လည္း ၿမိဳ႕နယ္ေပါင္း (၂၅၀) တြင္ စနစ္တက် ဖြဲ႕စည္းနိုင္ခဲ့ၿပီးဟု NUG က ထုတ္ျပန္ထားသည္။

ထို႔ျပင္ စစ္ေကာင္စီတပ္ကို အနားမေပးဘဲ စစ္အာဏာရွင္မ်ား ျပည္သူ႕ေရွ႕ေမွာက္၌ ဒူးေထာက္အညံ့ခံရသည့္အခ်ိန္အထိ အရွိန္ျမႇင့္ တိုက္ခိုက္ၾကရန္အခ်ိန္ေရာက္ရွိလာၿပီဟုလည္း ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္က ယေန႕ေျပာဆိုထားသည္။