မႏၲေလး PDF တစ္ခုျဖစ္တဲ့ အနက္ေရာင္ေသမင္းအဖြဲ႕မွ မႏၲေလးၿမိဳ႕အား ထပ္မံစြန႔္ခြာ
ေမ ၅၊ PDF Newsflash
မႏၲေလးၿမိဳ႕အေျခစိုက္ PDF အဖြဲ႕တစ္ခုျဖစ္တဲ့ အနက္ေရာင္ေသမင္း ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ဟာ မႏၲေလးၿမိဳ႕ကို စြန႔္ခြာသြားၿပီျဖစ္ေၾကာင္း သိရပါတယ္။
ထို႔ျပင္ အရက္ဆိုင္၊ ဘီယာဆိုင္၊ ဘား ႀကိဳက္ရာလုပ္နိုင္ၿပီျဖစ္ပါသည္၊ မငဲ့ပါနဲ႔ ဘာျဖစ္လဲ ကိုယ္ပါသာေပ်ာ္တာပဲ ဟုတ္တယ္မို႔လား၊ တစ္ခုပဲ က်ဆုံးတဲ့ရဲေဘာ္ေတြ
ဆႏၵျပရင္း က်ဆုံးခဲ့တဲ့ သူရဲေကာင္းေတြ ကိုယ္ခ်င္းစာပါ မိသားစုထဲ ကမပါသ၍ ညိမ္းခ်မ္းေနတဲ့ၿမိဳ႕ႀကီးေရ ဟု စိတ္မေကာင္းစြာျဖင့္ ေဖာ္ျပထားပါတယ္။
အနက္ေရာင္ေသမင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ အေနျဖင့္ မႏၲေလးၿမိဳ႕အား စြန႔္ခြာသြားေသာ္လည္း ေတာ္လွန္ေရးအား ရပ္တန႔္ျခင္းမရွိဘဲ တျခားတစ္ေနရာသို႔ ေျပာင္းေရႊ႕၍
ဆက္လက္ေတာ္လွန္ကာ မႏၲေလးၿမိဳ႕သို႔ ေအာင္ပြဲရမွ ျပန္လာမည္ျဖစ္ေၾကာင္းႏွင့္ ျပည္သူမ်ားဂ႐ုစိုက္ေနၾကရန္ မွာၾကား၍ စြန႔္ခြာသြားပါတယ္။ အလားတူ ယမန္ေန႔ ေမလ ၄ ရက္ေန႔တြင္လည္း Dragon Warrior အဖြဲ႕က မႏၲေလးၿမိဳ႕အား စြန႔္ခြာသြားခဲ့ပါတယ္။ Crd- PDFNewsflash
မန္တလေး PDF တစ်ခုဖြစ်တဲ့ အနက်ရောင်သေမင်းအဖွဲ့မှ မန္တလေးမြို့အား ထပ်မံစွန့်ခွာ
မေ ၅၊ PDF Newsflash
မန္တလေးမြို့အခြေစိုက် PDF အဖွဲ့တစ်ခုဖြစ်တဲ့ အနက်ရောင်သေမင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဟာ မန္တလေးမြို့ကို စွန့်ခွာသွားပြီဖြစ်ကြောင်း သိရပါတယ်။
ထို့ပြင် အရက်ဆိုင်၊ ဘီယာဆိုင်၊ ဘား ကြိုက်ရာလုပ်နိုင်ပြီဖြစ်ပါသည်၊ မငဲ့ပါနဲ့ ဘာဖြစ်လဲ ကိုယ်ပါသာပျော်တာပဲ ဟုတ်တယ်မို့လား၊ တစ်ခုပဲ ကျဆုံးတဲ့ရဲဘော်တွေ
ဆန္ဒပြရင်း ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေ ကိုယ်ချင်းစာပါ မိသားစုထဲ ကမပါသ၍ ညိမ်းချမ်းနေတဲ့မြို့ကြီးရေ ဟု စိတ်မကောင်းစွာဖြင့် ဖော်ပြထားပါတယ်။
အနက်ရောင်သေမင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် မန္တလေးမြို့အား စွန့်ခွာသွားသော်လည်း တော်လှန်ရေးအား ရပ်တန့်ခြင်းမရှိဘဲ တခြားတစ်နေရာသို့ ပြောင်းရွှေ့၍
ဆက်လက်တော်လှန်ကာ မန္တလေးမြို့သို့ အောင်ပွဲရမှ ပြန်လာမည်ဖြစ်ကြောင်းနှင့် ပြည်သူများဂရုစိုက်နေကြရန် မှာကြား၍ စွန့်ခွာသွားပါတယ်။ အလားတူ ယမန်နေ့ မေလ ၄ ရက်နေ့တွင်လည်း Dragon Warrior အဖွဲ့က မန္တလေးမြို့အား စွန့်ခွာသွားခဲ့ပါတယ်။ Crd- PDFNewsflashu