News

“မြေကွက်ပိုင်ရှင် အဝေးရောက်နေချိန် လူလိမ်က မြေကွက်ကို ခြံခတ်ပြီး သိန်း(၃၀၀၀) နှင့် ရောင်းခဲ့တဲ့အဖြစ်”

City mark နားက မမေ မြေကွက် ကို အရောင်းအဝယ် လုပ်နေတာ တွေ့ခဲ့တယ် မမေ ပြန်ရောင်း လိုက်ပြီလား ဆိုပြီး …. ကျမကို သိတဲ့ ပွဲစားတယောက်က ရုံးကို ဖုန်းဆက်လာတယ် …..

💥 ချက်ခြင်း သွားကြည့်ခိုင်းတော့ ခြံခတ် ထားတာ တွေ့ရတာပဲ 🤭

💥 ဒါနဲ့ ခြံစည်းရိုး ခေတ် သွားတဲ့ သူ ရဲ့ ဖုန်းနံပါတ် ကို စုံစမ်းပြီး သူ့ဆီ ဖုန်းဆက် လိုက်တယ် … မြေကွက်ရောင်းမယ် ကြားလို့ပါ , ဘယ်လောက်လဲ ပေါ့ …. သူက …အိမ်ဂရံ တွေ ပြောက်နေလို့ အပြောက်လျှောက်ထားတယ် ..

သတင်းစာထဲ တော့ ကန့်ကွက် ရန် ရှိ /မရှိ ထည့်ပြီးပြီ တဲ့ … ခု ယူမယ်ဆို ( သိန်း ၃၀၀၀ ) , စာရွှက် တွေ ရမှဆို ( သိန်း ၆၀၀၀ ) တဲ့ 🙄 😤
💥 ကျမ လဲ စိတ်ဝင်စားတယ် စာရံ ချမယ် ရပ်ကွက် ရုံးကို လာခဲ့ ပါလို့ ခေါ်လိုက်တယ် ….အဲ့နေ့က တော်တော် ရှင်းလိုက်ရတယ် , သူခိုးတွေ ပေါ်မလာကြပါဘူး … စာရှည်မှာ မို့မရေးတော့ဘူးနော်

💥 ပိုင်ရှင်က နိုင်ငံခြားမှာ ရောက်နေတယ် ဆိုတဲ့ သတင်းကို ပွဲစားတွေ သိထားတော့ …. ခုလို ခိုးရောင်းဖို့ လုပ်ကြတော့တာပဲ 😤

💥 အဝေးရောက် ပိုင်ရှင်များ အထူး သတိထား ကြပါ , ဘေးအိမ်တွေကို အပ်ထားကြပါ

#Edit ဖုန်းထဲ မှာ ပြော သေးတယ် 🤔 ခြံစည်းရိုးခတ် ထားတဲ့ ကုန်ကျငွေ ( 15 သိန်း ) ပြန်ပေးတဲ့ 🤗 ဒီကလဲ ပြန်ပေးချင်လွန်းလို့ လာယူပါ ပြောတာ လာမယူကြဘူး 🤩😃

မြေကွက် ဝယ်မယ့်သူတွေအတွက် သတိထားနိုင်အောင် တင်ပြပေးလိုက်ပါတယ်

May Angel




 



 




May Angel